Trending Now

ပြည်မြို့တွင် မိသားစုလိုက် ဓားခုတ်ခံရမှုဖြစ်ပွား

Spread the love

ပြည်မြို့တွင် မိသားစုလိုက် ဓားခုတ်ခံရမှုဖြစ်ပွား

EPN
နေပြည်တော်၊ မတ် ၁၃

ပဲခူးတိုင်းဒေသကြီး ၊ ပြည်မြို့ ၊ ကိုးသောင်းပဒေသာရပ် ( လွှမ်းမိုးကဖီး ) အနီးတွင် ယမန်နေ့ မတ်လ ၁၂ ရက်နေ့ နံနက်စောပိုင်က မိသားစုလိုက် ဓားခုတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)ထံက သိရသည်။

“မိသားစုဝင် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး နှစ်ဦး ဓားနဲ့ ခုတ်ခံရတာ၊ မျက်နာတွေ၊ လက်တွေ၊ ခြေထောက်တွေ အကုန်ခုတ်ခံထားရတယ် ဒါအပြင် နေအိမ်နဲ့ ဆိုင်ကယ်နှစ်စီးကို လည်း ဖျက်ဆီးသွားသေးတယ်” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)က ပြောဆိုသည်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) က ခင်းဖြစ်ရာနေရာသို့ သွားရောက်ကာ မျက်နှာပြတ်ရှ ၊ လက်ချောင်းပြတ်ရှ ၊ ခြေလက်ပြတ်ရှ ဒဏ်ရာရ လူနာများအား မြေပြင်အရေးပေါ်ကုသ လိုအပ်သည်များကိုပြုစုပေးကာ အရေးပေါ် ဆေးကုသမှုခံယူရန် အတွက် သက်ဆိုင်ရာ နယ်မြေခံရဲစခန်း နှင့် ပူးပေါင်းဆောင်ရွက်၍ ပြည်ဆေးရုံကြီးသို့ အရေးပေါ်ယာဉ်ဖြင့်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံများကို ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

Photo – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)
ဇိုး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။