Trending Now

ပိုလန်နိုင်ငံက ဂျာမနီနိုင်ငံထံမှ စစ်လျော်ကြေး ယူရိုငွေ ၁.၃ ထရီလီယံတောင်းဆို

Spread the love

ပိုလန်နိုင်ငံက ဂျာမနီနိုင်ငံထံမှ စစ်လျော်ကြေး ယူရိုငွေ ၁.၃ ထရီလီယံတောင်းဆို
EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၃
ဒုတိယကမ္ဘာစစ်အတွင်း ပိုလန်နိုင်ငံက ဆုံးရှုးမှုအားလုံးကို ခန့်မှန်းတွက်ချက်လိုက်ရာ ယူရိုငွေ ၁.၃ ထရီလီယံ ခန့်ရှိပြီး အဆိုပါဆုံးရှုးမှုများအတွက် ဂျာမနီထံမှစစ်လျော်ကြေးတောင်းခံရန် ဂျာမနီနိုင်ငံနဲ့ ညှိနှိင်းသွားမယ်လို ပိုလန်နိုင်ငံက စက်တင်ဘာလ ၁ ရက်နေ့က ပြောကြားလိုက်ပါတယ်။
“စုစုပေါင်း ပိုလန်ငွေကြေး ၆.၂ ထရီလီယံလောက်ရှိပါတယ်။” လို အာဏာရပါတီဖြစ်တဲ့ ဥပဒေစိုးမိုးရေးနဲ့ တရား မျှတမှုပါတီရဲ့ ခေါင်းဆောင်ဖြစ်သူ ဂျာရိုစလောကတ်ချင်စကီ (Jaroslaw Kaczynski) က ပြောပါတယ်။
အဲဒီစစ်လျော်ကြေးငွေအများစုဟာ ပိုလန်နိုင်ငံသား ၅.၂ သန်း သေဆုံးမှုအတွက် လျော်ကြေးတောင်းတာဖြစ်ပါ တယ်လို ဂျာရိုစလောကတ်ချင်စကီက ပြောပါတယ်။ လျော်ကြေးငွေလက်ခံရရှိရေးဟာ ကာလရှည်လျားပြီး ခက် ခဲတဲ့လုပ်ငန်းစဉ်ဖြစ်လိမ့်မယ်လို ၎င်းက ပြောပါတယ်။
“ဒီဆုံးဖြတ်ချက်ဟာ ကျွန်တော်တို အကောင်အထည်ဖော်ဆောင်ရွက်မယ့် ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်။” လို ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှာ နာဇီဂျာမနီက ပိုလန်နိုင်ငံကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ နှစ်ပတ် လည်အခမ်းအနားနေ့မှာ ဂျာရိုစလောကတ်ချင်စကီက ပြောပါတယ်။
၁၉၃၉ ခုနှစ်ကနေ ၁၉၄၅ ခုနှစ် ကြားမှာ ပိုလန်နိုင်ငံရဲ့ဆုံးရှုးမှုတွေနဲ့ပတ်သက်ပြီး တင်ပြခဲ့တဲ့အစီရင်ခံစာတစ် စောင်ကို ရည်ညွှန်းပြီး ကတ်ချင်စကီက ညီလာခံတစ်ခုမှာမိန့်ခွန်းထဲ ထည့်သွင်းပြောကြားခဲ့ပါတယ်။
၂၀၁၅ ခုနှစ်အာဏာရလာကတည်းက ဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုပါတီဟာ စစ်လျော်ကြေးရရှိရေးကို မကြာ ခဏ ဇောင်းပေးဖော်ပြခဲ့ပြီး ဂျာမန်အစိုးရအနေနဲ့ ကျင့်ဝတ်သိက္ခာအရ ဆောင်ရွက်သင့်တယ်လို ဆိုပါတယ်။
ဂျာမနီနိုင်ငံတော့ အရှေ့ဂျာမနီကိုဆန့်ကျင်ပြီး တောင်းဆိုနေတာတွေကို ၁၉၅၃ ခုနှစ်မှာ ပိုလန်နိုင်ငံက စွန့်လွှတ် ပြီးသားဖြစ်ကြောင်း ထောက်ပြပြီး ပိုလန်နိုင်ငံရဲ့တောင်းဆိုချက်တွေကို အမြဲလိုလို ပယ်ချခဲ့ပါတယ်။
စစ်လျော်ကြေးတောင်းခံမှုနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိင်းဖို ပိုလန်နိုင်ငံရဲ့တောင်းဆိုချက်ကို ဂျာမန်အစိုးရက စက်တင်ဘာလ ၁ ရက်နေ့က ပယ်ချလိုက်ပါတယ်။
“ဂျာမန်အစိုးရရဲ့ ရပ်တည်ချက်က မပြောင်းလဲပါဘူး။ စစ်လျော်ကြေးပေးရေးကိစ္စတွေကို ပိတ်ပင်ရပ်ဆိုင်းထားပါ တယ်။” လို ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်က AFP သတင်းဌာနကို အီးမေးလ်နဲ့ ပြောပါတယ်။
Ref: Poland Asks Germany for War Reparations of 1.3 Trillion Euros

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။