Trending Now

သမ္မတနှင့် အတိုင်ပင်ခံရုံးထိုင်ဖို့ NLD ပါတီက ယာယီဌာနချုပ်(ရုံးခွဲ)ကို နေပြည်တော်တွင်ဖွင့်လှစ်

Spread the love

သမ္မတနှင့် အတိုင်ပင်ခံရုံးထိုင်ဖို့ NLD ပါတီက ယာယီဌာနချုပ်(ရုံးခွဲ)ကို နေပြည်တော်တွင်ဖွင့်လှစ်

EPN
နေပြည်တော်၊ ဇူလိုင် ၅

နိုင်ငံတော်သမ္မဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ရုံးထိုင်နိုင်ဖို့အတွက် NLD ပါတီက နေပြည်တော်မှာ ယာယီဌာနချုပ်(ရုံးခွဲ)ဖွင့်လှစ်လိုက်သည်။

အဆိုပါ ယာယီဌာနချုပ်(ရုံးခွဲ)အား နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်၊ ဥတ္တသီရိရပ်ကွက်ရှိ အကွက်အမှတ် ၅၆၅၉၊ ၅၆၆၁နှင့် ၅၆၆၃ တို့တွင် ဖွင့်လှစ်ထားပြီး ယနေ့ နံနက်ပိုင်းက နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့သည်။

“ဒီမှာ နေပြည်တော်မှာ ဒီလိုရုံးလေးဖွင့်ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ဗဟိုရွေးကောက်ပွဲ ကော်မရှင်ကလည်း စာထွက်သွားပြီပေါ့။ အဲတော့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ သူတို့ရဲ့ အခွင့်မဆုံးရှုံးရအောင် စည်းရုံးရေးရတယ်ဆိုတဲ့ စာထွက်ပြီးကတည်းက ဒီမှာ သမ္မတကြီးရယ်၊ အတိုင်ပင်ခံပုဂ္ဂိုလ်ရယ်ပေါ့။ ပါတီအနေနဲ့ ပြောရရင် ဥက္ကဋ္ဌရယ်၊ ဒုဥက္ကဋ္ဌ(၁) တို့ ရုံးထိုင်နိုင်မယ့်နေရာ တစ်ခုလုပ်ဖို့လိုတယ်။

အဲဒါနဲ့ ဒီရုံးလေးကို ကျွန်တော်တို့လုပ်ဖြစ်တာ”ဟု ယာယီဌာနချုပ်(ရုံးခွဲ) ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်ပြီး NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဇော်မြင့်မောင် က သတင်းမီဒီယာများအား ထုတ်ဖော်ပြောဆိုခဲ့သည်။

ယနေ့ဖွင့်လှစ်ခဲ့သည့် ဌာနချုပ်(ရုံးခွဲ)တွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် NLD ပါတီ၏ ကိုယ်စားလှယ် စီစစ်သည့် လုပ်ငန်းစဉ်တွေ လုပ်ဆောင်သွားမည်ဟုလည်း သိရသည်။

အောင်ဆန်းဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။