Trending Now

မြစ်ကြီးနားမြို့တွင် အသက် ၆၀ နီးပါးရှိ အမျိုးသမီးကြီးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Spread the love

မြစ်ကြီးနားမြို့တွင် အသက် ၆၀ နီးပါးရှိ အမျိုးသမီးကြီးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ မတ်လ ၂၃

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင်အသက် ၆၀ နီးပါးရှိ အမျိုးသမီးကြီးတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများကို မတ်လ ၂၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မြစ်ကြီးနားမြို့မရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်တွင် ဒေါ်ခေါန်လမ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား မူးယစ်သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၇၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၁၄ သိန်း) အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ဒေါ်ခေါန်လမ် (၅၈)နှစ်အား မြစ်ကြီးနားမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၅ ရက်ကလည်း မန္တလေးမှ မြစ်ကြီးနားသို့ အသက် ၅၀ နှစ်ရှိအမျိုးသမီးကြီးတစ်ဦး သယ်ဆောင်လာသည့် ဘိန်းဖြူများကို နန့်စီအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။