Trending Now

ရွှေသောင်ယံကမ်းခြေသို့ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ခရီးသွားဧည့်သည် ၃သောင်းနီးပါး လာရောက်လည်ပတ်     

Spread the love

ရွှေသောင်ယံကမ်းခြေသို့ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ခရီးသွားဧည့်သည် ၃သောင်းနီးပါး လာရောက်လည်ပတ်

EPN
ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၂ (၂၀၂၄)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ရှိ ရွှေသောင်ယံကမ်းခြေသို့ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းခရီးသွားဧည့်သည် ၃သောင်းနီးပါး လာရောက်လည်ပတ်ခဲ့ကြောင်း ရွှေသောင်ယံကမ်းခြေ ခရီးသွားလုပ်ငန်းအသင်းခရီးသွားတာဝန်ခံ ဒေါ်ချယ်ရီမြင့်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရီးသွားဒေသများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ပုသိမ်မြို့နယ်၊ ရွှေသောင်မြို့ရှိ ရွှေယံကမ်းခြေသို့ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ခရီးသွားဧည့်သည် ၂၀၅၆၅ ဦးအထိသာ လာရောက်လည်ပတ်ခဲ့ပြီး၊ ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်အထိ တစ်လအတွင်း ခရီးသွားဧည့်သည် ၂၈၅၅၅ ဦးအထိ လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

” ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ရွှေသောင်ယံကမ်းခြေကိုလာတဲ့ ခရီးသွားအပန်းဖြေသူတွေ များခဲ့ပါတယ်။ လာတဲ့ဧည့်သည်တွေက နေ့ချင်းပြန်လာတဲ့ ဧည့်သည်များတယ်။ လွတ်လပ်ရေးနေ့ အလုပ်ပိတ်ရက်မှာလာတဲ့ ဧည့်သည်တွေ ပိုများခဲ့ပါတယ်။ အခု ပွင့်လင်းရာသီ ရောက်လာပြီဖြစ်လို့ လာမယ့်ဧပြီလနဲ့ သင်္ကြန်ကာလနှစ်ကူးပိတ်ရက်တွေမှာ ခရီးသွားတွေ ပိုမို လာရောက်ဖို့ မျှော်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ရွှေသောင်ယံ ကမ်းခြေကိုလာတဲ့ ခရီးသွားဧည့်သည်တွေထဲမှာ ပြည်တွင်းဧည့်သည်တွေအပြင် ပြည်ပခရီးသွားတွေ ပါလာခဲ့ပါတယ် ” ဟုရွှေသောင်ယံကမ်းခြေ ခရီးသွားလုပ်ငန်းအသင်း ခရီးသွားတာဝန်ခံ ဒေါ်ချယ်ရီ မြင့်က ပြောသည်။

ရွှေသောင်ယံကမ်းခြေတွင် ရွှေသောင်ယံဟိုတယ်နှင့် Lai Lai ဟိုတယ် အပါအဝင် ဟိုတယ်နှင့် တည်းခိုရိပ်သာ အလုံးရေစုစုပေါင်း ၂၀ ကျော်ဖြင့် ကမ်းခြေသို့ လာသည့် ခရီးသွားများအား ဝန်ဆောင်မှုပေးလျက်ရှိပြီး၊ ကမ်းခြေတွင် ပင်လယ်စာအမျိုးမျိုး၊ လက်ဆောင်ပစ္စည်း အမျိုးမျိုး၊ စက်ဘီငှားလုပ်ငန်း၊ မော်တော်ဘုတ်ငှားလုပ်ငန်း၊ မြင်းငှားလုပ်ငန်း စသည့်လုပ်ငန်းများဖြင့်လည်း ခရီးသွားများကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်

၎င်းအပြင် ကမ်းခြေသို့လာရောက် လည်ပတ်သည့် ခရီးသွားဧည့်သည်များ၏ လုံခြုံရေး၊ စနစ်တကျ လည်ပတ် အပန်းဖြေနိုင်ရေး၊ သန့်ရှင်ရေး၊ စည်းကမ်းထိန်းသိမ်းရေး စသည့်လုပ်ငန်းများကို ရဲတပ်ဖွဲ့၊ တပ်မတော်၊ ခရီးသွားလုပ်ငန်း အသင်းများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ ဒေသခံများက ပေါင်းစပ်ဆောင်ရွက်နေကြောင်း သိရသည်။

အလင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။