Trending Now

ဧရာဝတီတိုင်းဒေသကြီးမှာ ငှက်ပျောချည်မျှင် အသုံးပြုပြီး Mask နှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မည်

Spread the love

ဧရာဝတီတိုင်းဒေသကြီးမှာ ငှက်ပျောချည်မျှင် အသုံးပြုပြီး Mask နှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မည်

EPN
ပုသိမ်၊ မတ်လ ၁၇

ဧရာဝတီတိုင်းဒေသကြီးမှာ ငှက်ပျောချည်မျှင်ကို အသုံးပြုပြီးတော့ Mask အပါအဝင် လူသုံးကုန်ပစ္စည်းများကို ယခုနှစ်အတွင်းမှာ စတင်ထုတ်လုပ်နိုင်ဖို့ စီစဉ်လျက်ရှိတယ်လို့ ဧရာဝတီတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ သိရပါတယ်။

”ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ငှက်ပျောပင်အများအပြား စိုက်ပျိုးလျက်ရှိတယ် ဒါကြောင့်ငှက်ပျောပင် ပင်စည်မှထွက်ရှိသော ကုန်ကြမ်းပစ္စည်းနဲ့လူ့အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရောင်းချသွားဖို့ စီစဉ်နေတယ်။ ဧရာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၏ လမ်းညွှန်မှုနဲ့ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနက စီစဉ်ဆောင်ရွက်နေတာ ဖြစ်တယ်။ Mask နဲ့ အခြားပစ္စည်းတွေကိုထုတ်လုပ်မှာပါ။”‘လို့ ဧရာဝတီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနမှု ဦးစီးမှူးဦးစိုးနိုင်ထူးက ပြောပါတယ်။

ငှက်ပျောချည်မျှင်ကို အသုံးပြုပြီး လက်မှုပညာဖြင့် လူ့အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရောင်းချသွားဖို့ကို လက်မှုထည်ထုတ်လုပ်ခြင်းကို စီမံကိန်းချမှတ်၍ ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း အကောင်အထည်ဖော်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပြီး အဆိုပါ လုပ်ငန်းအကောင်အထည်ဖော်နိုင်ဖို့ရာအတွက် စိတ်ပါဝင်စားသူများကို အသေးစားစက်မှု လက်မှုဦးစီးဌာနရုံးမှာ သင်တန်းများခေါ်ယူသင်ကြား ပြသပေးနေတယ်လို့ သိရပါတယ်။

ငှက်ပျောပင်မှ စွန့်ပစ်ပစ္စည်းဖြစ်သည့် ပင်စည်ကို အသုံးပြုကာ ငှက်ပျောချည်မျှင်ဈေးကွက်ဝင် တန်ဖိုးမြင့် ထုတ်ကုန်ပစ္စည်းအဖြစ် ကိုဗစ်-၁၉ကာကွယ်ရေးသုံးပစ္စည်း ဖြစ်သော နှာခေါင်းစည်း Mask များကိုပါ ထုတ်လုပ်သွားဖို့ပြင်ဆင်နေပြီး အဝတ်အထည်၊လက်ကိုင်အိတ်၊ ဖိနပ်နဲ့စက္ကူစတဲ့ အသုံးအဆောင်ပစ္စည်းများ ကိုလည်း ထုတ်လုပ်သွားဖို့ စီစဉ်ဆောင်ရွက်နေပြီလို့ သိရပါတယ်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။