Trending Now

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် (NSPNC) နှင့် NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများတွေ့ဆုံ၊ ငြိမ်းချမ်းရေးကိစ္စရပ်များ ဆွေးနွေး

Spread the love

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် (NSPNC) နှင့် NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများတွေ့ဆုံ၊ ငြိမ်းချမ်းရေးကိစ္စရပ်များ ဆွေးနွေး

EPN
နေပြည်တော်၊ မတ် ၂၉

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိင်းရေးကော်မတီ (NSPNC) နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များသည် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ ယမန်နေ့နံနက်ပိုင်းတွင် အလွတ်သဘော တွေ့ဆုံပြီး၊ ငြိမ်းချမ်းရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကော်မတီအဖွဲ့ဝင်များ၊ NCA လက်မှတ်ရေးထိုးထား သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုး သားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲချုပ် (PNLO)နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)မှ တာဝန်ရှိသူများ တက်ရောက်ကြခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိုင်ငံတော်အစိုးရမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအခြေအနေ၊ ပဋိပက္ခများ လျှော့ချနိုင်ရေး၊ ယုံကြည်မှုတည်ဆောက်ရေး၊ နိုင်ငံရေးဆွေး နွေးပွဲများကျင်းပနိုင်ရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံဖြိုးတိုးတက်ရေးနှင့် လက်ရှိငြိမ်းချမ်းရေးအခြေ အနေများကို ပြောကြားသည်။

ထို့နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စားလှယ်များက တစ်ဖွဲ့ချင်းစီ၏ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်နှင့် ပတ်သက်သည့် သဘောထားများကို အလွတ်သဘော ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီသည် တက် ရောက်လာကြသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တစ်ဖွဲ့ချင်းစီ သီးခြားတွေ့ဆုံ၍ လက်ရှိ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးဆောင်ရွက်နိုင်မှုများ၊ ဆက်လက်လုပ်ဆောင်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေးနှင့် ဒေသဖွံဖြိုးရေးဆိုင်ရာကိစ္စများကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။