Trending Now

ဖုန်းတွေဟာ ရေစိမ်ခံနိုင်တယ်လို့ လိမ်ညာပြီး ကြော်ငြာခဲ့တဲ့ ဆမ်(မ်)ဆောင်းကို ဩစတေးလျနိုင်ငံက ဒေါ်လာ ၁၀ သန်း ဒဏ်ရိုက်

Spread the love

ဖုန်းတွေဟာ ရေစိမ်ခံနိုင်တယ်လို့ လိမ်ညာပြီး ကြော်ငြာခဲ့တဲ့ ဆမ်(မ်)ဆောင်းကို ဩစတေးလျနိုင်ငံက ဒေါ်လာ ၁၀ သန်း ဒဏ်ရိုက်

EPN
နိုင်ငံတကာ၊ ဇွန် ၂၃

ဖုန်းအချို့ကို ရေစိမ်ခံနိုင်တယ်လို့ လိမ်ညာ ကြော်ငြာခဲ့တဲ့အတွက် ဆမ်(မ်)ဆောင်း(Samsung) ကုမ္ပဏီကို ဒေါ်လာ ၁၀ သန်းနီးပါး ဒဏ်ကြေးပေးဆောင်ဖို့ ဩစတေးလျနိုင်ငံ တရားရုံးက ဒီနေ့မှာ အမိန်ချမှတ်လိုက်တယ်လို့ ရိုက်တာသတင်းဌာက ဒီနေ့ ဖော်ပြထားပါတယ်။

ဆမ်(မ်)ဆောင်း ဂလက်စ်ဆီ ဖုန်းအချို့ရဲ့ ရေဒဏ်ခံနိုင်ရည်ရှိမှုအဆင့်နဲ့ ပတ်သက်ပြီး လွဲမှားစွာကြော်ငြာခဲ့တဲ့အတွက် သြစတေးလျနိုင်ငံ စားသုံးသူရေးရာ နဲ့ စည်းကမ်းထိမ်းသိမ်းရေး အဖွဲ့က ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ ကုမ္ပဏီကို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဆမ်(မ်)ဆောင်းကုမ္ပဏီက Galaxy ဖုန်းတွေဟာ ရေကန်တွေ နဲ့ ပင်လယ်ပြင် ရေအောက်မှာပါ အသုံးပြုနိုင်တယ်လို့ အခိုင်အမာပြောဆိုပြီး ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ် တွေမှာ ကြော်ငြာခဲ့ပါတယ်။ ဒါပေမယ့် ဖုန်းတွေဟာ တကယ်တမ်းမှာ အလုပ်မဖြစ်ခဲ့ဘဲ ရာနဲ့ချီတဲ့ တိုင်ကြားချက်တွေကို လက်ခံရရှိခဲ့တယ်လို့ စည်းကမ်းထိမ်းသိမ်းရေး အဖွဲ့ကပြောပါတယ်။

မှားယွင်းနေတဲ့ ကြော်ငြာက ဆမ်းဆောင်းကုမ္ပဏီရဲ့ အရောင်းအားကို မြင့်တင်ပေးခဲ့ပြီး သုံးစွဲသူတွေဟာ ကုမ္ပဏီရဲ့ လိမ်ညာမှုကို ခံခဲ့ရတာကြောင့် တရားစွဲခဲ့တာလို့ စည်းကမ်းထိမ်းသိမ်းရေး အဖွဲ့ ဥက္ကဌက ပြောပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဆမ်(မ်)ဆောင်းကုမ္ပဏီကို ရိုက်တာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ကုမ္ပဏီဘက်က တုံ့ပြန်ပြောဆိုခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

Source – ရိုက်တာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။