Trending Now

မြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ အခြေခံအိမ်ထောင်စုများအတွက် အ၀တ် Mask များ လိုက်လံပေး

Spread the love

မြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ အခြေခံအိမ်ထောင်စုများအတွက် အ၀တ် Mask များ လိုက်လံပေး

EPN
ဟိုပင်၊ ဧပြီ ၃၀

မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ အုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင် ဦးစီးပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့၀င်များသည် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် ဧပြီလ ၃၀ ရက်နေ့ နံနက် ၇ နာရီ အချိန်မှ စတင်ကာ မြို့ပေါ်လေးရပ်ကွက်အတွင်းရှိ အခြေခံအိမ်ထောင်စု (၁၀၉၄)ကို အ၀တ် Mask များ လိုက်လံပေးဝေခဲ့ကြောင်း သိရသည်။

ဟိုပင်မြို့အတွင်း Coronavirus Disease 2019 (COVID-19) ရောဂါ ဝင်ရောက်ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများကို လမ်းညွှန်ချက်နှင့်အညီ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း ဟိုပင်မြို့ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီမှ သိရသည်။

“ဒီနေ့မှာတော့ အခြေခံလူတန်းစား အိမ်ထောင်စုတွေပေါ့ အိမ်ထောင်စု (၁၀၉၄)အိမ်ကို တစ်အိမ်ကို နှစ်ခုနှုန်းနဲ့ အ၀တ် Mask လိုက်လံ ဝေငှပေးတာ ဖြစ်ပါတယ်” ဟု ဟိုပင်မြို့ အဖွဲ့၀င် ဦးမျိုးအောင်က ဆိုသည်။

ဟိုပင်မြို့ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ အနေနှင့် လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းကာလူစည်ကားရာ နေရာများတွင်လည်း မကြာခဏ Mask များ ဝေငှခဲ့ရာ အခုရေ တစ်သောင်းခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။

မိုးဟိန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။