Trending Now

နိုင်ငံ၏ အကျပ်အတည်းအဆုံးသတ်ရန်အတွက် ရွေးကောက်ပွဲကို အလျင်အမြန်ကျင်းပရန် လစ်ဗျားဝန်ကြီးချုပ် တိုက်တွန်း

Spread the love

နိုင်ငံ၏ အကျပ်အတည်းအဆုံးသတ်ရန်အတွက် ရွေးကောက်ပွဲကို အလျင်အမြန်ကျင်းပရန် လစ်ဗျားဝန်ကြီးချုပ် တိုက်တွန်း

EPN

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၄

လစ်ဗျားနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော နိုင်ငံရေး အကျပ်အတည်းကို အဆုံးသတ်နိုင်ရန်အတွက် ရွေးကောက်ပွဲများ အမြန်ဆုံးကျင်းပ နိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အပ်ဒဲ ဟာမစ်ဒီဘီဘာက ယမန်နေ့တွင် ပြောကြားသည်။

လစ်ဗျားနိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးတို့ ဖြစ်လာစေရေးအတွက် ရွေးကောက်ပွဲများကို အလျင်အမြန်ကျင်းပရန် လိုအပ်ကြောင်း ဝန်ကြီးချုပ်ဒီဘီဘာက မြို့တော် ထရီပိုလီ၏ အနောက်ဘက် ကီလိုမီတာ ၁၂၀ ရှိ ရက်ဒါလန် မြို့တွင် ကျင်းပသော အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။

ဝန်ကြီးချုပ်အနေဖြင့် လက်ရှိအချိန်တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် ဒေသတွင်းရှိ သက်ဆိုင်ရာ နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းဆွေးနွေးမှုများဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောကြားသည်။

လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများအတွက် အောက်လွတ်တော် ပါလီမန်တွင် တာဝန်ရှိကြောင်း ဒီဘီဘာက ပြောကြား ခဲ့ပြီး လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် နိုင်ငံရေးပါတီအား နိုင်ငံ့တာဝန် လွှဲပြောင်းမှု မပြုလုပ်မီအထိ ဝန်ကြီးချုပ်ဒီဘီဘာဦးဆောင်သော အစိုးရက နိုင်ငံ့တာဝန် ထမ်းဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

လစ်ဗျားတွင် အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၄ ရက် ၂၀၂၁ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း နည်းပညာနှင့် ဥပဒေဆိုင်ရာ ပြဿနာများကြောင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ကြောင်း အမျိုးသားရွေးကောက်ပွဲ ကော်မရှင်က ပြောကြားခဲ့သည်။

— ကိုးကား —
Xinhua
Ref; Libyan PM urges holding elections to end crisis


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။