Trending Now

ပရဟိတဝန်ကြီး (သို့မဟုတ်) ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ခြေစွမ်းပြနိုင်သူ

Spread the love

ပရဟိတဝန်ကြီး(သို့မဟုတ်) ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ခြေစွမ်းပြနိုင်သူ


ပရဟိတဝန်ကြီး(သို့မဟုတ်) ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ခြေစွမ်းပြနိုင်သူ

ဆောင်းပါး။မေ ၂၄၊ ၂၀၂၀
ကချင်ပြည်နယ်အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၁၁ ခုနှင့် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ပြည်နယ်အစိုးရမှာ အမြင့်ဆုံးအာဏာကို ရယူထားတဲ့ ဝန်ကြီးချုပ်ဒေါက်တာခက်အောင်ကဦးစီးပြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးဌာန၊ ဘဏ္ဍာ၊ အခွန်၊ စီမံကန်းနှင့် စီးပွားရေးဝန်ကြီးဌာန၊ လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ် နှင့် စက်မှုလက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်း အမြစ်ဝန်ကြီးဌာန၊ လူမှုရေးဝန်ကြီးဌာန၊ စည်ပင်ဝန်ကြီးဌာန၊ ဗမာတိုင်းရင်းသား ရေးရာဝန်ကြီး ရှမ်းရေးရာဝန်ကြီးဌာန၊ လီဆူတိုင်းရင်းသားရေး ရာဝန်ကြီးဌာန၊ ရဝမ်ရေးရာဝန်ကြီးဌာန တို့ဖြင့် ဖဲ့ွစည်း ထားပါတယ်။

လက်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေရာယူပြီး အုပ်ချုပ်ခဲ့တာ လေးနှစ်ကျော်ကြာ ကာလတစ်ခု ကို ရောက်ရှိခဲ့လေပြီ။ ကချင်ပြည်နယ်အစိုးရအဖဲ့ွရဲ့ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ ပြည်သူလူ ထုတွေက အားရကျေနပ်မှုအနေနဲ့ ပြောရမယ်ဆို ရာခိုင်နှုန်းတော်တော်ကို နည်းခဲ့ပါတယ်။ ဒါပေမယ့် အားလုံးးနည်းပါးကို ဆိုလိုခြင်းမဟုတ်ပါဘူး။ တစ်ချို့ဝန်ကြီးဌာန၊ ဝန်ကြီးတွေရဲ့ လုပ်ဆောင်မှုမှာတော့ အားရကျေနပ်ဖွယ်ရှိတယ်လို့ မြစ်ကြီးနား မြို့ မြို့မိမြို့ဖတွေက သုံးသပ်ပြောဆိုကြပါတယ်။
ကချင်ပြည်နယ်အစိုးရအဖွဲ့မှာတိုင်းရင်းသားရေးရာဝန်ကြီးဌာနလေးခုရှိပါတယ်။ဌာနဝန်ကြီးတွေနှင့် ရေးရာဝန်ကြီးတွေမှာ မတူညီတဲ့အချက်ရှိပါတယ်။ တိုင်းရင်းသားရေး ရာဝန်ကြီးဌာနတွေရဲ့ ဝန်ကြီးတွေဟာ ပြည်နယ်အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေကို ဝေဖန်ထိန်း ကျောင်းကြရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်အတွင်းမှာရှိတဲ့တိုင်းရင်းသားလူမျိုးများအရေးတွေကို အဓိကဦး စားပေး ဆောင်ရွက်ကြဖို့ဖြစ်ပါတယ်။ ပြည်နယ်အစိုးရအဖွဲ့ထဲက ဗမာ၊ ရှမ်း၊လီဆူနှင့် ရဝမ်ရေးရာ ဝန်ကြီးတွေထဲ က ပြည်နယ် အတွင်းခရီးအသွားဆုံး၊ လူထုတွေ့ဆုံပွဲအများဆုံး၊ ပရဟိတအလုပ်ဆုံး၊ မီဒီယာ အထိတွေ့ အများဆုံးပေါ့။ တစ်နည်းပြောရရင် မီဒီယာမကြောက်တဲ့ ဝန်ကြီးတစ်ဦး အကြောင်း ကို ဖေါ်ပြလိုပါတယ်။
