Trending Now

စိမ်းမြဧရာ ပန်းခြံကို ပြန်လည်အဆင့်မြှင့်တင်ရန် သယံဇာတရေးရာဝန်ကြီး မြေပြင်ကွင်းဆင်ကြည့်ရှူ့

Spread the love

စိမ်းမြဧရာ ပန်းခြံကို ပြန်လည်အဆင့်မြှင့်တင်ရန် သယံဇာတရေးရာဝန်ကြီး မြေပြင်ကွင်းဆင်ကြည့်ရှူ့

EPN
မြစ်ကြီးနား ၊ စက်တင်ဘာ ၁၇

ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်းရှိ စိမ်းမြဧရာပန်းခြံအား ယခုအချိန်တွင် ပြန်လည်အဆင့်မြှင့်တင်ရန် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်မှ ယမန်နေ့ မနက် ပိုင်းအချိန်က လိုက်လံစစ်ဆေးကြည့်ရှု့ခဲ့ကြောင်းသိရသည်။
စိမ်းမြဧရာပန်းခြံ အတွင်းရှိ ကလေးကစားကွင်းများ လျှောက်လမ်းများ အလှပန်းများကို ထပ်မံအဆင့်မြှင့် ပြုပြင်မူများပြုလုပ်ရန် ပြည်နယ်သယံဇာတရေးရာဝန်ကြီး လာရောက်ကြည့်ရှူ့စစ်ဆေးခဲ့ကြောင်း စိမ်းမြဧရာပန်းခြံ မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
“မနေ့က ဝန်ကြီးလာရောက် စစ်ဆေးတယ် ပန်းခြံအတွင်းမှာရှိတဲ့ ကလေးကစားကွင်းတွေ ပျက်ဆီးနေတဲ့ ကစားကွင်းတွေ လမ်းတွေ အလှပန်းတွေ ထပ်မံအဆင့်မြှင့်ပေးဖို့ ပြုပြင်ဖို့ နဲ့ ကလေးတွေ ဆော့ကစားတဲ့နေရာမှာ အန္တရာယ်မရှိဖို့ လိုအပ်မှုတွေကို အဆင့်မြင့်တင်ပေးဖို့ မှာကြားခဲ့တယ် “ဟု ၎င်းကပြောပြသည်။
လက်ရှိအချိန်တွင် စိမ်းမြဧရာပန်းခြံအား ထပ်မံအဆင့်မြှင့်တင်နိုင်ရေးအတွက် စတင်လုပ်ဆောင်လျက်ရှိပြီး စက်ပစ္စည်းအသစ်များ တင်သွင်းနိုင်ရန် မှာယူထားကြောင်း သိရသည်။

အဆိုပါ စိမ်းမြဧရာပန်းခြံအား ၂၀၁၇ ခုက စတင်ပြီး ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးမှ ပြည်နယ်အစိုးရ ထံမှ မြေငှားရန်ခ အနေဖြင့် တစ်လလျှင် (၂၅)သိန်း ငှားရမ်းလုပ်ကိုင်နေခြင်းဖြစ်ပြီး ပန်းခြံအတွင်း ကလေးကစားကွင်းများ၊ ဖူဆယ်ဘောလုံးကွင်း စားသောက်ဆိုင် ဓါတ်ပုံ ရိုက်ကူးရေးနှင့် ပြည်သူများအနားယူအပန်းဖြေနိုင်ရန် ဖွင့်လှစ်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။
မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။