Trending Now

ပရီဂိုဇင်သေဆုံးမှုအတွက် စိတ်ရင်းအမှန်ဖြင့် ဝမ်းနည်းကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် ပြော

Spread the love

ပရီဂိုဇင်သေဆုံးမှုအတွက် စိတ်ရင်းအမှန်ဖြင့် ဝမ်းနည်းကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် ပြော

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၅

ပရီဂိုဇင်သေဆုံးသွားတဲ့ လေယာဉ်ပျက်ကျမှုအတွက် ပူတင်က ကြေကွဲစရာ အဖြစ်အပျက်တစ်ခုအဖြစ် ဖော်ပြခဲ့ပြီး သေဆုံးသူတွေရဲ့ မိသားစုဝင်တွေအတွက် စိတ်ရင်းအမှန်ဖြင့် ဝမ်နည်းကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ပရီဂိုဇင် ကို ၉၀ ခုနှစ် အစောပိုင်းကတည်းက သိခဲ့တာ အတော်ကြာပါပြီ။ သူက ရှုပ်ထွေးတဲ့ ကံကြမ္မာနဲ့ သူ့ဘဝမှာ ကြီးလေးတဲ့ အမှားတွေ လုပ်ခဲ့ပေမယ့် မှန်ကန်တဲ့ ရလဒ်တွေ ရခဲ့ပါတယ်” လို့ ပူတင်က ပြောကြားခဲ့ပါတယ်။

မော်စကိုမြောက်ပိုင်းမှာ သြဂုတ်လ ၂၄ ရက်နေ့က ဝဂ္ဂနာအုပ်စုလေယာဉ်ပျက်ကျပြီး ပုန်ကန်မှုကိုဦးဆောင်ခဲ့တဲ့ ပရီဂိုဇင်အပါအဝင် လေယာဉ်ပေါ်ပါ လူကိုးဦးစလုံး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ယူကရိန်းသမ္မတ ဇလန်ဇကီက အဆိုပါဖြစ်ရပ်နဲ့ မသက်ဆိုင်ကြောင်း အခိုင်အမာပြောကြားခဲ့ပြီး ” ဒီဖြစ်ရပ်နောက်ကွယ်မှာ ဘယ်သူလဲဆိုတာ လူတိုင်းသိမယ်ထင်ပါတယ်။ ကောင်းကင်ဘုံက တရားရုံးကို ဘုရားသခင်က စီရင်ပေမယ့် ရုရှားကတော့ အစားထိုးစရာ ပူတင်ရှိနေပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဇွန် ၂၃ ရက်မှ ဇွန် ၂၄ ရက်အထိ ပြည်တွင်းစစ်ကို ဆန့်ကျင်ရန် သတိပေးခဲ့တဲ့ ဝဂ္ဂနာကြေးစားစစ်တပ်ရဲ့ ပုန်ကန်မှုအတွင်း ပူတင်က မိန့်ခွန်းပြောကြားရာမှာ တစ်ချိန်က မဟာမိတ်ဖြစ်ခဲ့ဘူးတဲ့ သစ္စာဖောက်လို့ ပရီဂိုဇင်ကို ခေါ်ဆိုခဲ့ပါတယ်။

လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွးတဲ့ ဝဂ္ဂနာ အဖွဲ့ဝင်တွေဟာ ယူကရိန်းမှာ ရုရှားထိုးစစ်အတွက် သိသိသာသာ ပံ့ပိုးကူညီမှုတွေပြုလုပ်ပေးခဲ့တဲ့အတွက် ဒါကိုဘယ်တော့မှ မေ့မှာမဟုတ်ပါဘူးလို့ ပူတင်က ပြောကြားခဲ့ပါတယ်။

လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုဟာ အချိန်ယူရမှာဖြစ်ပေမယ့် ဒါကို ဆုံးခန်းတိုင်အောင် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ပူတင်က ပြောကြားခဲ့ပါတယ်။

အနောက်နိုင်ငံခေါင်းဆောင်အချို့ကတော့ လေယာဉ်ပျက်ကျမှုဟာ မတော်တဆမှုတစ်ခုလို့ သံသယရှိခဲ့ကြပြီး “ရုရှားမှာ ပူတင်မသိဘဲ ဖြစ်ပျက်ခဲ့တာတွေ အများကြီး မရှိပါဘူး” လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့ပါတယ်။

Ref; AFP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။