Trending Now

NATO အုပ်စုရဲ့ အကြီးဆုံး လေတပ် စစ်ရေးလေ့ကျင့်မှုစတင်

Spread the love

NATO အုပ်စုရဲ့ အကြီးဆုံး လေတပ် စစ်ရေးလေ့ကျင့်မှုစတင်

EPN
နိုင်ငံတကာ၊ ဇွန် ၁၃

နေတိုးမဟာမိတ်အုပ်စုက ‘Air Defender 23’ လို့ အမည်ပေးထားတဲ့ သမိုင်းတစ်လျောက် အကြီးမားဆုံး လေတပ်စစ်ရေးလေ့ကျင့်မှုကို ဇွန်လ ၁၂ ရက်နေ့က ဂျာမနီနိုင်ငံမှာ စတင်ခဲ့ပါတယ်။

ဂျာမန်လေတပ်က ဦးဆောင်တဲ့ ဒီစစ်ရေးလေ့ကျင့်မှုကို ဇွန်လ ၂၃ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး နေတိုးအဖွဲ့ဝင်တွေအပြင် ဂျပန်၊ဆွီဒင်တို့အပါအဝင် မိတ်ဖက်နိုင်ငံ ၂၅ နိုင်ငံက စစ်လေယာဉ် ၂၅၀ ၊ စစ်သည်အင်အား ၁ သောင်းခန့် ပါဝင်ခဲ့တယ်လို့ ဂျာမန်က ပြောပါတယ်။

လေးနှစ်ကြာ ပြင်ဆင်ခဲ့ရတဲ့ ဒီစစ်ရေးလေ့ကျင့်မှုဟာ စစ်ရေးမဟာမိတ်အဖွဲ့ကို ၁၉၄၉ ခုနှစ် စတင်ဖွဲ့စည်းပြီးကတည်းက အကြီးဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး အိမ်ရှင် ဂျာမနီက ထောက်ပံ့ပို့ဆောင်ရေးဗဟိုအဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နေတိုးစစ်မဟာမိတ်အဖွဲ့ရဲ့ စစ်လေယာဉ်တွေဟာ ဂျာမနီကောင်းကင်ယံမှာ စစ်ကစားပွဲတွေ စတင်နေပြီဖြစ်ပြီး အရပ်ဘက် လေကြောင်းသွားလာမှုအတွက် ဇုန်သုံးခုကို ယာယီပိတ်ထားမယ်လို့ ဆိုပါတယ်။

ref; dw

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။