Trending Now

ရုရှားက ဆီးရီးယားမှာရှိတဲ့ S-300 ဒုံးကျည်စနစ်ကို ပင်လယ်နက်ဘက်ကို ရွှေ့ပြောင်းချထား

Spread the love

ရုရှားက ဆီးရီးယားမှာရှိတဲ့ S-300 ဒုံးကျည်စနစ်ကို ပင်လယ်နက်ဘက်ကို ရွှေ့ပြောင်းချထား

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁

ရုရှားက ဆီးရီးယားမှာရှိတဲ့ မြေပြင်-ဝေဟင်ပစ် S-300 ဒုံးကျည်စနစ်ကို ဆီးရီးယားကနေ ပင်လယ်နက်ဘက်ကို ရွှေ့ပြောင်းချထား လိုက်တယ်လို့ မီဒီယာအများအပြားက ရေးသားဖော်ပြထားပါတယ်။

ဒုံးကျည်စနစ် တပ်ဖြန့်ချထားတဲ့ ဆီးရီးယားနိုင်ငံက Masyaf အနီးက တပ်စခန်းမှာ အဲဒီဒုံးကျည်စနစ်ကို မတွေ့ရတော့ဘူးလို ထောက်လှမ်းရေးဂြိုဟ်တုဓာတ်ပုံတွေကို ကိုးကားပြီးရေးသားဖော်ပြခဲ့တာပါ။

ဆီးရီးယားဆိပ်ကမ်းမြိုဖြစ်တဲ့ တာတပ်စ် မှာရှိတဲ့ ရုရှားရေတပ်အခြေစိုက်စခန်းတစ်ခုအနီးက ကုန်တင်သင်္ဘော Sparta II ပေါ်မှာ အဲဒီဒုံးကျည်စနစ်ကို တွေ့ရှိခဲ့ရပြီး ကုန်တင်သင်္ဘောကတော့ ဆိပ်ကမ်းကိုဖြတ်သန်းဖိုစောင့် ဆိုင်းနေတယ်လို ယူဆရပါတယ်။

ရုရှားနိုင်ငံက ဒီလက်နက်စနစ်ကို ဆီးရီးယားသမ္မတဘရှား အယ်လ်အာဆတ်ရဲ့ အရေးကြီးတဲ့ နေရာတွေကို ကာကွယ်ဖို့အတွက် ၂၀၁၈ ခုနှစ်မှာ လက်ဆောင်အဖြစ် ပေးအပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီ S-300 မြေပြင်-ဝေဟင်ပစ် ဒုံးကျည်စနစ်ကို ခရိုင်မီးယားကျွန်းဆွယ်မှာဖြစ်စေ ယူကရိန်းနဲ့ ဆက်စပ်နေတဲ့ ရုရှားနယ်စပ်မှာဖြစ်စေ တပ်ဖြန့်ချထားမယ်လို ခန့်မှန်းထားကြပါတယ်။

S-300 ဒုံးကျည်လက်နက်စနစ်ဟာ အမေရိကန်က ယူကရိန်းကိုထောက်ပံ့ထားတဲ့ HIMARS အတွဲလိုက်ဒုံးပစ် လောင်ချာမှာအသုံးပြုတဲ့ M31 GMLRS ရော့ကက်တွေကို ပစ်ချရာမှာ ထိရောက်မှုမရှိဘူးဆိုပေမယ့် လူလိုက်ပါမောင်းနှင်တဲ့ လေယာဉ်တွေကိုပစ်ချရာမှာတော့ ထိရောက်မှုရှိနိုင်တယ်လို ကျွမ်းကျင်သူတွေက ပြောပါတယ်။

ရုရှားတပ်ဖွဲဝင်တွေဟာ ကာဘီဘာခရုစ်ဒုံးကျည်တွေနဲ့ အီစ်ကန်ဒါပဲ့ထိန်းဒုံးကျည်တွေ အရည်အတွက်လျော့ နည်းလာတဲ့အတွက် ယူကရိန်းမြေပြင်ပစ်မှတ်တွေကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ဒီလက် နက်စနစ်ကိုလည်း အသုံးပြုနိုင်တယ်လို ယူကရိန်းစစ်ထောက်လှမ်းရေးက ခန့်မှန်းထားပါတယ်။

Source – DP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။