Trending Now

ဖိလစ်ပိုင်ငါးဖမ်းသင်္ဘောနှင့် တရုတ်ကုန်တင်သင်္ဘော တိုက်မိပြီးနောက် ဖိလစ်ပိုင်လူမျိုး ၁၂ ဦး ထက်မနည်း ပျောက်ဆုံးနေ

Spread the love

ဖိလစ်ပိုင်ငါးဖမ်းသင်္ဘောနှင့် တရုတ်ကုန်တင်သင်္ဘော တိုက်မိပြီးနောက် ဖိလစ်ပိုင်လူမျိုး ၁၂ ဦး ထက်မနည်း ပျောက်ဆုံးနေ

EPN
နိုင်ငံတကာ၊ ဇွန် ၂၉

ယမန်နေ့နံနက်ပိုင်းက ငါးဖမ်းလှေတစ်စင်းနှင့် နိုင်ငံခြား ကုန်တင် သင်္ဘောတို့ တိုက်မိခဲ့ရာ ဖိလစ်ပိုင်နိုင်ငံသား ၁၂ ဦး ထက်မနည်း ပျောက်ဆုံးခဲ့ကြောင်း ဖိလစ်ပိုင်မီဒီယာများက ဖော်ပြထားသည်။

အဆိုပါဖြစ်ရပ်မှာ ဖိလစ်ပိုင်နိုင်ငံ အနောက်မြောက်ပိုင်းကမ်းခြေ အိုစီဒန်တယ်မင်ဒိုရိုပြည်နယ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင်ဝက်ဘ်ဆိုဒ်များက ဖော်ပြခဲ့သည်။

ပျောက်ဆုံးသူများမှာ အမှုထမ်း၁၂ဦးနှင့် ကုမ္ပဏီဝန်ထမ်းနှစ်ဦး ပါဝင်ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ကို ကိုးကား၍ အဆိုပါဝက်ဘ်ဆိုဒ်များက ဖော်ပြခဲ့ကြခြင်းဖြစ်သည်။

ငါးဖမ်းလှေ၏ပါးလွှာသည့် ကိုယ်ထည်ကို နံနက်၁၀နာရီအချိန်ခန့်တွင် တွေ့ရှိခဲ့သည်ဆိုခဲ့သော်လည်း ပျောက်ဆုံး တံငါသည် ၁၂ဦးနှင့် ကုမ္ပဏီဝန်ထမ်းနှစ်ဦးကို မတွေ့ရှိကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရေး၏ နောက်ဆုံးထုတ်ပြန်ချက်အရ တိုက်မိခဲ့သည့် သင်္ဘောတစ်စင်းမှာ တရုတ်ကုန်တင်သင်္ဘော ဖြစ်ပြီး ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသအလံကို လွှင့်ထူထားကြောင်း သိရသည်။

တနင်္ဂနွေနေ့ ညနေပိုင်းတွင် ရေစီးပြင်းထန်မှုကြောင့် ရှာဖွေမှုကို ရပ်ဆိုင်းထားခဲ့သော်လည်း ယနေ့ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့မှူးက ပြောကြားခဲ့ သည်။

အဆိုပါအဖြစ်အပျက်သည် ပါလန်မြို့ မှ ၂၄ ကီလိုမီတာအကွာတွင် ဖြစ်ပွားခဲ့ကြောင်း ဖိလစ်ပိုင်ဝက်ဘ်ဆိုဒ်က ဖော်ပြခဲ့သည်။

–ကိုးကား–
စီဂျီတီအင်န်
Ref; At least 12 Filipinos missing in boat collision with Chinese ship


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။