ကချင်ပြည်နယ်လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဦးအားတီယောဟန်သည် ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာဇာတိဖြစ်ပြီး၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာတိုင်းရင်းသားမဲဆန္ဒနယ်ကနေဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးအရွေးခံခဲ့တဲ့ ဝန်ကြီးဖြစ်ပါတယ်။ ရွေးကောက်ပွဲကနေ အနိုင်ရပြီး ဝန်ကြီး တစ်ဦးအနေနဲ့ အစိုးရအဖွဲ့မှာနေပြီး လူထုအကျိုးဆောင်ရွက်ခဲ့တာဆိုရင်လေးနှစ်ကျော်ကြာ ကာလ တစ်ခုကို ဖြတ်သန်းခဲ့ပြီးဖြစ်ပါတယ်။

တိုင်းရင်းသားအရေးနှင့်ပတ်သက်ပြီးဆောင်ရွက်မှု
ကချင်ပြည်နယ်လီဆူတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ်စပြီးတာဝန်ယူထမ်းဆောင်ခဲ့တဲ့အချိန်က စပြီး ပြည်နယ်အတွင်း ဒေသခံတွေကို တိုင်းရင်းသားအရေးနဲ့ တိုင်းရင်းသားအချင်းချင်းစည်းစည်းလုံးလုံးနဲ့ နေထိုင်သွားလာရေး၊ တစ်နည်းပြောရင် တိုင်းရင်းသားရင်ကြားစေ့ရေးကိုအဓိက ဆောင်ရွက် ပေးခဲ့တယ်လို့ ဝန်ကြီးက ပြောတယ်။ အဲနောက်ပိုင်းမှာတော့ တိုင်းရင်းသားကာကွယ်စောင့်ရှောက်ရေးဥပဒေကို မြန်မာဘာသာကနေ လီဆူဘာသာပြန်ပြီး အုပ်ရေ သုံးထောင်ကို ထုတ်ဝေခဲ့တဲ့အပြင် ကမ္ဘာ့ လူ့အခွင့်အရေးကြေငြာစာတမ်းကိုလည်းဘာသာပြန် အုပ်ရေ ခြောက်ထောင်ကို ဖြန့်ဝေခဲ့တယ်လို့ ပြောပါတယ်။ အဲဒီ တိုင်းရင်းသားကာကွယ်ရေးဆိုင်ရာနည်းဥပဒေထွက်ရှိအောင်လည်းပါဝင် ဆောင်ရွက်ခဲ့တယ်။ အဲဒီဘာသာပြန်စာအုပ်တွေကို လီဆူလူမျိုးတွေအထိ ရောက်အောင် မြေပြင်ကွင်းဆင်း ပေးအပ်ခဲ့တဲ့အပြင် ဒီဥပဒေနှင့် ကြေငြာစာတမ်းတွေကိုလည်း နားလည်သဘော ပေါက်အောင် ရှင်း လင်းပြောခဲ့ပါတယ်။
တိုင်းရင်းသားတွေအခွင့်အရေးနှစ်နာဆုံးရှုံးမှုနှင့်ပတ်သက်ပြီးပြောရရင် ပြည်သူတွေအချို့အမြင်မှာ တော့ အားရကျေနပ်မှုမရှိတဲ့အပိုင်းရှိကောင်းရှိလိမ့်မယ်။ဒီကိစ္စနှင့် ပတ်သက်ပြီးတော့လည်း ဝန်ကြီး က တိုင်းရင်းသားရေးရာဝန်ကြီးဌာနနေနဲ့ကတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ဥပဒေအကြောင်းအရ ထိထိရောက်ရောက်လုပ်ဆောင်ပေးခဲ့တယ်လို့ပြောပါတယ်။
တိုင်းရင်းသားရေးရာဝန်ကြီးအနေနဲ့ကတော့သက်ဆိုင်ရာဝန်ကြီးဌာနတွေကိုညှိနှိုင်းရတယ်။ ဥပမာ စည်ပင်နဲ့ဆိုင်တဲ့ကိစ္စဆို စည်ပင်နဲ့ညှိနှိုင်းရတယ်။ မြေစာရင်းကိစ္စဆို ဆည်မြောင်းဝန်ကြီးနဲ့ သယံဇာ တနဲ့ ပတ်သက်တဲ့ဟာဆိုင် သယံဇာတနဲ့ ညှိနှိုင်းပေးတယ်။ ဒီကိစ္စဟာ ပေးသင့်တယ်မပေးသင့်ဘူး။ အမှုတွဲတွေကြန့်ကြာတာတွေရှိရင်ညှိနှိုင်းပေးတယ်။ ကျတော်တို့အနေနဲ့က သက်ဆိုင်ရာဝန်ကြီးဌာန တွေနဲ့ ညှိနှိုင်းဖို့ပဲတာဝန်ရှိတယ်။ဒါကို ခင်ဗျားက ဘာတွေလုပ်ပေးခဲ့တာလဲလို့ မေးခွန်းထုတ်တဲ့လူ ရှိကောင်းရှိမယ်။ သို့သော် အဲဒီဝန်ကြီးဌာနနဲ့ ကျတော့်ကြားမှာပဲ သိတယ်ဟု ဝန်ကြီး ဦးအားတီယောဟန်က ရှင်းပြခဲ့ပါတယ်။
ဒါ့အပြင်လီဆူဝန်ကြီးက လမ်းပန်းဆက်သွယ်ရေး အင်မတန်မှကို ခက်ခဲတဲ့ ခေါင်လံဖူးဒေသတွေမှာ ခြေလျင်လမ်းဖြင့် သွားရောက်ပြီး လူသစ်တွေရဲ့လိုအပ်ချက်တွေကိုနားထောင်ပြီး အတတ်နိုင်ဆုံး ဆောင်ရွက်ပေးခဲ့ပါတယ်။ အဲဒီဒေသခံတွေပိုင်ဆိုင်သင့်တဲ့အစုအဖွဲ့ပိုင်သစ်တောCF အကြောင်းနား လည်အောင်ရှင်းပြပြီး ဖွဲ့စည်းတည်ထောင်ပေးခဲ့ပါတယ်။
