Trending Now

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လစီ နောက်ထပ်ပဋိပက္ခဖြစ်နေတဲ့နိုင်ငံကိုသွားရောက်ရန် စီစဉ် နေ

Spread the love

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လစီ နောက်ထပ်ပဋိပက္ခဖြစ်နေတဲ့နိုင်ငံကိုသွားရောက်ရန် စီစဉ် နေ

EPN

နိုင်ငံတကာ၊ စက်တင်ဘာ ၁၆

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လစီနဲ့ ကယ်လီဖိုးနီးယားပြည်နယ်က ဒီမိုကရက်တစ်အမတ် ဂျက်ကီစပီးယားတိုဟာ အာမေးနီးယားဝန်ကြီးချုပ် နစ်ကိုလ်းပါရှင်ယန်ကို ထောက်ခံမှုကို ထုတ်ဖော်ပြသတဲ့အ နေနဲ့ လာမယ့်သီတင်းပတ်အတွင်း အာမေးနီးယားနိုင်ငံကို သွားရောက်မယ်လို Politico သတင်းဌာနက ကြာ သာပတေးနေ့က ဖော်ပြလိုက်ပါတယ်။

လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့တဲ့ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားနိုင်ငံကြားက ပဋိပက္ခဖြစ်ပွားပြီး အချိန်တိုအ တွင်းမှာ အခုခရီးစဉ်ကိစ္စပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

နန်စီပယ်လစီဟာ ရုရှားကို ခုခံတိုက်ခိုက်နေတဲ့ ယူကရိန်းနိုင်ငံကိုထောက်ခံကြောင်းပြသဖိုအတွက် ဘာလင်မြို မှာကျင်းပမယ့် G7 လွှတ်တော်ဥက္ကဋ္ဌတွေအစည်းအဝေးကို တက်ရောက်ဖိုအတွက် ဂျာမနီနိုင်ငံမှာ ရောက်ရှိနေ ပါတယ်။

ဂျာမနီက အစည်းအဝေးပြီးရင် ပယ်လီစီဟာ အာမေးနီးယန်း-အမေရိကန် ဂျက်ကီစပီးယားနဲ့အတူ အာမေးနီး ယားနိုင်ငံမြိုတော် ယာရီဗန်ကို လေကြောင်းခရီးစဉ်နဲ့ သွားရောက်မှာဖြစ်ကြောင်း Politico က ပြောပါတယ်။

ကာလရှည်လုံခြုံရေးလုပ်ထုံးလုပ်နည်းတွေအရ နိုင်ငံတကာခရီးစဉ်နဲ့ပတ်သက်လို ကြိုတင်ပြီး အတည်ပြုတာ ငြင်းဆိုတာမျိုးမလုပ်ကြောင်း နန်စီပယ်လစီရဲ့ ဝန်ထမ်းဒုတိယအကြီးအကဲ ဒရူးဟမ်းမေးလ်က Politico သတင်း ဌာနကို ပြောကြားခဲ့ပေမဲ့ ဂျက်ကီစပီးယားရုံးကတော့ ဘာမှတုံပြန်ပြောဆိုခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့သြဂုတ်လအစောပိုင်းမှာတော့ တရုတ်နိုင်ငံက ကန့်ကွက်နေတဲ့ကြားထဲက နန်စီပယ်လစီဟာ ထိုင်ဝမ် ကျွန်းနိုင်ငံကို သွားရောက်ခဲ့ပါတယ်။

ပယ်လစီရဲ့ ထိုင်ဝမ်ခရီးစဉ်ကြောင့် အမေရိကန်နဲ့ တရုတ်နိုင်ငံကြားမှာ တင်းမာမှုတွေမြင့်တက်ခဲ့ပါတယ်။

အဇာဘိုင်ဂျန်ဟာ အင်္ဂါနေ့ အစောပိုင်းက နယ်စပ်တစ်လျှောက် အမြောက်တွေ၊ ဒရုန်းတွေနဲ့ စတင်တိုက်ခိုက်ခဲ့ တာဖြစ်ကြောင်း အာမေးနီးယားဘက်က စွပ်စွဲပြောဆိုထားပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်းမှာ နှစ်ဖက်စလုံးက တပ်ဖွဲဝင်တွေ ဒါဇင်နဲ့ချီပြီး သေဆုံးခဲ့ပါတယ်။

အာမေးနီးယာန်းဘက်က အာမေးနီးယားနိုင်ငံကိုယ်တိုင်အဖွဲဝင်နိုင်ငံအဖြစ်ပါဝင်ပြီး ရုရှားဦးဆောင်တဲ့ စုပေါင်း လုံခြုံရေးစာချုပ်အဖွဲ (CSTO) ကို အကူအညီတောင်းတဲ့အချိန်မှာ အဇာဘိုင်ဂျန်ဘက်က “လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး” ဆိုပြီး အဆိုပြုလာခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာရှိနေတဲ့ အဝေးရောက်အာမေးနီးယန်းတွေက အာမေးနီးယားအစိုးရကို ထောက်ခံပံ့ပိုးဖို အမေရိကန်အစိုးရကို တောင်းဆိုထားပါတယ်။

“အာမေးနီးယားနိုင်ငံဟာ ယူကရိန်းနိုင်ငံ လက်ခံရရှိတဲ့ ဂရုစိုက်မှုမျိုးကို မရရှိသေးပါဘူး။ အဲဒီလို ကူညီမှုမျိုးဟာ နိုင်ငံတကာဥပဒေကိုချိုးဖောက်ပြီး နိုင်ငံတကာနယ်စပ်ကို ဖြတ်ကျော်တဲ့ နိုင်ငံတစ်နိုင်ငံကို မီးမောင်းထိုးပြပါလိမ့် မယ်။” လို အမေရိက-အာမေးနီးယန်းလွှတ်တော် ပူးတွဲဥက္ကဋ္ဌ အန်တိုနီဘာဆာမီယန်က ပြောပါတယ်။

Ref: Pelosi to visit another hotspot – Politico


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။