Trending Now

န.စ.က လက်ထက်တွင် ပြည်ပချေးငွေ ၁ ဘီလီယံခွဲ နီးပါ လျော့ကျလာသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

Spread the love

န.စ.က လက်ထက်တွင် ပြည်ပချေးငွေ ၁ ဘီလီယံခွဲ နီးပါ လျော့ကျလာသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၁၈

န.စ.က လက်ထက်တွင် ပြည်ပမှချေးငွေထပ်မယူဘဲ ဒေါ်လာ ၁ ဘီလီယံခွဲ နီးပါပြန်ဆပ် နိုင်ခဲ့သဖြင့် ပြည်ပကြွေးမြီ ဒေါ်လာ ၁၀ ဒသမ ၆၈ ဘီလျံသို့ လျော့ကျလာသည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

” ကျွန်တော်တို့အစိုးရအနေနဲ့ ဒီမိုကရေစီ ပထမအစိုးရသက်တမ်းကနေ ယခုအထိ ပြည်ပကြွေးမြီများကို တာဝန်သိစွာ အရင်းရောအတိုးရောပေးဆပ်လျက်ရှိပါတယ်။ ကျွန်တော်တို့အစိုးရလက်ထက်မှာ ပြည်ပကြွေးမြီ ဒေါ်လာ ၁ ဒသမ ၄၉၅ ဘီလျံ ပြန်လည်ပေးဆပ်နိုင်ခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံသည် သမ္မတကြီးဦးသိန်းစိန် လက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြီး ဒေါ်လာ ၇ ဒသမ ၉၁ ဘီလီယံ။ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ပြည်ပကြွေးမြီး ဒေါ်လာ ၉ ဒသမ ၅၃ ဘီလီယံ ရှိခဲ့ပြီး NLD အစိုးလက်ထက် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ဒေါ်လာ ၉ ဒသမ ၁၄ ဘီလီယံ နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၂ ဒသမ ၀၈ ဘီလီယံအထိ ရှိခဲ့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

လက်ရှိ န.စ.က အစိုးရလက်ထက် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ပြည်ပကြွေးမြီး ၁၁ ဒသမ ၄၂ ဘီလီယံ ရှိခဲ့သော်လည်း န.စ.က အနေဖြင့်ပြည်တွင်းပြည်ပ ထောက်ပံမှုငွေမရှိဘဲ ဒေါ်လာ ၁ ဘီလီယံခွဲ နီးပါပြန်ဆပ်နိုင်ခဲ့သဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြီး ဒေါ်လာ ၁၀ ဒသမ ၆၈ ဘီလီယံသာ ကျန်ရှိတော့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုခဲ့သည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။