Trending Now

အိန္ဒိယတွင် ရှစ်နှစ်အရွယ် မိန်းကလေးအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူ သုံးဦး တစ်သက်တစ်ကျွန်းချမှတ်ခံရ

Spread the love

အိန္ဒိယတွင် ရှစ်နှစ်အရွယ် မိန်းကလေးအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူ သုံးဦး တစ်သက်တစ်ကျွန်းချမှတ်ခံရ

EPN
နိုင်ငံတကာ၊ ဇွန် ၁၁

အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသမှာ ရှစ်နှစ်အရွယ် မိန်းကလေးအား မုဒိမ်းကျင့်ပြီး နှိပ်စက်သတ်ဖြတ်ခဲ့သူ သုံးဦး အား တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရပါတယ်။

ဒါ့အပြင် အဆိုပါဖြစ်စဉ်မှာ သက်သေအ ထောက်အထားများကို ဖျောက်ပစ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်သုံးဦးကိုလည်း အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ ထောင်ဒဏ် ငါးနှစ်စီ ချမှတ်လိုက်ပါတယ်။ မုဒိမ်းကျင့် သတ်ဖြတ်ခံရတဲ့ မိန်းက လေးပာာ အိမ်ယာအခြေတကျမရှိသူဖြစ်ပြီး ရုပ်အလောင်းကို ကက်ပွာာမြို့ အနားရှိ တောထဲမှာတွေ့ရှိခဲ့ ခြင်းဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးမူများအပေါ် ပိာန္ဒူဘာသာ ၀င်လက်ယာယိမ်းအဖွဲ့တွေက ကန့်ကွက်မူတွေပြုလုပ်ခဲ့တာကြောင့် ပိုမိုကျယ်ပြန့်သွားကာ ခေါင်းကြီးပိုင်း သတင်းတွေမှာ ရေးသားဖော်ပြခဲ့ ပါတယ်။

ဒီဖြစ်စဉ်မှာ ပါဝင်တဲ့ ရှစ်ဦးထဲမှာ တစ်ဦးက အစိုးရအရာရှိပောာင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်လေးဦးနဲ့ အရွယ်မရောက် သေးသူတစ်ဦးတို့ကို စွဲချက်အသီးသီးတင်ရှိရာမှာ သူတို့တွေကတော့ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။ ရှစ် နှစ်အရွယ် မိန်းကလေးပာာ၂၀၁၈ နှစ်သစ်ကူးကာလမှာပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး သုံးပတ်နီးပါးအကြာမှ ခန္ဓာကိုယ်ကို ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးသူတွေရဲ့ ဖော်ထုတ်ချက်အရ ပြစ်မူကျူးလွန်သူတွေ ပာာ အဆိုပါ မိန်းကလေးကို ဒေသဆိုင်ရာ ဘုရားကျောင်းတစ်ခုထဲက ကျဉ်းမြောင်းသောနေရာမှာ ချုပ်နှောင်ခဲ့ ကြောင်း၊ မသိစိတ်ဖြစ်စေရန် စိတ်ငြိမ်ဆေး များတိုက်ကျွေးခဲ့ကြောင်း၊ မုဒိမ်းကျင့် နှိပ်စက်ပြီးနောက် သတ်ဖြတ်ခဲ့ ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒီဖြစ်စဉ်ကို ကျူးလွန်ဖို့ စီစဉ်ခဲ့တဲ့ အသက် ၆၀ နှစ်အရွယ် အစိုးရအရာရှိပောာင်း ဆန်ဂျေရမ်နဲ့ မုဒိမ်းကျင့် သတ် ဖြတ်ခဲ့သူ နှစ်ဦးကို တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၁၆ မူခင်းအချက်အလက်များအရ အိန္ဒိယ နိုင်ငံမှာ ၁၅ မိနစ်ရောက်တိုင်း ကလေးငယ်တစ်ဦးပာာ လိင်မူ ဆိုင်ရာ စော်ကားခံနေရကြောင်း သိရပါတယ်။

REF : BBC

Kathua child rape and murder: Three men given life sentences


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။