Trending Now

မြစ်ကြီးနားမြို့တွင် ကားနှင့် ဆိုင်ကယ် (၃)စီးဆင့် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ကာ ကားမောင်းသူ ထွက်ပြေး

Spread the love

မြစ်ကြီးနားမြို့တွင် ကားနှင့် ဆိုင်ကယ် (၃)စီးဆင့် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ကာ ကားမောင်းသူ ထွက်ပြေး

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၈ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်တွင် ယမန်နေ့ ဇန်နဝါရီလ (၁၇)ရက်နေ့၊ ည ၇ နာရီ အချိန်ခန့်က ကားနှင့် ဆိုင်ကယ် (၃)စီးဆင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကာ ကားမောင်းသူ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အေးစေတီရပ်ကွက်အတွင်း ဒေသခေါ် ကြက်ခြေနီခြံအကျော်တွင် လမ်းကျောင်းအတိုင်း မောင်နှင်လာသည့် ဆိုင်ကယ်နှင့် အရှေ့မှ မျက်နာချင်းဆိုင်မောင်းနှင်လာသည့် မော်တော်ယာဥ်တို့ တိုက်မိရာ ထိုမှတစ်ဆင့် ယင်းကားမှာ နောက်ထပ် ဆိုင်ကယ် (၂)စီးအား ဝင်တိုက်မိခဲ့ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးက ပြောသည်။

” ကားက လဲ မျက်နာချင်းဆိုင်လမ်းကြောင်းအတိုင်း လာနေတာ။ ဆိုင်ကယ်ကလဲ မျက်နာချင်းဆိုင်လမ်းအတိုင်းလာတာ။ အဲ့ကနေ ဆိုင်ကယ်ကိုဝင်တိုက်ပြီး ရှေ့ကလာနေတဲ့ ဆိုင်ကယ် (၂)စီးကိုလည်း ဝင်တိုက်သွားတာ။ နောက်မှ တိုက်ခံလိုက်ရတဲ့ ဆိုင်ကယ်နှစ်စီးကတော့ လူထိခိုက်မများဘူး။ ဆိုင်ကယ်နည်းနည်းပါးပါးနဲ့ လူပွန်းပဲ့လောက်ပဲ ဖြစ်သွားတာ။ ပထမ တိုက်ခံလိုက်ရတဲ့ ဆိုင်ကယ်မောင်းတဲ့ သူကတော့ ခေါင်းအတော်လေး ထိသွားတယ်။ ကားသမားကတော့ တာဝန်မဲ့စွာပဲ အမြန်မောင်းပြီးထွက်ပြေးသွာတာ ” ဟု ၎င်းကပြောသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင် ဆိုင်ကယ်မောင်းနှင်သူ အသက် (၂၃)နှစ်အရွယ် ကိုရဝေအောင် ဆိုသူမှာ ဦးခေါင်းကွဲဒဏ်ရာဖြင့် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးတွင် စိုးရိမ်ရ အခြေအနေဖြင့် ပို့ဆောင်ထားရကြောင်း၊ ယင်းဖြစ်စဉ်တွင် ထွက်ပြေးသွားသည့် လန်ခရူဇာ ကားအဖြူရောင်ကို တာဝန်ရှိသူများမှ လိုက်လံစုံစမ်းလျက်ရှိကြောင်း သိရသည်။

အလားတူ ယမန်နေ့ ဇန်နဝါရီလ (၁၇)ရက်နေ့၊ ညနေ ၄ နာရီခန့်ကလည်း စီတာပူရပ်ကွက် ဂျပန်လမ်းတွင် ဆိုင်ကယ်နှစ်စီးတိုက်မှု ဖြစ်ပွားကာ အသက် (၄၀)အရွယ်ရှိ အမျိုးသမီးတစ်ဦး နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။