ဒါတင်မကပါဘူး။ဌာနဆိုင်ရာတွေအနေနဲ့လည်းမိမိတို့ဌာနဲ့ပတ်သက်တဲ့အရေးအကြောင်းတွေကို သိရှိနားလည်အောင် လေ့ကျင့်ကြဖို့ လမ်းညွန်ခဲ့ပါတယ်။ သူ့အနေနဲ့ တိုင်းရင်းသားဝန်ကြီးဖြစ်လို့တိုင်း ရင်းသားအရေးပဲလုပ်ပေးရမယ်ဆိုတဲ့စိတ်မထားဘဲ နိုင်ငံကို ချစ်တဲ့စိတ်၊ ပြည်သူကိုချစ်တဲ့စိတ်နဲ့ ခံယူပြီး ပညာပေးလမ်းညွန်ခဲ့တယ်လို့ ပြောပြပါတယ်။ အဓိကတော့ အားလုံးက ကိုယ့်နေရာမှာကိုယ့် တာဝန်တွေကို အောင်အောင်မြင်မြင်ဆောင်ရွက်ပေးကြဖို့အရေးကြီးဆုံးဖြစ်ပါတယ်။

ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှု၊ပရဟိတလုပ်ငန်း
လီဆူရေးရာဝန်ကြီးရဲ့လေးနှစ်တာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုကိုကြည့်မယ်ဆိုရင် အသေး စိတ် ရေးသားပြောပြဖို့က ခက်ခဲပါတယ်။ ဒေသဖံ့ွဖြိုးရေးလုပ်ငန်းလို့ဆိုရာမှာကျယ်ပြန့်တဲ့စကားရပ်ဖြစ်သလို သူ့ရဲ့ စွမ်းဆောင်ခဲ့မှုကလည်း ကျယ်ပြန်တဲ့အတွက်ကြောင့်ပင်ဖြစ်ပါတယ်။ဒီနေရာမှာ နှစ်ပိုင်းရှိ ပါတယ်။ အစိုးရအဖွဲ့၊ လွှတ်တော်ကိုစားလှယ် တွေ စတဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ဒေသဖွံ့ဖြိုး ရေး အပိုင်းကတော့ သူနဲ့ပဲသက်ဆိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ဒီနေရာမှာ သို့သော် ဝန်ကြီးကိုယ်ဆောင် ရွက်ခဲ့ တဲ့ အပိုင်းကို အကျဉ်းတင်ပြချင်ပါတယ်။
ဝန်ကြီးတစ်ဦးတည်းရဲ့စွမ်းဆောင်မှုအနေဖြင့်ခင်မင်တဲ့ မိတ်ဆွေအပေါင်းအသင်းတွေ၊ လုပ်ငန်းရှင် တွေဆီမှာ အလှူခံပြီး ပညာရေးကျောင်းနှစ်ခုကို RC ကျောင်းဆောင်အဖြစ် ဆောက်လုပ်လှူဒါန်းပေး ခဲ့ပါတယ်။ နောက်ပြီးတော့လည်း ပညာရေးကျောင်းဆောက်ပေးဖို့ ခြောက်ကျောင်းကို ဆောက်ပေးဖို့ အစီအစဉ်အသင့်ရှိနေတယ်လို့ သိရပါတယ်။ ဒါဟာ မွန်မြတ်တဲ့ ပညာရေးဒါပဲဖြစ်ပါတယ်။ လှူဒါန်းပေး ကမ်းကြတဲ့အလှူရှင်းအာလုံးနဲ့အတူဝန်ကြီးရဲ့ ကောင်းတဲ့ ဒါနတွေပဲလို့ ဆိုရမှာပါ။
အဲဒါအပြင်ကချင်ပြည်နယ် လီဆူတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ်စတင်တာဝန်ယူခဲ့တဲ့ အစိုးရသက် တမ်းမှာ ဟောင်ကောင်အခြေစိုက် Sower Action INGOနဲ့ ချိတ်ဆက်ခဲ့ပြီး ပြည်နယ်အတွင်း ဆင်း ရဲနွမ်း ပါးကလေးတွေကို ဆောင်းတွင်းဝတ်အနွေးထည်ကို အလှူခံပြီး လှူဒါန်းပံ့ပူးပေးခဲ့တယ်လို့ဝန်ကြီးက ပြောပါတယ်။  ပထမနှစ်မှာတင်အထည် ၃၀၀၀၊ ဒုတိယနှစ်သက်တမ်းမှာ အထည် ၆၀၀၀ ကို ပံ့ပူးပေး နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအနွေးထည်တွေကို ဆင်းရဲနွမ်းပါးကျောင်းနေကလေးတွေနဲ့တောင်ပေါ် ဒေသကလေးတွေကို လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ လူမျိုး၊ ဘာသာမရွေး လူတိုင်း ကို အတတ် နိုင်ဆုံးလှူဒါန်းပေးခဲ့ပါတယ်။
