Trending Now

ဂျပန်နိုင်ငံတွင် အရေးပေါ်အခြေအနေ အပြီးတိုင် ရုတ်သိမ်းလိုက်ပြီ

Spread the love

ဂျပန်နိုင်ငံတွင် အရေးပေါ်အခြေအနေ အပြီးတိုင် ရုတ်သိမ်းလိုက်ပြီ

EPN
နိုင်ငံတကာ၊ မေ ၂၅

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီဖြစ်သည့် တိုကျိုမြို့ တော်နှင့် ဟော့ကိုင်းဒိုးကျွန်းတွင် ယနေ့ အရေးပေါ်အခြေအနေ ရုတ်သိမ်းခဲ့ရာ တစ်နိုင်ငံလုံးရှိ စီရင်စု ၄၇ ခုတွင် အရေးပေါ်အခြေအနေ အပြီးတိုင် အဆုံးသတ်သွားပြီဖြစ်သည်။

တိုကျိုမြို့၊ ချီးဘား၊ ဆိုင်တမနှင့် ကာနာဂါဝါစီရင်စုများအပြင် မြောက်ဘက်အစွန်ဆုံးရှိ ဟော့ကိုင်းဒိုး ကျွန်းတွင် ဧပြီလကတည်းက ချမှတ်ထားသည့် အရေးပေါ်အခြေအနေကို သတ်မှတ်ရက်မတိုင်မီ ရုတ်သိမ်းလိုက် ကြောင်း ရှင်ဇိုအာဘေးက သတင်းထောက်များသို့ ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ၏ အရေးပေါ်အခြေအနေမှာ မေလ ၃၁ ရက်မှသာ သက်တမ်းကုန်မည်ဖြစ်သည်။ “နိုင်ငံတစ် ဝန်း အရေးပေါအခြေအနေ အဆုံးသတ်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော်တို့ တစ်လခွဲအတွင်း ရော ဂါကူးစက်မှုအခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်” ဟု ၄င်းက ဆိုသည်။

ရှင်ဇိုအာဘေးက ဧပြီလ ၇ ရက်တွင် တိုကျိုမြို့နှင့် စီရင်စုခြောက်ခုအတွက် တစ်လကြာ အရေးပေါ်အခြေ အနေ ကြေညာခဲ့ပြီး ဧပြီလ ၁၆ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာ အရေးပေါ်အခြေအနေအဖြစ် တိုးချဲ့ခဲ့သည်။

အရေးပေါ်အခြေအနေမှာ မူလက မေလ ၆ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း အစိုးရက နောက်ပိုင်းတွင် မေလ ၃၁ ရက်အထိ သက်တမ်းတိုးခဲ့သည်။

လက်ရှိအချိန်ထိ ဂျပန်နိုင်ငံ၌ ဓာတ်ခွဲအတည်ပြု ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ၁၆၆၂၃ မှုနှင့် သေဆုံးသူ ၈၅၆ ဉီးရှိကြောင်း သိရသည်။

–ကိုးကား–
ဆင်ဟွာ
Ref; Japan’s Abe lifts COVID-19 state of emergency completely


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။