Trending Now

H5N1 ရောဂါဟာ လူတစ်ဦးကနေ အခြားတစ်ဦးကို ကူးစက်မှုမရှိကြောင်း ကမ္ဘောဒီးယားကျန်းမာရေးဌာန ပြော

Spread the love

H5N1 ရောဂါဟာ လူတစ်ဦးကနေ အခြားတစ်ဦးကို ကူးစက်မှုမရှိကြောင်း ကမ္ဘောဒီးယားကျန်းမာရေးဌာန ပြော

EPN
နိုင်ငံတကာ၊ မတ် ၁

H5N1 (ကြက်ငှက်တုပ်ကွေး) ရောဂါဟာ လူတစ်ဦးကနေ အခြားတစ်ဦးကို ကူးစက်မှုမရှိဘူးလို့ ကမ္ဘောဒီးယား ကျန်းမာရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ၁၁ နှစ်အရွယ် ကမ္ဘောဒီးယား မိန်းကလေးငယ်တစ်ဦး H5N1 ရောဂါနဲ့ သေဆုံးသွားခဲ့ပြီး နှစ်ရက်အကြာမှာ ဖခင်ဖြစ်သူဟာလည်း ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဒီကူးစက်မှုနဲ့ ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လူတစ်ဦးကနေ အခြားတစ်ဦးကို ကူးစက်မှုဖြစ်နိုင်ခြေကို စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ကူးစက်ရောဂါထိမ်းချုပ်ရေးဌာန (CDC) ရဲ့ အဆိုအရ ရောဂါလက္ခဏာ မပြတဲ့ အသက် ၄၉ နှစ်အရွယ် ဖခင်ဖြစ်သူဟာ ကျန်းမာရေးကောင်းမွန်လာတဲ့အတွက် အင်္ဂါနေ့ က ဆေးရုံကနေ ဆင်းခွင့်ရသွားပြီလို့ သိရပါတယ်။

“သူတို့နှစ်ဦးစလုံးဟာ ရွာမှာရှိတဲ့ ငှက်တွေကနေ ကူးစက်ခံခဲ့ရတာဖြစ်ပြီး အဖေနဲ့ သမီးကြားမှာ ကူးစက်မှု မတွေ့ရပါဘူး”ကူးစက်ရောဂါထိမ်းချုပ်ရေးဌာန (CDC) ကပြောပါတယ်။

လူအများစုဟာ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံရနိုင်ခြေအလွန်နည်းပါးပေမယ့် ရောဂါပိုးရှိတဲ့ ကြက်တွေ၊ငှက်တွေကို တိုက်ရိုက်ထိတွေ့ခြင်းကနေ ကူးစက်ခံရနိုင်တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလမှာ နို့တိုက်သတ္တဝါတွေမှာ ရောဂါပိုးကူးစက်ခံထားရတာကို တွေ့ရှိရတဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိထားဖို့ တောင်းဆိုခဲ့ပါတယ်။

၂၀၀၃ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း လူပေါင်း ၈၇၀ ဦး ကူးစက်ခံခဲ့ရပြီး ၄၅၇ ဦးသေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့အဆိုးရွားဆုံး ကြက်ငှက်တုပ်ကွေးရောဂါဟာ ၂၀၂၁ ခုနှစ်နှောင်းပိုင်းကနေ အရှိန်အဟုတ်ပြင်းစွာနဲ့ ပြန်လည် ဖြစ်ပွားနေတဲ့အတွက် ကမ္ဘာတစ်ဝန်း သောင်းနဲ့ချီတဲ့ ကြက်တွေကို သုတ်သင်ခဲ့ကြပါတယ်။

Ref; Cambodia: No human-to-human bird flu transmission found

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။