နောက်ပြီးအအေးဒဏ်ကြောင့် ညဘက်မှာ ကောင်းကောင်းမအိပ်နိုင်ဘဲ ငိုယိုနေရတဲ့ ကလေးသူငယ် တွေ အအေးဒဏ်ကို တောင့်ခံနိုင်ဖို့လို့ ပူတာအိုမြို့နယ် မိသားစုတွေကို မိသားစုခြုံဂွမ်းစောင် ၄၀၀၀ ကိုလည်း ထပ်မံလှူဒါန်းနိုင်ခဲ့တယ်လို့ဝန်ကြီးက ပီတိဖြာရင်း ရှင်းပြခဲ့ပါတယ်။
သူပြောတာကကျတော်နောက်တစ်ခေါက်ရောက်သွားတဲ့အခါမှာဝန်ကြီးရယ် အခုတော့ ကလေး တွေ အိမ်တိုင်းအိမ်တိုင်းမငိုတော့ဘူး။အရင်ကငိုတာက အေးလို့ ကလေးတွေက ခဏခဏနိုးလာပြီး ငိုတယ်တဲ့။လို့ ဝန်ကြီးက ရှင်းပြခဲ့ပါတယ်။
အစိုးရဒုတိယသက်တမ်းကာလမှာ ပူတာအိုမြို့မှာ သုံးရက်သာ ကျင်းပခဲ့တဲ့ လီဆူရိုးရာပွဲတော်ကို ပြည်ထောင်စုအဆင့် အကြီးအကဲတွေလာရောက်ချီးမြှင့်ခဲ့ပါတယ်။သုံးရက်ကျင်းပတဲ့ အဲဒီပွဲတော်မှာ တစ်ရက်ကို လူလေးသောင်းလောက်ရှိတယ်လို့ပြောပါ။အဲဒီပွဲကိုလည်း သူတစ်ဦးတည်းနဲ့ဆို ငွေရေး ကြေးရေးအခက်အခဲကြောင့် ကျင်းပနိုင်ခဲ့မှာမဟုတ်ပါဘူး။အဲဒီပွဲဖြစ်မြောက်ရေးအတွက်အဘက် ဘက်က ကူညီပေးကြတဲ့လူတစ်ဦးချင်းဆီကိုလည်းကျေးဇူးတင်ကြောင်းနဲ့သူတို့ရဲ့ ကျေးဇူးတွေဟာ မေ့ပျောက်လို့ မရနိုင်ကြောင်းကိုလည်း ဝန်ကြီးနဲ့ တွေ့ဆုံခိုက်အချိန်တွေမှာ ပြောပြလေ့ရှိပါတယ်။
အဲဒီပွဲအတွက်အစိုးရကသီးသန့်ကူညီတာတော့မရှိခဲ့ဘူး။ဒါကို ဘုရားသခင်က ဘယ်လိုကူညီ သလဲဆို အလွမ်းတောင်သတ္တုတူးဖေါ်ရေးကုမ္ပဏီကဦးလာဆီးက သိန်းသုံးရာကျော်၊ ရန်ကုန်က ဦးယောဆက်က သိန်းတစ်ရာကူညီတယ်။ ကုန်ကျသွားတဲ့ငွေသားကော၊ ပစ္စည်းဌားရမ်းတာအားလုံး ဆို သိန်းနှစ်ထောင်ကျော်ကုန်ကျခဲ့တယ်အဲမှာ ဦးတေဇကတော့ သိန်းတစ်ထောင် လောက်ကူညီတဲ့ သဘောဖြစ်ပါတယ်။ ဘာလို့လဲဆို သူ့ဟို တယ်မှာ လာတဲ့လူတွေကို အခမဲ့ Freeကူညီပေးတယ်လို့ပြောပြပါတယ်။
သူမှတ်မိသလောက်ပြောခဲ့တာကကျောက်မျက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊လုပ်ငန်းရှင်များဖြစ်တဲ့ဦးလောစန်း၊ ဖားကန့်က လုပ်ငန်းရှင်တွေအားလုံးက ကူညီပေးခဲ့သလို အခြားသော လူမျိုးမတူ၊ ဘာသာခြား လုပ်ငန်းရှင်တွေအားလုံးက ကူညီခဲ့တယ်လို့ပြောပါတယ်။ ဒီအကြောင်းအရာတွေကို ဘာလို့ပြောရသလဲဆို ဒါဟာ ဝန်ကြီးတစ်ပါးတည်းနဲ့ လုပ်ဆောင်နိုင်ခဲ့တာမဟုတ်ပါဘူး။အားလုံးပူး ပေါင်းပါဝင်ခဲ့တဲ့ အကျိုးရလာဒ်တွေကြောင့် အံ့သြစရာကောင်းလောက်အောင် အောင်မြင်ခဲ့တယ်ဆို တာကို ဖေါ်ပြလိုရင်း ဖြစ်ပါတယ်။
၈၈ပွင့်လင်းအဖွဲ့လို အဖွဲ့အစည်းအတွေ၊ အခြားသော လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး လမ်းပန်းဆက် သွယ်ရေးခက်ခဲပြီး ဝေးလံှခေါင်ဖျား ဒေသတွေမှာ နှစ်စဉ် တစ်နှစ်ကို အိမ်ခြေ သုံးရာလောက်အတွက် ကို ဆန်အခမဲ့ ကူညီပေးတာတွေလည်း လုပ်ပေးနေတယ်လို့ဆိုပါတယ်။ ဒါဟာလည်း လူမျိုး၊ ဘာသာ မရွေး ပရဟိတစိတ်ရင်းခံလို့ ကူညီပေးနေတဲ့ လုပ်ငန်းပဲဆိုတာ ပေါ်လွန်ခဲ့ပါတယ်။
