Trending Now

သီရိလင်္ကာနိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန် တန်ချိန် ၁၀၀၀ လှူဒါန်းသွားမည်

Spread the love

သီရိလင်္ကာနိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန် တန်ချိန် ၁၀၀၀ လှူဒါန်းသွားမည်

EPN
မြစ်ကြီးနား၊ ဇူလှိုင် ၁၄

ဆိုးရွားသည့် စီးပွားရေး နှင့် နိုင်ငံရေးအကျပ်အတည်း ကြုံတွေ့နေရသည့် သီရိလင်္ကာနိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန် တန်ချိန် ၁၀၀၀ လှူဒါန်းသွားရန် စီစဉ်လျှက်ရှိကြောင်း ယနေ့ထုတ် နိုင်ငံပိုင်စာတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် လူသားခြင်းစာနာထောက်ထားသောအားဖြင့် နိုင်ငံတော်ရန်ပုံငွေကို အသုံးပြု၍ သီရိလင်္ကာနိုင်ငံကို ဆန်တန်ချိန် ၁၀၀၀ လှူဒါန်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဆန်လှူဒါန်းနိုင်ရေးနှင့် ပတ်သက်ပြီး ညှိနိုင်းအစည်းအဝေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အစည်းအဝေးတွင် ဝယ်ယူစုဆောင်းမည့် ဆန်အမျိုးအစား၊ ကွန်တိန်နာ ငှားရမ်းမှု နှင့် အခြားလိုအပ်သည်များကို ဆွေးနွေခဲ့ကြောင်း ဖော်ပြထားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကိုမှု ဖော်ပြခဲ့ခြင်းမရှိပေ။

လက်ရှိအချိန်တွင် သီရိလင်္ကာနိုင်ငံသားများသည် အစားအသောက် ပြတ်လပ်မှုဒဏ်ကို ခံစားနေရပြီး မိသားစု ဆယ်စုတွင် ကိုးစုဟာ အစားအတာ နပ်ကျော်စားသောက်ခြင်း သို့မဟုတ် ရေရှည်စားသောက်နိုင်ဖို့အတွက် လျှော့ချစားသောက်နေရသည်ဟု ကုလသမဂ္ဂစားနပ်ရိက္ခာ အစီအစဉ်က ပြောသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။