Trending Now

မကွေးမြို့ ကန်သာကန်ဘောင်တွင် ချိန်ကိုက်မိုင်း ပြုလုပ်နေစဥ် ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံး

Spread the love

မကွေးမြို့ ကန်သာကန်ဘောင်တွင် ချိန်ကိုက်မိုင်း ပြုလုပ်နေစဥ် ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံး

EPN
မကွေး၊ မတ် ၇ (၂၀၂၄)

မကွေးမြို့၊ ကန်သာရပ်ကွက်၊ ကန်သာကန်ဘောင် အရှေ့ဘက် ထိုင်ခုံပေါ်၌ ချိန်ကိုက်မိုင်း ပြုလုပ်နေစဥ် ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးကာ တစ်ဦးမှာ ဒဏ်ရာများဖြင့် ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ မတ်လ ၆ ရက်နေ့၊ ညနေ ၂ နာရီခွဲ အချိန်ခန့်တွင် မကွေးမြို့၊ ကန်သာရပ်ကွက်၊ ကန်သာကန်ဘောင် အရှေ့ဘက် ထိုင်ခုံပေါ်၌ ထက်ရှိင်းအောင် (ဘ) ဦးစန်းဦး၊ စက်ရုံရပ်ကွက်၊ အောင်လံမြို့နယ်နေသူနှင့် ဟိန်းထက်နိူင် (ဘ) ဦးဝင်းတင့်၊ ၂၈လမ်း၊ ရန်နိူင်ရပ်ကွက်၊ မကွေးမြို့နေသူ နှစ်ဦးတို့သည် ကန်သာကန်ဘောင်ပေါ်၌ ချိန်ကိုက်မိုင်း ပြုလုပ်နေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ချိန်ကိုက်မိုင်း ပေါက်ကွဲမှုကြောင့် ထက်ရှိုင်းအောင်မှာ မိုင်းစထိမှန် ဒဏ်ရာဖြင့် နေရာတွင် သေဆုံးခဲ့ပြီး၊ ဟိန်းထက်နိူင်သည် မိုင်းစထိမှန် ဒဏ်ရာများဖြင့် ထွက်ပြေးသွားခဲ့ကြောင်း၊ ၎င်း ဖြစ်စဉ်နေရာသို့ တာဝန်ရှိသူများမှ သွားရောက်ကာ မိုင်းကိုရှင်းလင်းပေးခဲ့ပြီး၊ တရားခံအား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဇက်ကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။