ဒါ့အပြင်ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ကူညီမှုနဲ့ ပြည်နယ်အတွင်း သဘာဝဘေးဒဏ်သင့် ပြည်သူတွေ ဆင်းရဲနွမ်းပါး ပြည်သူတွေကို ရိက္ခာအခမဲ့ကူညီပေးခဲ့ပါတယ်။ပြည်သူလူထုကို မိမိနဲ့တစ်သားတည်း ရှိ  လို့သာဒီလိုဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ဆိုရမှာပါ။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဆိုတာတစ်နိုင်ငံ လုံးမှာ အဘက်ဘက်လိုအပ်နေတဲ့ ပြည်သူတွေကို အခမဲ့ပရဟိတ ကူညီပေးတဲ့ဖောင်ဒေးရှင်းဖြစ်ပါတယ်။
နောက်ပြီးဒုတိယနှစ်သက်တမ်းလောက်ကပြောရရင်လမ်းပန်းဆက်သွယ်ရေး အင်မတန်မှကို ခက်ခဲ တဲ့ ဆော့လော်မြို့နယ် လန်ဆယ်ဒေသမှာ ရေကြီးရေလျှံဖြစ်လို့ ရွာတွေမျှောပါသွားလို့ ဒေသခံတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ မိုင်တစ်ရာလောက်ရှိတဲ့နေရာမှာခြေလျင်နဲ့သွားပြီးတော့ကူညီပေးခဲ့ တယ်။ စီးဖို့အတွက် ရဟတ်ယာဉ်စီစဉ်ပေးတာတောင် လူအများကြီးစီးမရတဲ့အတွက် ကျန်တဲ့ ဌာန ဆိုင်ရာတွေကို စီးခိုင်းစေပြီး သူကိုယ်တိုင် တောင်တွေ၊ ရွံ့နွံတွေကြားကနေ ခြေလျင်ဖြင့် သွားရောက် ကူညီပေးခဲ့တာဆိုရင် အင်မတန်မှကို လေးစားဖွယ်ဖြစ်ရလေသည်။
နောက်ပြီးဝန်ကြီးရဲ့ ဦးဆောင်မှုကြောင့် ပြည်နယ်အဆင့် လီဆူဝန်ကြီးဖလား ဘောလုံးပြိုင်ပွဲတွေကို ကျင်းပပေးခဲ့ခြင်းကြောင့် လူငယ်တွေရဲ့ အားကစားစိတ်ဓာတ်ကို ထက်သန်စေခဲ့ပါတယ်။ အဲဒီနောက် ရှမ်းပြည်နယ်မှာ ပြည်နယ်အဆင့် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲတွေကိုသွားရောက်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ အနုပညာပိုင်းဆိုင်ရာမှာကော လီဆူအနုပညာရှင်အသင်းဖြစ်ပေါ်လာရေးတို့မှာအကြံညဏ် ပေးပါဝင်ခဲ့သလို လိုအပ်တဲ့အခါတိုင်းပါဝင် ကူညီပေးခဲ့ပါတယ်။ နဂို အနုပညာရှင်ဝါသနာပါသူ ပီပီ အနု ပညာသမားတွေကို မြေတောင်မြောက်ပေးခဲ့ပါတယ်။
မြစ်ကြီးနားမြို့မြို့တော်ခန်းမကြီးမှာမကြာသေးခင်ကမှ ကျင်းပခဲ့တဲ့ လီဆူဂိုဏ်းဂနပေါင်းစုံ ဆုတောင်း ပွဲဟာလည်း သူ့ရဲ့ အောင်မြင်မှုတစ်ခုလို့ ဆိုရမှာပါ။ အဲဒီပွဲမှာလည်း ငြိမ်းချမ်းရေးအတွက် ဆုတောင်း ပေးခဲ့ခြင်းဖြစ်သလို အသင်းတော်တိုင်း၊ လူငယ်တွေအတွက် စွမ်းရည်ပြိုင်ပွဲတွေ ကျင်းပပေးခဲ့ပါတယ်။
ပြည်သူလူထုနှင့်တေ့ွဆုံပွဲတွင် သွားရောက်လုပ်ဆောင်တဲ့အခါမှာလည်းလိုအပ်ရင် လိုအပ်သလို မိမိ အနေနဲ့ တတ်နိုင်သမျှ လှူဒါန်းခဲ့ပါတယ်။ အသေးစိတ်ကို ပြောရမယ်ဆိုရင် စာဖတ်သူ (နားဆင်သူ) တွေအနေရှည်လျားနေအုံးမှာမို့အကျဉ်းချုပ်ကိုသာ ဖေါ်ပြခြင်းဖြစ်ပါတယ်။ သူ့အနေနဲ့ ပရဟိတဆိုတာ ကို တော်တော့်ကို နားလည်သဘောပေါက်ထားပါတယ်။ ပရဟိတကို နားလည်သဘောပေါက်ရုံနဲ့ မရ ပါဘူး။ ပရဟိတဆိုတဲ့စကားလုံးအဓိပ္ပာယ်ကိုအကောင်အထည်ဖေါ်ရပါမယ်။

တိုင်းရင်းသားရေးရာဝန်ကြီးဌာနရဲ့သာမန်သုံးငွေဘတ်ဂျတ်
