Trending Now

အိုင်အက်စ်တွေတိုက်ခိုက်ခဲ့တဲ့ ဆီးရီးယားအကျဉ်းထောင်ထဲက ကလေးသူငယ် ၁၀၀ ပျောက်ဆုံးနေ

Spread the love

အိုင်အက်စ်တွေတိုက်ခိုက်ခဲ့တဲ့ ဆီးရီးယားအကျဉ်းထောင်ထဲက ကလေးသူငယ် ၁၀၀ ပျောက်ဆုံးနေ

EPN
နိုင်ငံတကာ၊ ဧပြီ ၂

ဆီးရီးယားနိ်ုင်ငံမှာရှိတဲ့ အကျဉ်းထောင်တစ်ခုကို လွန်ခဲ့တဲ့နှစ်လကျော်လောက်က ဂျီဟတ်ဝါဒီတွေ တိုက်ခိုက်ခဲ့ ရာမှာ အဲဒီအကျဉ်းထောင်မှာထိန်းသိမ်းထားတဲ့ ကလေးသူငယ် အယောက် ၁၀၀ ရဲ့ ကံကြမ္မာကို အခုအချိန်အ ထိ မသိရသေးဘူးလို့ ကုလသမဂ္ဂကျွမ်းကျင်သူများက ဧပြီလ ၁ ရက်နေ့က ပြောကြားလိုက်ပါတယ်။

အစ္စလာမ်မစ်အုပ်စုတွေ မတိုက်ခိုက်ခင်က နိုင်ငံရဲ့အရှေ့မြောက်ပိုင်း ဟက်ဇကာပြည်နယ်မှာရှိတဲ့ ကာဒစ်တွေ အုပ်ချုပ်နေတဲ့အကျဉ်းထောင်ထဲမှာ ကလေးသူငယ် ၇၀၀ ရှိနေကြောင်း Save the Children နဲ့ Human Rights Watch အဖွဲ့အပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

“၂၀၂၂ ခုနှစ် ဇန်နဝါရီလ တိုက်ခိုက်မှုပြီးကတည်းက အနည်းဆုံး ကလေးသူငယ် အယောက် ၁၀၀ ရဲ့ ကံကြမ္မာ နဲ့ သူတို့ဘယ်ရောက်နေသလဲဆိုတာ ရှင်းမပြနိုင်ဘူးဖြစ်နေတယ်။ ကျွန်တော်တို့ အဲဒီအခြေအနေကို အလွန်စိုး ရိမ်နေပါတယ်။” လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူတွေက ကြေညာချက်ထဲမှာပြောဆိုလိုက်ပါတယ်။

“အဲဒီအထဲက တချို့ကလေးတွေဟာ ဖမ်းဆီးထိန်းသိမ်းခံရတာတို့၊ ပြန်ပေးဆွဲသွားတာတို့လည်း ဖြစ်နိုင်ပါ တယ်။” လို့ အဆိုပါကျွမ်းကျင်သူတွေက ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အသက် ၁၂ နှစ်ကနေ ၁၈ အရွယ်ရှိတဲ့ ကလေးသူငယ်တွေထဲမှာ ဂါဝေရန်း အ ကျဉ်းထောင်ထဲမှာ အရွယ်ရောက်ပြီးသားသူတို့အမျိုးတွေရှိတဲ့ကလေးတွေ အများအပြားပါပါတယ်။

အဲဒီက လေးတွေကို ဂျီဟတ်ဝါဒီတွေရဲ့ကလေးငယ်တွေ ထောင်နဲ့ချီရှိနေတဲ့ အိုးအိမ်စွန့်ခွာရွှေ့ပြောင်းလာတဲ့ ဒုက္ခသည်တွေနေထိုင်တဲ့စခန်းတွေကနေ ရွှေ့ပြောင်းလာတာဖြစ်ပါတယ်။

ဂါဝေရန်း အကျဉ်းထောင်မှာ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်တဲ့ကလေးသူငယ်တွေအတွက် အတားအဆီးမရှိ ဘဲအထောက်အပံ့အကူအညီတွေရအောင် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးနေသူတွေကို ဝင် ရောက်ခွင့်ပြုဖို့ အာဏာပိုင်တွေကို လွတ်လပ်တဲ့ကျွမ်းကျင်သူတွေက တောင်းဆိုခဲ့ပါတယ်။

“ဒီကလေးတွေကို ထိခိုက်အောင်လုပ်တဲ့သူတွေကို စုံစမ်းရှာဖွေဖော်ထုတ်ရပါမယ်။ ပြီးရင် အဲဒီတာဝန်ရှိသူတွေ ကို ဥပဒေအတိုင်းအရေးယူနိုင်အောင် ဆောင်ရွက်ဖို့လိုပါတယ်။” လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူ တွေက ပြောပါတယ်။

ဂါဝေရန်းအကျဉ်းထောင် တိုက်ခိုက်ဖောက်ထွင်းမှုမှာ ထောင်အတွင်း တစ်ပတ်ကြာတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီး ကာဒစ်တပ်ဖွဲ့ဝင်တွေ အဲဒီအကျဉ်းထောင်ကို ပြန်လည်သိမ်းပိုက်တဲ့အချိန်အထိ လူဦးရေ ရာနဲ့ချီပြီး သေဆုံးခဲ့ တယ်လို့ဆိုပါတယ်။

“အကျဉ်းထောက်ဖောက်ထွင်းမှုမှာ ထိန်းသိမ်းခံထားရတဲ့ကလေးသူငယ် အများအပြား ဒဏ်ရာပြင်းပြင်းထန် ထန် ရခဲ့ကြပြီး သူတို့ဒဏ်ရာတွေကို ဂရုတစိုက်ဆေးဝါးကုသပေးခဲ့ခြင်းမရှိပါဘူး။” လို့ ကျွမ်းကျင်းသူတွေက ပြောပါတယ်။

အကျဉ်းထောင်ထဲက အကျဉ်းသာတစ်ဦးမှ လွတ်မြောက်သွားခြင်းမရှိဘူးလို့ ကာဒစ်အာဏာပိုင်တွေက ပြောပေ မဲ့လည်း ဂျီဟတ်ဝါဒီ လေးငါးဦး လွတ်မြောက်သွားတယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးစောင့် ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။

Ref: 100 Children Missing From Syria Jail Attacked by IS: UN


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။