Trending Now

တရုတ်က ထိုင်ဝမ်တဝိုက်မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပြီး ဘိုင်ဒင်ကို သတိပေး

Spread the love

တရုတ်က ထိုင်ဝမ်တဝိုက်မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပြီး ဘိုင်ဒင်ကို သတိပေး

EPN
နိုင်ငံတကာ၊ မေ ၂၇

ဘိုင်ဒင်က အမေရိကန်ရဲ့ ရပ်တည်ချက်ကို ထုတ်ဖော်ပြောဆိုပြီးနောက် တရုတ်စစ်တပ်ဟာ ထိုင်ဝမ်အနီးတစ်ဝိုက်မှာ လေကြောင်းနဲ့ ရေကြောင်း စစ်ရေးလေ့ကျင့်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး အမေရိကန်ကို သတိပေးလိုက်ပါတယ်။

တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ ထိုင်ဝမ်ကို တရုတ်က ကျူးကျော်လာရင် ခုခံကာကွယ်ဖို့ တပ်ဖွဲ့တွေ စေလွှတ်မယ်လို့ အမေရိကန် သမ္မတက အရိပ်အမွက် ထုတ်ဖော်ပြောဆိုပြီး နောက်တစ်နေ့မှာပဲ စတင်ခဲ့တာပါ။

စီအင်အေ သတင်းဌာနရဲ့ ဖော်ပြချက်အရ ထိုင်ဝမ်ကျွန်းတစ်ဝိုက်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က လေကြောင်း နဲ့ ပင်လယ်ပြင် ကင်းထောက်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ရေးလေ့ကျင့်မှုတွေဟာ အမေရိကန် နဲ့ ထိုင်ဝမ်တို့ကြားက ပူးပေါင်းဆောင်ရွက်မှုတွေကို ပြင်းထန်စွာ သတိပေးလိုက်တာဖြစ်တယ်လိုပ တရုတ်စစ်တပ် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ က ပြောပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဂျပန်နိုင်ငံကို ခရီးစဉ်အတွင်း ပြောကြားခဲ့တဲ့ ထိုင်ဝမ်ကို တရုတ်နိုင်ငံက တိုက်ခိုက်လာပါက ကာကွယ်ပေးဖို့အတွက် အမေရိကန်က စစ်အင်အား စေလွှတ်သွားမယ်လို့ ပြောဆိုခဲ့တာပါ။

ဒါ့ကြောင့် အမေရိကန် အစိုးရကို တရုတ်အစိုးရက ပြင်းပြင်းထန်ထန် မကျေနပ်ကြောင်း ထုတ်ဖော်ပြောဆိုတဲ့ အထိ လက်တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်က ကျူးကျော်ရင် ထိုင်ဝမ်ကို ကာကွယ်ဖို့ အမေရိကန်တပ်တွေ စေလွှတ်မယ်ဆိုတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ မှတ်ချက်စကားတွေကို တရုတ်အာဏာပိုင်တွေက ပြင်းထန်စွာ သတိပေးလိုက်ပါတယ်။

Source – CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။