အစိုးရကတိုင်းရင်းသားရေးရာဝန်ကြီးဌာနတစ်ခုကိုတစ်နှစ်မှာ သာမန်သုံးငွေဟာ သိန်း ၉၀၀ သာ ချပေးထားတယ်လို့ပြောပါတယ်။ အဲဒီငွေကြေးပမာဏဟာ ကချင်တစ်ပြည်နယ်လုံး တိုင်းရင်းသား မဲဆန္ဒနယ်အားလုံးအတွက် လုံလောက်တဲ့ ငွေကြေးမဟုတ်ဘူးလို့ပြောပါတယ်။ဒါကြောင့် လီဆူဝန်ကြီးအနေနဲ့ကတော့ ပြည်တွင်းပြည်ပ အလှူရှင်တွေကနေ အလှူခံပြီး ဒေသခဖွံ့ဖြိုးရေး နှင့် ပရဟိတလုပ်ငန်းတွေမှာ ကူညီပေးခဲ့တာဆိုရင် လေးနှစ်တာ ကာလမှာ သိန်းပေါင်းသောင်းချီ ရှိခဲ့ပြီလို့ ပြောပါတယ်။ ဒါဟာ ပြည်သူကို ချစ်တဲ့စိတ်၊ တိုင်းပြည်ကို ချစ်တဲ့စိတ်တစ်ခုတည်းကြောင့်သာမိမိအကျိုးအတွက် မဟုတ်ဘဲ အများအကျိုးအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့ခြင်းပဲဖြစ်ပါတယ်။

ပြည်နယ်အစိုးရအပေါ်သုံးသပ်ချက်
ကချင်ပြည်နယ်အစိုးရဖွဲ့စည်းခဲ့ပြီးလေးနှစ်တာကာလအတွင်းမှာပြည်နယ်အစိုးရရဲ့ လုပ်ဆောင်ချက် အပေါ်မှာတော့ သူ့အနေနဲ့ ကျေနပ်အားရမှု လုံးဝမရှိခဲ့ဘူးလို့ ပြောပါတယ်။ ပြည်နယ်ဝန်ကြီးဌာန အချို့က ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ချက်တွေမှာအားမရခဲ့ဘူးလို့ပြောပါတယ်။အထူးသဖြင့် ပြည်သူ တွေက တင်ပြတောင်းခံလာတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ် ညှိနှိုင်းတဲ့ နေရာမှာ အခက်အခဲဖြစ်ရတဲ့ ဝန်ကြီးဌာနအချို့လည်း ရှိနေတယ်လို့ ပြောပါတယ်။
မာန်မာနနဲ့ ပြည်သူကို Image ပေးပြီးမှ တက်လာတဲ့ ဝန်ကြီးတစ်ချို့ကရှိနေတော့ ကျတော်က ဒီသက်တမ်းမှာ လုံးဝအားမရခဲ့ပါဘူး။ ဝန်ကြီးချုပ်ကလွဲရင် ကျန်တဲ့ဝန်ကြီးအားလုံးက အတူတူပဲ။ တစ်ခုနားလည်ရင် နှစ်ခုနားလည်ရင် အားလုံးပေါင်းစပ်ပြီးမှ လုပ်သွားရမယ်ဆိုရင် ပန်းတိုင်းကို ရောက် မှာဖြစ်ပါတယ် တစ်ခုလေးတော်တာနဲ့ နှစ်ခုလေးတော်တာနဲ့အားလုံးပြိုကွဲသွားလိမ့်မယ်လို့ဝန်ကြီး က အစိုးရအဖွဲ့နှင့် ပတ်သက်ပြီး သူ့အမြင်ကိုရှင်းပြခဲ့ပါတယ်။
သူချစ်ခင်တန်ဖိုးထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံနှင့် လက်ရှိ နိုင်ငံတော်သမ္မတတွေရဲ့ ပြောစကား တွေကို တွယ်ဖယ်ပြီး ပေါင်းစပ်ညှိနိုင်းလို့မရခဲ့ဝန်ကြီးဌာနတွေရှိနေတာကြောင့်ပြည်နယ်အစိုးရအပေါ် လူထုရဲ့ချစ်မြတ်နိုင်းခြင်းမရှိတာကိုလည်းခံရတယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။ များသောအား ဖြင့် Mind-setတွေပြုပြင်ဖို့လိုအပ်တယ်လို့ပြောပါတယ်။ဒါက ပြည်နယ် အစိုးရနဲ့ လေးနှစ်တာကာလ အတူတွဲ အလုပ်လုပ်ခဲ့တုန်းက ကြုံတွေ့ခဲ့ရတဲ့ သူ့ရဲ့ ကိုယ်တွေ့ကို ပြောပြ ခြင်းဖြစ်ပါတယ်။
အစိုးရပဲဖြစ်ဖြစ်၊အဖွဲ့အစည်းတစ်ခုခုပဲဖြစ်ဖြစ်အားလုံးက ပေါင်းစပ်ညှိနိုင်းတတ်တဲ့ စိတ်ထားရှိဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။ နိုင်ငံတစ်ခု၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဟာ အဖွ့ဲအစည်းတစ်ခု၊ တစ်ဦး တစ်ယောက်ကောင်းနေရုံ၊ တော်နေရုံဖြင့်မရပါ။ ဒါကြောင့် အားလုံးက ပူးပေါင်းလုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။
ပြည်နယ်အစိုးရလုပ်ဆောင်ချက်
