Trending Now

ဇနီးဟောင်းရဲ့ TikTok ဗီဒီယိုတွေကြောင့် မိုင်တစ်ထောင်နီးပါး ကားမောင်းလာပြီး ဇနီးဟောင်းကို သတ်ပစ်ခဲ့တဲ့ ပါကစ္စတန်အမျိုးသား

Spread the love

ဇနီးဟောင်းရဲ့ TikTok ဗီဒီယိုတွေကြောင့် မိုင်တစ်ထောင်နီးပါး ကားမောင်းလာပြီး ဇနီးဟောင်းကို သတ်ပစ်ခဲ့တဲ့ ပါကစ္စတန်အမျိုးသား

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၃၀

ဇနီးဟောင်းဖြစ်သူရဲ့ TikTok ဗီဒီယိုတွေကြောင့် ဒေါသထွက်နေတဲ့ ပါကစ္စတန်အမျိုးသားတစ်ဦးဟာ ကီလိုမီတာ ၁၄၀၀ (၈၇၅ မိုင်) ရှိတဲ့ ဂျော်ဂျီယာကနေ ချီကာဂိုအထိ ကားမောင်းလာခဲ့ပြီး ဇနီးဟောင်းဖြစ်သူကို သတ်ပစ်ခဲ့ပါတယ်။ အဲ့ဒီနောက် သူ့ကိုယ်သူလဲ သတ်သေသွားခဲ့ပါတယ်။

ပါကစ္စတန်အမေရိကန် အမျိုးသမီး ဓာတ်ပုံဆရာ ဆနီးရာခမ်းဟာ အဆိပ်သင့်တဲ့ အိမ်ထောင်ရေးကနေ လွတ်မြောက်ခဲ့ပြီး သူမဘဝကို ဘယ်လိုဆက်လက်ရှင်သန်ခဲ့ရတယ်ဆိုတဲ့ အကြောင်းတွေကို TikTok မှာ ဗီဒီယိုတွေ တင်ထားခဲ့ပါတယ်။

အဲဒီနောက် သတင်းတွေအရ ရာဟီးလ်အာမက် ဆိုတဲ့ ၃၉ နှစ်အရွယ်အမျိုးသားဟာ ဇနီးဟောင်းရဲ့ ဗီဒီယိုဖိုင်တွေကြောင့် လူအများအပြားရဲ့ ပြစ်တင်တုံ့ပြန်မှုတွေကို ခံစားခဲ့ရပြီး ဒေါသထွက်ခဲ့တာကြောင့် ဇနီးဟောင်းဖြစ်သူရဲ့ အိမ်ကို ၁၄ နာရီကြာ ကားမောင်းလာခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တာလို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့ပြီး အာမက်ရဲ့ လက်ရှိမိသားစုဝင်တွေက သူ အိမ်ကနေပျောက်ဆုံးနေတာကို ရဲစခန်းကို တိုင်ကြားထားခဲ့ပါတယ်။

ရဲတွေက သတင်းအရ ပါကစ္စတန်အမေရိကန် အမျိုးသမီး ဓာတ်ပုံဆရာ ဆနီးရာခမ်းရဲ့ နေအိမ်ကို ရောက်ရှိလာခဲ့ပြီး အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးဟာ ဦးခေါင်းမှာ သေနတ်ဒဏ်ရာတွေ ရရှိနေတာကို တွေ့ခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဇနီးဟောင်းဖြစ်သူ ခမ်းဟာတော့ အခင်းဖြစ်ပွားရာနေရာမှာ သေဆုံးသွားခဲ့ပြီး အာမက်ကို ဆေးရုံပို့ဆောင်ပေးခဲ့ပြီးနောက် သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့တွေက သက်သေအဖြစ် အခင်းဖြစ်ပွားရာနေရာမှာ သေနတ်တစ်လက်ကို သိမ်းဆည်းရမိခဲ့ပါတယ်။

source – woi

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။