Trending Now

တိုင်းရင်းသားယာဉ်ကျေးမှုများမှေးမိန်မသွားစေရန် လူငယ်များအတွက် အနုသုခုမအနုပညာရပ်များကိုဆက်လက်လုပ်ဆောင်သွားမည်

Spread the love

တိုင်းရင်းသားယာဉ်ကျေးမှုများမှေးမိန်မသွားစေရန် လူငယ်များအတွက် အနုသုခုမအနုပညာရပ်များကိုဆက်လက်လုပ်ဆောင်သွားမည်

EPN
မြစ်ကြီးနား၊စက်တင်ဘာ ၂၁

ခေတ်ပညာများတိုးတက်လာသည့်အတွက်တိုင်းရင်းသားယာဉ်ကျေးမှုမှေးမိန်မသွားစေရန် လူငယ်၊လူရွယ်များအတွက် အနုသုခုမအနုပညာရပ်များဖြစ်သော အဆို၊အတီး၊အကများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့ယာဉ်ကျေးမှုကော်မတီနယက ဦးစိုးဝင်းမှ ပြောကြားခဲ့သည်။

ယမန်နေ့ တွင်ပြုလုပ်ခဲ့သည့် (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အ ဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ၎င်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ယနေ့မျက်မှောက်ကမ္ဘာမှာ နည်းပညာတွေနဲ့ရုပ် ဝတ္ထုပစ္စည်းတွေ အရှိန်အဟုန်နဲ့ လျင်မြန်စွာပြောင်းလဲတိုးတက်နေပါတယ် အဲဒီအရာတွေမှာ နယ်စည်းမခြား ပွင့်လင်းလွတ်လပ်မှုဆိုတဲ့ အယူအဆတွေနဲ့အတူ လူမှုကွန်ယက်ဆိုရှယ်မီဒီယာတွေဟာ အရေးပါတဲ့အခန်းကဏ္ဍ တစ်ရပ်ဖြစ် လာခဲ့ပါတယ်၊ အဲ့ဒီလူမှု ကွန်ရက်များကို အသုံးပြီး ပညာရေးနှင့်ကျန်းမာရေးတို့မှာ ကောင်းတဲ့အကျိုး ကိုဆောင်ရွက်နိုင်သလို မိမိနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့် လူမှုရေး သာမကယဉ်ကျေးမှုရေးရာ အခန်းကဏ္ဍများအထိ မှေးမှိန်သေးသိမ်အောင်၊ ညစ်နွမ်းအောင် ဝင်ရောက်ထိုးဖောက် မွှေနှောက်နိုင်သည့် အကြောင်းခြင်းရာများလည်း ရှိနေပါတယ်”ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ လူမူကွန်ရက်များပေါ်တွင် အနုပညာဟူသော်လူငယ်၊လူရွယ်များ အကြိုက်မျက်နှာဖုံးတပ်ဆင်ပြီး လွှမ်းမိုးနေကြောင်းနှင့် အဆိုပါလူမှုကွန်ရက်ကြောင့် မျိုးဆက်သစ်လူငယ်များကို မိမိတို့နိုင်ငံ၏ ရေမြေဒေသ သဘာဝလူမှုဘဝ ပကတိအခြေအနေနှင့် ဆက်စပ်မှုမရှိသော ဆန့်ကျင်ဘက် ဖြစ်သည့် အစွန်းရောက် အတွေးအခေါ်အမူအကျင့်များဖြင့်လွှမ်းမိုးနေကြောင်း ဆက်ပြောသည်။

“အဲဒီလူမှုကွန်ရက်တွေကပဲ နိုင်ငံရဲ့ရေမြေဒေသ သဘာဝလူမှုဘဝ ပကတိအခြေအနေနဲ့ဆက်စပ်မှုမရှိတဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အစွန်းရောက် အ တွေးအခေါ်အမူအကျင့်တွေကို အနုပညာဆိုတဲ့ လူငယ်လူရွယ်အကြိုက်မျက်နှာဖုံးတပ်ပြီး ထိုးဖောက်ဝင်ရောက်လျက်ရှိပါတယ်”ဟု ယင်းကပြောဆိုသည်။

အနုသုခုမဟူသည့် အဆို၊အတီး၊အက အနုပညာရပ်များသည် နက်နဲသိမ်မွေ့သည့် ပညာရပ်ဖြစ်၍ စိတ်ခံစားမှုအား နှိုးဆွလွှမ်းမိုးနိုင်စွမ်းကြီးမားကာ ရိုင်းသည်ကိုယဉ်အောင်၊ယဉ်သည်ကို ရိုင်းအောင်ပြုနိုင်စွမ်းရှိသည့်အတွက် မျိုးဆက်သစ်လူငယ်များ၏ နှလုံးသားတွင် မိမိတို့ ရိုးရာ၊ယဉ်ကျေးမှုနှင့်အနုသုခုမများကို မြတ်နိုးခုံမင်စွာလေ့လာလိုက်စားပြီး အနာဂတ် ကာလများတိုင် ပခုံးပြောင်းလက်ဆင့်ကမ်းသယ် ဆောင်သွားလိုစိတ်များကိန်းအောင်းရှင်သန်စေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။