Trending Now

အင်ဒိုနီးရှားနိုင်ငံပိုင် လက်နက်ကုမ္ပဏီတွေက မြန်မာနိုင်ငံကို ထောက်ပံ့နေတယ်လို့ဆို

Spread the love

အင်ဒိုနီးရှားနိုင်ငံပိုင် လက်နက်ကုမ္ပဏီတွေက မြန်မာနိုင်ငံကို ထောက်ပံ့နေတယ်လို့ဆို

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၄

မြန်မာနိုင်ငံကို လက်နက်ရောင်းချမှုသံသယနဲ့ အင်ဒိုနီးရှားနိုင်ငံပိုင် လက်နက်ထုတ်လုပ်သူ ၃ ဦးကို စုံစမ်းစစ်ဆေးဖို့ ဒိုနီးရှား လူ့အခွင့်အရေးအဖွဲ့တွေက အောက်တိုဘာ ၃ ရက်နေ့က တောင်းဆိုခဲ့တယ်လို့ စီအန်အေ သတင်းက ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေက ၂၀၂၁ ခုနှစ်နောက်ပိုင်း လက်နက်ထုတ်လုပ်သူ ၃ ဦးဟာ မြန်မာနိုင်ငံကို စက်ပစ္စည်းတွေတင်ပို့ ရောင်းချနေကြောင်း အင်ဒိုနီးရှားအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တနင်္လာနေ့က တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။

တိုင်ကြားစာတင်တဲ့အဖွဲ့ထဲမှာ မြန်မာအဖွဲ့အစည်းနှစ်ဖွဲ့ဖြစ်တဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့၊ မြန်မာနိုင်ငံ တာဝန်ခံမှု ပရောဂျက် နဲ့ အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်း မာဇူကီ တို့ပါဝင်တယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံပိုင် လက်နက်ထုတ်လုပ်သူ PT Pindad၊ နိုင်ငံပိုင်သင်္ဘောထုတ်လုပ်သူ PT PAL နဲ့ အာကာသနည်းပညာ ကုမ္ပဏီ PT Dirgantara Indonesia တို့ဟာ မြန်မာနိုင်ငံက True North လို့ ခေါ်တဲ့ ကုမ္ပဏီကတစ်ဆင့် မြန်မာနိုင်ငံကို စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကို တင်ပို့ခဲ့တဲ့ ပစ္စည်းတွေထဲမှာ ပစ္စတို၊ ချေမှုန်းရေးရိုင်ဖယ်တွေနဲ့ တိုက်ခိုက်ရေးယာဉ်တွေ အပါအဝင် ပစ္စည်းမျိုးစုံကို တင်ပို့ရောင်းချခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက စွပ်စွဲထားပါတယ်။

PT Pindad နဲ့ PT PAL တို့က မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်မှုမရှိခဲဘူးလို့ ဆိုပါတယ်။ PT Pindad ရဲ့ ဒါရိုက်တာက ၂၀၁၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို ကုန်ပစ္စည်းရောင်းချခြင်းမရှိတော့ကြောင်း အစောပိုင်းမှာ မီဒီယာတွေကို ပြောဆိုထားပါတယ်။

PT Dirgantara Indonesia ကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဘယ်လိုတတိယအဖွဲ့အစည်းနဲ့မှ ပတ်သက်ခြင်းမရှိသလို စာချုပ်ချုပ်ဆိုထားခြင်းလဲ မရှိဘူးလို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို ရုရှား၊ တရုတ်၊ စင်ကာပူ၊ ထိုင်းနဲ့ အိန္ဒိယတို့ကနေ တင်သွင်းခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က မေလမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Ref; CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။