Trending Now

မိုးညှင်းမြိ့ုနယ် လွဲခမ်းတောင်အဆင်းတွင် ကုန်တင်ကား တစ်စီးချောက်အတွင်း ထိုးကျ

Spread the love

မိုးညှင်းမြိ့ုနယ် လွဲခမ်းတောင်အဆင်းတွင် ကုန်တင်ကား တစ်စီးချောက်အတွင်း ထိုးကျ 

EPN
မိုးညှင်း၊ မေ ၃၁

ကချင်ပြည်နယ် မိုးညှင်းမြိ့ု နယ် မော်ဟန်ဒေသ လွဲခမ်းတောင်အဆင်းတွင် ယနေ့ နေ့လယ်ပိုင်းက ကုန်တင်ကားတစ်စီး ချောက်အတွင်း ထိုးကျခဲ့ကြောင်း သိရသည်။

မိုးညှင်းမြိ့ုဘက်မှ မန္တလေးမြိ့ုဘက်သို့ ယာဉ်မောင်း ကျော်ဇင်မိုး မောင်းနှင်ပြီး ယာဉ်နောက်လိုက် မင်းမင်းဦး လိုက်ပါလာသည့် (၁၂)ဘီးယာဉ်အမျိုးအစား ကုန်ကား မော်တော်ယာဉ် တစ်စီးသည် မေလ(၃၁)ရက်နေ့၊ မွန်းလွဲ(၁၂)နာရီ(၁၅) မိနစ်အချိန်ခန့်တွင် မိုးညှင်းမြို့နယ် မော်ဟန်ဒေသ လွဲခမ်းတောင်အဆင်း မိုင်တိုင်အမှတ် (181/3) နှင့် (181/4)အကြား တွင် အရှိန်မထိန်းနိုင်ပဲ လမ်း၏ ယာဘက် ပေ(၂၀)ခန့် နက်သည့် ချောက်အတွင်းသို့ ထိုးကျ တိမ်းမှောက်ခဲ့သည်။

ထိုသို့ ကုန်တင်ကား ချောက်အတွင်းထိုးကျမှုကြောင့် ယာဉ်ပေါ် လိုက်ပါလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် မှာ ဒဏ်ရာ ပြင်းထန်စွာ မရှိခဲ့သော်လည်း (၁၂)ဘီးယာဉ်အမျိုးအစား ကုန်ကား မော်တော်ယာဉ်မှာ ခေါင်းပိုင်း ဇက်ကျိုးသွားသည်။

လက်ရှိတွင် ယာဉ်မောင်းဖြစ်သူ ကျော်ဇင်မိုးမှာ နှာခေါင်းအောက် ပေါက်ပြဲဒဏ်ရာ၊ နှုတ်ခမ်းအောက်ပေါက်ပြဲဒဏ်ရာ၊ မျက်နှာတစ်ခုလုံး ဖူးရောင်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် မော်ဟန်ကျေးရွာ သင်္ဂဟမေတ္တာ လူမှုကူညီရေးအသင်း ကားဖြင့် မိုးညှင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ချောက်ထဲကျသွားသော မော်တော်ယာဉ်အား ကရိန်းဖြင့် မ တင် နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။