Trending Now

နိုင်ငံပေါင်း ၁၈၁ နိုင်ငံတွင် ကော်ရိုနာဗိုင်းရပ်စ် ကူးစက်မှုခံနေရပြီး သေဆုံးသူ ၁၁,၁၈၄ ဦး ရှိလာပြီ

Spread the love

နိုင်ငံပေါင်း ၁၈၁ နိုင်ငံတွင် ကော်ရိုနာဗိုင်းရပ်စ် ကူးစက်မှုခံနေရပြီး သေဆုံးသူ ၁၁,၁၈၄ ဦး ရှိလာပြီ 

EPN
ရန်ကုန်၊ မတ် ၂၂

နိုင်ငံပေါင်း ၁၈၁ နိုင်ငံတွင် ကော်ရိုနာဗိုင်းရပ်စ် ကူးစက်မှုခံနေရပြီး သေဆုံးသူ ၁၁,၁၈၄ ဦးရှိလာပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က ၂၁ ရက်နေ့ ကူးစက်မှုအခြေအနေ သတင်းပေးပို့မှုတစ်ရပ်တွင် ဖော်ပြထားသည်။

WHO မှ အဓိကပြောလိုသည်မှာ လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 တွေ့ရှိသည့် ထပ်တိုး ၆ နိုင်ငံမှာ အာဖရိက-၂၊ ဥရောပ-၁၊ အမေရိက-၁၊ အရှေ့တောင်အာရှဒေသ-၁၊ ပစိဖိတ်-၁ တို့ ဖြစ်သည်။

တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားသော ဒေတာများအနေဖြင့် အတည်ပြုလူနာ စုစုပေါင်း ၂၆၆,၀၇၃ ဦး (အသစ် ၃၂,၀၀၀) သေဆုံး ၁၁,၁၈၄ (ထပ်တိုး ၁,၃၄၄)၊ ပစိဖိတ်ဒေသ အတည်ပြုလူနာ ၉၄,၀၃၇ ဦး (ထပ်တိုး ၆၈၈) သေဆုံး ၃,၄၂၆ ဦး (ထပ်တိုး ၂၁)၊ စုစုပေါင်းနိုင်ငံ – ၁၄ ဒေသ/ပိုင်နက် – ၃၊ ဥရောပဒေသ အတည်ပြုလူနာ ၁၂၈,၅၄၁ ဦး (ထပ်တိုး ၂၃,၉၅၀) သေဆုံး ၆,၀၀၀ ဦး (ထပ်တိုး ၁,၁၀၁) စုစုပေါင်းနိုင်ငံ – ၅၂၊ ဒေသ/ပိုင်နက် – ၇၊ အရှေ့တောင်အာရှဒေသ အတည်ပြုလူနာ ၉၇၉ ဦး (ထပ်တိုး ၆၁) သေဆုံး ၃၈ ဦး (ထပ်တိုး ၇) စုစုပေါင်းနိုင်ငံ – ၉၊ ဒေသ/ပိုင်နက် – ဝ၊ မြေထဲပင်လယ်ဒေသ အတည်ပြုလူနာ ၂၂,၃၅၅ ဦး (ထပ်တိုး ၁,၅၉၆) သေဆုံး ၁,၄၆၆ဦီး (ထပ်တိုး ၁၅၄) စုစုပေါင်းနိုင်ငံ – ၁၈ ဒေသ/ပိုင်နက် – ၁၊ အမေရိကဒေသ အတည်ပြုလူနာ ၁၈,၈၇၇ ဦး (ထပ်တိုး ၅,၆၀၆) သေဆုံး ၂၃၅ ဦး (ထပ်တိုး ၅၇) စုစုပေါင်းနိုင်ငံ – ၃၂၊ ဒေသ/ပိုင်နက် – ၁၁၊ အာဖရိကဒေသ အတည်ပြုလူနာ ၅၇၂ ဦး (ထပ်တိုး ၉၉) သေဆုံး ၁၂ ဦး (ထပ်တိုး ၄) စုစုပေါင်းနိုင်ငံ – ၃၂၊ ဒေသ/ပိုင်နက် – ၂ တို့ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှင့် သေဆုံးမှု၏ နိုင်ငံအလိုက် ကိန်းဂဏာန်းများ အနေဖြင့် တရုတ် ၈၁,၄၁၆ ဦး သေဆုံး ၃,၂၆၁ ဦး၊ တောင်ကိုရီးယား ၈,၇၉၉ ဦး သေဆုံး ၁၀၂ ဦး၊ မလေးရှား ၁,၀၃၀ ဦး သေဆုံး ၃ ဦး၊ ဂျပန် ၉၉၆ ဦး သေဆုံး ၃၅ ဦး၊ ဩစတြေးလျ ၈၇၃ ဦး သေဆုံး ၇ ဦး၊ ဖိလစ်ပိုင် ၂၃၀ ဦး သေဆုံး ၁၈ ဦး၊ အီတလီ ၄၇,၀၂၁ ဦး သေဆုံး ၄,၀၃၂ ဦး၊ စပိန် ၁၉,၉၈၀ ဦး သေဆုံး ၁,၀၀၂ ဦး၊ ဂျာမနီ ၁၈,၃၂၃ ဦး သေဆုံး ၄၅ ဦး၊ ပြင်သစ် ၁၂,၄၇၅ ဦး သေဆုံး ၄၅၀ ဦး၊ ဆွစ်ဇာလန် ၄,၈၄၀ ဦး သေဆုံး ၄၃ ဦး၊ အင်္ဂလန် ၃,၉၈၃ ဦး သေဆုံး ၁၇၇ ဦး၊ နယ်သာလန် ၂,၉၉၄ ဦး သေဆုံး ၁၀၆ ဦး၊ ဩစတြီးယား ၂,၆၄၉ ဦး သေဆုံး ၆ ဦး၊ ဘယ်ဂျီယန် ၂,၂၅၇ ဦး သေဆုံး ၃၇ ဦး၊ နော်ဝေ ၁,၇၄၂ ဦး သေဆုံး ၇ ဦး၊ ဆွီဒင် ၁,၆၂၃ ဦး သေဆုံး ၁၆ ဦး၊ ဒိန်းမတ် ၁,၂၅၅ ဦး သေဆုံး ၉ ဦး၊ ပေါ်တူကီ ၁,၀၂၀ ဦး သေဆုံး ၆ ဦး၊ အစ္စရေး ၇၁၂ ဦး သေဆုံး ၁ ဦး၊ အိုင်ယာလန် ၆၈၃ ဦး သေဆုံး ၃ ဦး၊ တူရကီ ၆၇၀ ဦး သေဆုံး ၉ ဦး၊ ဂရိ ၄၉၅ ဦး သေဆုံး ၈ ဦး၊ လူဇင်ဘတ် ၄၈၄ ဦး သေဆုံး ၅ ဦး၊ ပိုလန် ၄၂၅ ဦး သေဆုံး ၅ ဦး၊ အိုက်စလန် ၄၀၉ ဦး သေဆုံး ၁ ဦး၊ စလိုဗေးနီးယား ၃၄၁ ဦး သေဆုံး ၁ ဦး၊ ဆမ္မာရီနို ၁၅၁ ဦး သေဆုံး ၁၄ ဦး၊ ဆားဗီးယား ၁၃၅ ဦး သေဆုံး ၁ ဦး၊ ဘူဂေးရီးယား ၁၂၇ ဦး သေဆုံး ၃ ဦး၊ ခရိုအေးရှား ၁၂၆ ဦး သေဆုံး ၁ ဦး၊ ဟန်ဂေရီ ၈၅ ဦး သေဆုံး ၄ ဦး၊ အယ်ဘေးနီးယား ၇၀ ဦး သေဆုံး ၂ ဦး၊ လစ်သူနီးယား ၆၉ ဦး သေဆုံး ၁ ဦး၊ မော်ဒိုဗာ ၆၆ ဦး သေဆုံး ၁ ဦး၊ အဇာဘိုင်ဂျန် ၄၄ ဦး သေဆုံး ၁ ဦး၊ ယူကရိန်း ၂၆ ဦး သေဆုံး ၃ ဦး၊ အင်ဒိုနီးရှား ၃၆၉ ဦး သေဆုံး ၃၂ ဦး၊ ထိုင်း ၃၂၂ ဦး သေဆုံး ၁ ဦး၊ အိန္ဒိယ ၁၉၅ ဦး သေဆုံး ၄ ဦး၊ ဘင်္ဂလားဒေ့ခ်ျ ၁၇ ဦး သေဆုံး ၁ ဦး၊ အီရန် ၁၉,၆၄၄ ဦး သေဆုံး ၁,၄၃၃ ဦး၊ ပါကစ္စတန် ၄၆၁ ဦး သေဆုံး ၂ ဦး၊ ဘာရိန်း ၂၈၅ ဦး သေဆုံး ၁ ဦး၊ အီဂျစ် ၂၅၆ ဦး သေဆုံး ၇ ဦး၊ အီရတ် ၁၉၃ ဦး သေဆုံး ၁၄ ဦး၊ လက်ဘနွန် ၁၆၃ ဦး သေဆုံး ၄ ဦး၊ မော်ရိုကို ၇၄ ဦး သေဆုံး ၃ ဦး၊ တူနီးရှား ၅၄ ဦး သေဆုံး ၁ ဦး၊ ဆူဒန် ၁ ဦး သေဆုံး ၁ ဦး၊ အမေရိကန် ၁၅,၂၁၉ ဦး သေဆုံး ၂၀၁ ဦး၊ ကနေဒါ ၈၄၆ ဦး သေဆုံး ၉ ဦး၊ ဘရာဇီး ၆၂၁ ဦး သေဆုံး ၄ ဦး၊ အီကွေဒေါ ၃၆၇ ဦး သေဆုံး ၅ ဦး၊ ပီရူး ၂၃၄ ဦး သေဆုံး ၂ ဦး၊ မက်ဆီကို ၁၆၄ ဦး သေဆုံး ၁ ဦး၊ ပနားမား ၁၃၇ ဦး သေဆုံး ၁ ဦး၊ အာဂျင်တီးနား ၁၂၈ ဦး သေဆုံး ၃ ဦး၊ ကော်စတာရီကာ ၁၁၃ ဦး သေဆုံး ၂ ဦး၊ ဒိုမီနီကန် ၇၂ ဦး သေဆုံး ၂ ဦး၊ ကျုးဘား ၁၆ ဦး သေဆုံး ၁ ဦး၊ ဂျမေကာ ၁၆ ဦး သေဆုံး ၁ ဦး၊ ဂွါတာမာလာ ၁၂ ဦး သေဆုံး ၁ ဦး၊ ဂါရာနာ ၅ ဦး သေဆုံး ၁ ဦး၊ ကေမန်ကျွန်းစု ၃ ဦး သေဆုံး ၁ ဦး၊ အယ်ဂျီးရီးယား ၉၄ ဦး သေဆုံး ၁၀ ဦး၊ ဘူကီနာဖာဆို ၄၀ ဦး သေဆုံး ၁ ဦး၊ ဂဘွန်း ၃ ဦး သေဆုံး ၁ ဦးတို့ဖြစ်ပြီး ဂျပန်နိုင်ငံရေပိုင်နက်ရှိ Diamond Princess သင်္ဘောပေါ်တွင် ၇၁၂ ဦး သေဆုံး ၇ ဦးတို့ရှိသည်။

အာဆီယံနိုင်ငံများတွင် အတည်ပြုလူနာ အသစ် မလေးရှား ၁,၀၃၀ ဦး (ထပ်တိုး ၁၃၀)၊ စင်ကာပူ ၃၈၅ ဦး (ထပ်တိုး ၄၀)၊ ဖိလစ်ပိုင် ၂၃၀ ဦး (ထပ်တိုး ၁၃)၊ ဗီယက်နမ် ၉၁ ဦး (ထပ်တိုး ၆)၊ ဘရူနိုင်း ၇၈ ဦး (ထပ်တိုး ၅)၊ ကမ္ဘောဒီးယား ၅၁ ဦး (ထပ်တိုး ၄)၊ အင်ဒိုနီးရှား ၃၀၉ ဦး (ထပ်တိုး ၈၂)၊ တီမော ၁ ဦး (ထပ်တိုး ၁) ထပ်မံတွေ့ရသိရသည်။

စစ်ဟန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။