Trending Now

စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရွာအနီး၌ အပြစ်မဲ့ပြည်သူတစ်ဦးအား အကြမ်းဖက်သမား များက ဒလန်ဟုဆိုကာ သတ်ဖြတ်

Spread the love

စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရွာအနီး၌ အပြစ်မဲ့ပြည်သူတစ်ဦးအား အကြမ်းဖက်သမား များက ဒလန်ဟုဆိုကာ သတ်ဖြတ်

EPN

စစ်ကိုင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာ အနီးရှိ သရက်ခြံ၌ သက်သီးခူးနေသည့် အမျိုးသားတစ်ဦးအား အကြမ်းဖက်သမားများက ဒလန်ဟုဆိုကာ သေနတ်ဖြင့် လာရောက်ပစ်သတ်သွားခဲ့ကြောင်း သတင်းရရှိသည်။

“မနေ့က နေ့လည် ၁၂ နာရီခွဲလောက်က ခြံမှာ သရက်သီးခူးနေတဲ့ ဦးသုတကျော်ကို PDF တွေက ဆိုင်ကယ်တစ်စီးနဲ့ ရောက်လာပြီးလာပစ်သွားတာ” ဟု ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသူ ဦးသုတကျော်သည် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တံတားဦးကျေးရွာတွင် နေထိုင်သူတစ်ဦး ဖြစ်ပြီး ညောင်ပင်ဝန်းကျေးရွာအနီးရှိ သရက်ခြံသို့ သရက်သီးခူးရန် လာရောက်စဉ် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းက သွားရောက်စစ်ဆေးမှုများ လုပ်ဆောင်နေပြီး သေဆုံးသူ၏ ရုပ်အလောင်းကို နာရေးကူညီမှုအသင်းယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

သန်းဝင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။