Trending Now

စစ်ပွဲနှင့်ဒဏ်ခတ်ပိတ်ဆို့ မှုများက အမေရိကန်အတွက် ဝင်ငွေအမြောက်အများ ရရှိခဲ့သည်ဟု တရုတ်ပြော

Spread the love

စစ်ပွဲနှင့်ဒဏ်ခတ်ပိတ်ဆို့ မှုများက အမေရိကန်အတွက် ဝင်ငွေအမြောက်အများ ရရှိခဲ့သည်ဟု တရုတ်ပြော

EPN
နိုင်ငံတကာ၊ ဧပြီ ၉

စစ်ပွဲနှင့်ဒဏ်ခတ်ပိတ်ဆို့ မှုများက အမေရိကန်အတွက် ဝင်ငွေအမြောက်အများ ရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက ပြောဆိုခဲ့သည်။

“စစ်ပွဲနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ဥရောပတိုက်မှာ ဒုက္ခသည်များစွာတိုးပွားစေတဲ့အပြင်၊ ငွေကြေးဆုံးရှုံးမှုနဲ့ လောင်စာဆီပြတ်လပ်မှုများ ကြုံရလင့်ကစား အမေရိကန်နိုင်ငံအတွက် အကျိုးအမြတ်တွေနဲ့ ဝင်ငွေအမြောက်အမြားရရှိစေခဲ့တယ်” ဟု ကျောက်လိကျန်းက ဆိုသည်။

ရုရှားနိုင်ငံ နှင့် ယူကရိန်းနိုင်ငံအကြားပဋိပက္ခ စတင်ဖြစ်ပွားချိန်ကတည်းက အမေရိကန် နိုင်ငံကက ရုရှားနိုင်ငံအပေါ် တဖက်သတ်ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး အခြားနိုင်ငံများကိုလည်း အလားတူဆောင်ရွက်ရန် အကျပ်ကိုင်ခဲ့သည်ဟု ကျောက်လိကျန်းက ဆိုသည်။

အစီရင်ခံစာအရ ၂၀၁၄ ခုနှစ်စတင်ပြီး ၈ နှစ်တာကာလအတွင်း အမေရိကန် ဦးဆောင်သည့် အဖွဲ့ဝင်နိုင်ငံများသည် ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုပေါင်း ၈,၀၆၈ ခု လုပ်ဆောင်ခဲ့ပြီး အီရန်နိုင်ငံပြီးလျင် ရုရှားနိုင်ငံသည် ကမ္ဘာ့ပေါ်တွင် ဒဏ်ခတ်ပိတ်ဆို့ခံရမှုအများဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။

“ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ လက်ထောက်အတွင်းရေးမှူး Mikhail Popov ရဲ့ ပြောဆိုချက်အရ ရုရှားနိုင်ငံက ရေနံကို မဝယ်ယူရန် ဥရောပတိုက်နိုင်ငံများကို ကို တွန်းအားပေးခဲ့ပေမဲ့ ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ အမေရိကန်ဟာ ရုရှားနိုင်ငံက တစ်နေ့ကို ရေနံစိမ်း စည်ပေါင်း ၁၀၀,၀၀၀ နဲ့ ရေနံစိမ်းတင်ပို့မှု ၄၃ ရာခိုင်နှုန်းအထိ တိုးမြှင့်တင်သွင်းခဲ့ပါတယ်” ဟု ကျောက်လိကျန်းက ထည့်သွင်းပြောဆိုခဲ့သည်။

ယင်းနောက် အမေရိကန် နိုင်ငံက ကုမ္ပဏီများကိုလည်း ရုရှားနိုင်ငံက ဓါတ်မြေ သြဇာတွေကိုတင်သွင်းခွင့်ပြုခဲ့ပြီး လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲ နှင့် ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ဥရောပတိုက်မှာ ဒုက္ခသည် အစုလိုက်အပြုံလိုက်တိုးလာသည့်အပြင် ၊ငွေကြေးဆုံးရှုံးနစ်နာမှုများနှင့် လောင်စာဆီပြတ်လတ်မှုတွေကြုံနေရသော်လည်း အမေရိကန်နိုင်ငံအနေဖြင့် အကျိုးအမြတ်တွေ၊ ငွေကြေးအမြတ်အစွန်းတွေရရှိခဲ့သည်ဟုဆိုသည်။

Source – Xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။