ဒီလေးနှစ်တာကာလမှာပြည်နယ်အစိုးရအနေနဲ့ စီမံကိန်းတွေဆောင်ရွက်ရာမှာ၊တင်ဒါစနစ်ခေါ်ယူတဲ့ နေရာမှာ ဥပဒေနှင့်မညီခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခဲ့ခြင်းတွေရှိခဲ့တယ်လို့ ဝန်ကြီးက ပြောပါတယ်။ ဥပမာ မြစ်ကြီးနာပူတာအိုလမ်းပိုင်းက သတ်မှတ်ထားတဲ့ကာလမှာမပြီးတာတွေကိုကြပ်မတ်ဖို့ အား နည်းတာ။ မြစ်ကြီးနား၊ ဝန်ကြီးအိမ်ယာနားမှာဆောက်နေတဲ့ဘီလီယံနဲ့ချီတဲ့ အဆောက်အအုံတွေကို သတ်မှတ်တဲ့စည်းမျဉ်းနဲ့ မကိုက်ညီတာတွေရှိတယ်လို့ပြောပါတယ်။
နောက်ပြီးတစ်နိုင်ငံလုံးက သိထားတဲ့ ကချင်ပြည်နယ် ဖားကန့်ရတနာနယ်မြေက ခေါင်းပေါင်းကျင်း၊ မြေစာပုံကိစ္စဖြေရှင်းတဲ့ ကော်မတီအဖွဲ့မှာ ပြည်ထောင်စုဝန်ကြီးက တရားဝင်အမိန့်ကြော်ငြာစာနဲ့လီဆူ ဝန်ကြီးကို ဥက္ကဋ္ဌ တာဝန်ပေးခဲ့တယ်။ အဲဒီတာဝန်ကို ပြည်ထောင်စု သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအမိန့်စာမှာအဲဒီကော်မတီရဲ့ ဥက္ကဋ္ဌတာဝန်ကို သက်ဆိုင်ရာဝန်ကြီးက တာဝန်ယူလို့မရဘူးလို့ဖေါ်ပြထားတယ်လို့ပြောပါတယ်။
အဲဒီကော်မတီရဲ့ဥက္ကဋ္ဌတာဝန်ကို တစ်လကျော်လောက်တာဝန်ယူခဲ့ပြီးနောက်ကချင်ပြည်နယ်အစိုးရ အဖွဲ့က သူ့ကိုတစ်စုံတစ်ရာ အသိပေးအကြောင်းကြားတာမရှိဘဲနဲ့ဥက္ကဋ္ဌတာဝန်မှ ရပ်စဲလိုက်တယ်လို့ ပြောပါတယ်။ ဒါဟာ သူ့အနေနဲ့ တာဝန်ကို ပြောင်းလဲထမ်းဆောင်ရမယ်ဆိုရင်တောင်ဝန်ကြီးချုပ်အ နေနဲ့ ခေါ်ယူအသိပေးသင့်တယ်လို့ပြောပါတယ်။ဒီလို စာထုတ်အကြောင်းကြားတာ၊ ခေါ်ယူအသိပေး ခြင်းမရှိဘဲနဲ့ တာဝန်လွှဲပြောင်းရယူခဲ့တာဟာအစိုးရအဖွဲ့အတွင်းမှာပွင့်လင်းမြင်သာမှုမရှိဘူးလို့ဆိုလို ဖြစ်တယ်လို့ပြောပါတယ်။
ပြည်ထောင်စုဝန်ကြီးရဲ့ အမိန့်ကြောငြာစာမှာ သက်ဆိုင်ရာဝန်ကြီးဌာနက တာဝန်ယူလို့မရဘူးဆို တာပါတယ်။ အဲဒါကြောင့် ကျတော်ကို ရွေးချယ်ပြီး တာဝန်ပေးခဲ့တယ်။ဟုဝန်ကြီးက ပြောပါတယ်။

တိုင်ကြားစာကိစ္စ
လီဆူဝန်ကြီးဌာနကိုတိုက်ရိုက်လိပ်မူပြီးတိုင်ကြားလာတဲ့ ပြည်သူလူတွေရဲ့တိုင်ကြားစာဟာတစ်နှစ် ကို ၅၀ ကနေ ၁၀၀ကြားမှာရှိတယ်လို့ပြောပါတယ်။အဲဒီတိုင်ကြားစာတွေကိစ္စတွေထဲကမိမိတို့ တိုင်း ရင်းသားရေးရာဝန်ကြီးဌာနနဲ့ဆိုင်တဲ့ကိစ္စတွေကလွှဲလို့ကျန်တဲ့ တိုင်ကြားစာတွေကို သက်ဆိုင်ရာဝန် ကြီးဌာနတွေနဲ့ ညှိနှိုင်းပေးတယ်လို့ပြောပါတယ်။အဲဒီလို ညှိနှိုင်းပေးတဲ့အခါ တစ်ချို့ဝန်ကြီးတွေနဲ့ လွယ်လွယ်ကူကူပေါင်းစပ်ညှိနှိုင်းလို့အဆင်ပြေပေမယ့် တချို့ဝန်ကြီးအနေနဲ့ကတော့ သိပ်မလွယ်ကူ လှဘူးလို့ဆိုပါတယ်။ တိုင်းရင်းသားရေးရာဝန်ကြီးတွေအနေနဲ့ကတော့လူတွေ့ဆုံပွဲတွေ၊ မြေပြင်ကွင်း ဆင်းတွေ့ရှိချက်တွေကို ဖြေရှင်းပေးမယ်လို့ တစ်ထစ်ချ ကတိပေးလို့မတဲ့ အပိုင်းရှိနေပါတယ်။
ကချင်ပြည်နယ်အစိုးရအဖဲ့ွထဲကမြေပြင်လူထုတွေနဲ့ အထိအတွေ့အများဆုံးဝန်ကြီး၊ မီဒီယာတွေနဲ့ ပြောရေးဆိုရေးရှိတဲ့ဝန်ကြီး၊လူထုတွေ့ဆုံပွဲအများဆုံးလုပ်တဲ့ဝန်ကြီး၊ပရဟိတအလုပ်နိုင်ဆုံး ဝန်ကြီး အဲဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင် လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဦးအား တီယောဟန်ပဲဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ခရီးသွားတဲ့အခါတိုင်းလိုက်ပါပြီးကောင်းကောင်းမွန်မွန်စား သောက်နိုင်ဖို့ ချက်ပြုတ်ပေးသူကတော့ ဝန်ကြီးကတော် ဒေါ်ငွားအားချာပဲဖြစ်ပါတယ်။
