Trending Now

အမေရိကန်ပေါ့ပ်ကြယ်ပွင့် ရီဟားနားက ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရန် ဒေါ်လာ ၅ သန်း လှူဒါန်း

Spread the love

အမေရိကန်ပေါ့ပ်ကြယ်ပွင့် ရီဟားနားက ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရန် ဒေါ်လာ ၅ သန်း လှူဒါန်း
 

EPN
နိုင်ငံတကာ၊ မတ် ၂၂

အမေရိကန် ပေါ့ပ်အဆိုတော် ရီဟားနား တည်ထောင်ထားသည့် ကလာရာလီယွန်နယ်ဖောင်ဒေးရှင်းက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတိုက်ဖျက်ရန် ဒေါ်လာ ၅ သန်း လှူဒါန်းလိုက်သည်။

အသက် ၃၂ နှစ်အရွယ် ရီဟားနားမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါတိုက်ဖျက်ရန် ငွေကြေးလှူဒါန်းသည့် ထင် ရှားကျော်ကြားသူများတွင် ပါဝင်လာခဲ့သည်။

ဒေါ်လာ ၅ သန်းကို ဆင်းရဲသော အသိုင်းအဝိုင်းများအတွက် အစားအသောက်ဘဏ်များ၊ ဖွံ့ဖြိုးမှုနည်းပါး သော တိုင်းပြည်များတွင် စမ်းသပ်ကိရိယာများ၊ ကျန်းမာရေးလုပ်သားများအတွက် အကာအကွယ်ပေးရေး ကိရိ ယာများ၊ လေ့ကျင့်မှုများ၊ အသက်ရှုကိရိယာများ ဖြန့်ဖြူးမှုတို့အတွက် သုံးစွဲမည်ဟု ဖောင်ဒေးရှင်းဝဘ်ဆိုဒ်တွင် ဖော်ပြသည့် ထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။

ကလာရာလီယွန်နယ်ဖောင်ဒေးရှင်းက Direct Relief, Feeding America နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့ပါဝင်သော ပရိဟိတအဖွဲ့များနှင့် လက်တွဲဆောင်ရွက်မည်ဖြစ်သည်။

“ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ အင်အားအကြီးမားဆုံး လက်နက်တစ်ခုကတော့ ကြိုတင်ပြင်ဆင်မှုဆိုတာ ကျွန်တော်တို့ သိပါတယ်” ဟု ထုတ် ပြန်ချက်က ဆိုသည်။

ရီဟားနားက သူ၏ အဘိုးအဘွားများဖြစ်သည့် ကလာရာနှင့် လီယွန်နယ်ဘရိတ်ဝိတ်တေး တို့ကိုဂုဏ်ပြု ကာ ကလာရာလီယွန်နယ်ဖောင်ဒေးရှင်းကို ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။

–ကိုးကား–ဒေလီနယူးစ်
Ref; Rihanna’s foundation donates $5 million to fight coronavirus


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။