Trending Now

နယူဇီလန် စူပါမားကတ်တွေမှာ ပလတ်စတစ်အိတ် အသုံးပြုမှုပိတ်ပင်

Spread the love

နယူဇီလန် စူပါမားကတ်တွေမှာ ပလတ်စတစ်အိတ် အသုံးပြုမှုပိတ်ပင်

EPN
နိုင်ငံတကာ၊ ဇူလိုင် ၄

နယူးဇီလန်ဟာ စူပါမာကတ်တွေမှာ ပလတ်စတစ်အိပ်အသုံးပြုမှုကို ပိတ်ပင်တားမြစ်တဲ့ ကမ္ဘာ့ ပထမဆုံးနိုင်ငံဖြစ်လာပြီး ဟင်းသီးဟင်းရွက်ထုတ်ပိုးလေ့ရှိတဲ့ ပါးလွာတဲ့ ပလတ်စတစ်အိတ်တွေကိုပါ ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

စနေ့နေ့က စတင်အသက်ဝင်ခဲ့တဲ့ အဆိုပါ လှုပ်ရှားမှုဟာ တစ်ခါသုံး ပလတ်စတစ်အသုံးပြုမှုကို ဆန့်ကျင်တဲ့ အစိုးရလှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

နယူးဇီလန်မှာ ၂၀၁၉ ခုနှကတည်းက စတိုးဆိုင်အများစုမှာ ပလတ်စတစ်အိပ် အသုံးပြုမှုကို ပိတ်ပင်ခဲ့ပြီးနောက် ဈေးဝယ်သူအများစုဟာ ပစ္စည်းထည့်ဖို့ သူတို့ရဲ့ ကိုယ်ပိုင်အိတ်တွေကို ယူဆောင်လာခဲ့ရပါတယ်။

“နယူးဇီလန်က အမှိုက်တွေ အရမ်းများပြီး ပလတ်စတစ်အမှိုက်တွေ အများကြီးထုတ်ပါတယ်” လို့ သဘာဝပတ်ဝန်းကျင် ဝန်ကြီး Rachel Brooking ကပြောကြားခဲ့ပါတယ်။

ပိုထူတဲ့ ပလတ်စတစ်အိတ်တွေကို တားမြစ်တဲ့ ဥပဒေ ၂၀၁၉ ခုနှစ်က စတင်အသက်ဝင်ခဲ့ပြီးနောက် ပလတ်စတစ်အိတ်ပေါင်း တစ်ဘီလီယံကျော်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သူမက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဒီလှုပ်ရှားမှုအသစ်ဟာ တစ်နှစ်ကို ပလတ်စတစ်အိတ် သန်း ၁၅၀ အသုံးပြုမှုကို တားဆီးနိုင်မယ်လို့ အာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။

“တစ်ခါသုံးထုပ်ပိုးမှုမှန်သမျှကိုကျွန်မတို့ တကယ်လျှော့ချချင်ပါတယ်၊ ဒါကြောင့် လူတွေက သူတို့ကိုယ်ပိုင်အိတ်တွေ ယူလာစေချင်တယ်၊ ပြီးတော့ စူပါမားကတ်တွေမှာ ပြန်သုံးလို့ရတဲ့ အိတ်တွေကို ရောင်းပေးတယ်” လို့ မစ္စ Brooking ပြောကြားခဲ့ပါတယ်။

Ref; BBC

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။