Trending Now

ဗန်းမော်၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ရေယာဉ်ကြီး ရေယာဉ်ငယ်များ သွားလာမှု အဆင်ပြေ

Spread the love

ဗန်းမော်၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ရေယာဉ်ကြီး ရေယာဉ်ငယ်များ သွားလာမှု အဆင်ပြေ

 

EPN
ဗန်းမော်၊ မေ ၂၈

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ယခုရက်ပိုင်း ဧရာဝတီ မြစ်ရေ မြင့်တက်လာခြင်းကြောင့် ရေယာဉ်ကြီး ရေယာဉ်ငယ်များ သွားလာမှု ပိုမိုအဆင်ပြေလာကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ဧရာဧဝတီ မြစ်ရေတိုးလာခြင်းကြောင့် ရေကြောင်းလမ်းကို အားကိုးအားထား ပြု၍ သွားလာကြရသော မန္တလေး-ကသာ-ဗန်းမော် ၂ထပ် ရေယာဉ်ကြီးများ၊ ဗန်းမော်-ကသာ-မန္တလေး ရှပ်ပြေးအမြန်ရေယာဉ် များသည် ဗန်းမော်မြို့ ရွှေဗန်းမော်ဆိပ်ကမ်း၊ ရှပ်ပြေးဆိပ်ကမ်းများသို့ ဆိုက်ကပ် ရပ်နားနိုင်ကြပြီး ခုတ်မောင်း သွားလာမှု အဆင်ပြေလာကြောင်း သိရသည်။

မေလ ၂၄ရက်နေ့ နံနက် ၆ နာရီခွဲ တိုင်ထွာချက်အရ ၄၇၀ စင်တီမီတာ ရှိရာမှ မေ ၂၈ ရက်နေ့ မွန်းလွဲ ၁၂နာရီခွဲ တိုင်းထွာချက်အရ ၇၉၇ စင်တီမီတာ ရောက်ရှိလာပြီး ၃၂၇ စင်တီမီတာ အထိ မြင့်တက် လာကြောင်း ဗန်းမော်ခရိုင် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနမှ သိရသည်။

“ဧရာဝတီအထက်ပိုင်း၊ တာပိန်မြစ်ဖျားပိုင်း မိုးကောင်းနေ လို့ဧရာဝတီ မြစ်ရေ မြင့်တက်လာတာ ဖြစ်တယ်”ဟု ခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင်သောင်းက ဆိုသည်။

ဗန်းမော်မြို့မ ရပ်ပြေး ဆိပ်ကမ်းတွင် မေလဆန်းက မြစ်ရေတိမ်နေသည့်အတွက် ခရီးသည်ရေယာဉ် ဆိုင်ကပ်နိုင်ခြင်း မရှိသည့်အတွက် စက်လှေငယ်ဖြင့် ရှပ်ပြေးယာဉ်ရှိရာသို့ တဆင့် ပို့ပေးရကြောင်း ယခု ရက်ပိုင်း ၁၀ ပေခန့် မြစ်ရေတိုးလာသည့် အတွက် ရှပ်ပြေးယာဉ်များ ကမ်းကပ် အဆင်ပြေသည်လာသည့် အတွက် ခရီးသည် အတက်အဆင်းနှင့် ကုန်တင်ကုန်ချလုပ်ငန်းများ ပိုမို အဆင်ပြေလာကြောင်း ဗန်းမော်မြို့ မနောဇေယျာ မန္တလာအထူး အမြန်ရေယာဉ်အသင်းမှ ဂိတ်မှူး ဦးမင်းဦး က EPN သို့ ပြောသည်။

လက်ရှိတွင် ဗန်းမော်မြို့တွင် မြစ်ရေ တိုးလာသည့်အတွက် ရှပ်ပြေး အမြန်ယာဉ်များအပြင် အခြားရေယာဉ်ကြီး ရေယာဉ်ငယ်များအနေနှင့် ရေကြောင်းသွားလာရေး အဆင်ပြေ ချောမွေ့လျှက်ရှိကြောင်း သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။