ပညာရှင်တွေရဲ့အဆိုအမိန့်အရအောင်မြင်တဲ့အမျိုးသားတွေရဲ့နောက်ကွယ်မှာ ပံ့ပူးပေးနိုင်တဲ့ အိမ်ထောင်ရှင်မရှိတယ်ဆိုတဲ့အချက်တွေနဲ့လျော်ကံသင့်မြတ်ပါပေတယ်။အစိုးရဆိုတာ ပြည်သူ တွေရဲ့သားသမီးတွေဖြစ်တယ်လို့ဝန်ကြီးက မကြာခဏပြောလေ့ရှိပါတယ်။ အကြောင်းကတော့ မိဘ တွေအနေနဲ့ သားသမီးတွေခိုင် ခိုင်းစရာရှိရင် ခိုင်းပြီး လိုအပ်တဲ့အပိုင်းတွေမှာလည်းဆုံးမပေးကြပါလို့ တွေ့ဆုံပွဲတွေမှာ ပြောလေ့ရှိပါတယ်။
အစိုးရဆိုတာပရဟိတစိတ်ခံယူထားပြီးတိုင်းပြည်နှင့် လူထုကို ချစ်မြတ်နိုးဖု့ိအဓိကဖြစ်တယ်လို့ပြောပါတယ်။ လူတစ်ယောက်က ဘယ်လောက်ပဲတော်တော် ပူးပေါင်းဆောင်ရွက်လို့ မရတဲ့ လူဆိုရင် အောင် မြင်မှု ပန်းတိုင်ကို မရောက်နိုင်ဘူးလို့ ခံယူထားပါတယ်။ မီဒီယာအချို့နှင့် ပြည်သူတွေကတော့ အစိုးရ အဖွဲ့ဝန်ကြီးတွေအနေနဲ့ သူ့(ဝန်ကြီး) လို လုပ်ရဲ၊ ပြောရဲရှိကြမယ်ဆိုရင် သိပ်ကို ကောင်းမယ်လို့ ပြော ဆိုကြတာလည်း ကြားသိခဲ့ရပါတယ်။ ဒီလိုပြောလို့ ဝန်ကြီးက အဘက်ဘက်မှာ လုံးဝ ရာခိုင်နှုန်းပြည့် ကောင်းနေတာ၊ လုပ်နေတာလို့ ဆိုလိုခြင်းမဟုတ်ပါဘူး။ သို့သော် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတစ်ယောက်က လုပ်သင့်လုပ်ထိုက်တဲ့ အပိုင်းကို နိုင်ဝန်ထမ်းပြီး လုပ်ဆောင်ပေး တာပဲဖြစ်ပါတယ်။
ပြောရမယ်ဆိုရင်လေးနှစ်တာကာအတွင်းမှာခရီးအရောက်ပေါက်ဆုံးနှင့်မြေပြင်အထွက်နိုင်ဆုံးဝန် ကြီးတစ်ဦးလို့ ဆိုရင်လည်း မှားမယ်မထင်ပေ။ ဝန်ကြီးတစ်ယောက်ရတဲ့ ငွေကြေးနှင့် လှူဒါန်းနိုင်ဖို့ ဆို တာမဖြစ်နိုင်တဲ့ကိစ္စရပ်ပါ။သို့သော် သူ့အနေနဲ့ ရှာဖွေကြံဆပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအပေါ်မှာတော့ မုဒိသာပွား ဂုဏ်ပြုသင့်ပါတယ်။
ဒီလိုဝန်ကြီးအနေနဲ့ ဒေသအကျိုးတွေ ဆောင်ရွက်ခဲ့တဲ့နေရာမှာ လွယ်လွယ်ကူကူ အခက်အခဲမရှိ လုပ်နိုင်ခဲ့တာမဟုတ်ပါဘူး။ အခက်အခဲအတားအဆီးအမျိးမျိးနဲ့ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ လုပ် ဆောင်ချက်ကို အားပေးကြတဲ့ လူတွေရှိသလို အားမပေးတဲ့အပြင် အတိုက်အခိုက်တွေနဲ့လည်း ကြုံခဲ့ ရပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ရှိခဲ့ရှိခဲ့ အများပိုင်းက အားပေးထောက်ခံလို့သာ ဒီလို ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ ရှေ့က မှန်မှန်ကန်ကန်နဲ့ ဦးဆောင် လုပ်ပြခဲ့မယ်ဆိုရင် နောက်ကပံ့ပူးကူညီပေးမယ့် လူ တွေကတော့ သ့ူအလိုလိုပေါ်လာမယ်ဆိုတာ အားလုံးအသိပင်ဖြစ်ပါတယ်။
တစ်နည်းပြောရရင်အခုအစိုးရ လေးနှစ်တာကာလအတွင်း ပရသိတဆောင်ရွက်နိုင်ခဲ့တဲ့ဝန်ကြီးလို့ဆို ၍ရပါတယ်။ ဒါမှမဟုတ် လူငယ်အကြိုက် ဘောလုံးလောကအရ ပြောရရင်တော့ ကွင်းထဲရောက်နေတဲ့ ခြေစွမ်းပြနိုင်ခဲ့သူကြီးလို့ဆိုရပါတော့တယ်။
အောင်ကောင်းမာန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။