Trending Now

ရန်ကုန်လေဆိပ်နှင့် မိုးဇလရုံးတို့ကိုပစ်ခတ်ရန် ပြင်ဆင်ထားသည်ဟု ယူဆရသော ရှော့တိုက်ဒုံး (၃)လုံးကို အချိန်မီ ရှင်းလင်းနိုင်ခဲ့

Spread the love

ရန်ကုန်လေဆိပ်နှင့် မိုးဇလရုံးတို့ကိုပစ်ခတ်ရန် ပြင်ဆင်ထားသည်ဟု ယူဆရသော ရှော့တိုက်ဒုံး (၃)လုံးကို အချိန်မီ ရှင်းလင်းနိုင်ခဲ့

EPN
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ (၂၀၂၄)

ရန်ကုန်လေဆိပ်နှင့် မရမ်းကုန်းမြို့နယ်ရှိ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရုံးတို့အား ပစ်ခတ်ရန်ပြင်ဆင်ထားသည်ဟု ယူဆရသော ရှော့တိုက်ဒုံး (၃)လုံးကို ယမန်နေ့ ဖေဖော်ဝါ ရီ ၁၂ ရက် (ပြည်ထောင်စုနေ့)၊ နံနက်ပိုင်းက ငမိုးရိပ်ချောင်းဘေးရှိ ခြံကွက်လပ်အတွင်း၌ တွေ့ရှိခဲ့ရကြောင်း သိရသည်။

ယမန်နေ့နံနက် ၇ နာရီခွဲခန့်က ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၁)တိုးချဲ့ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းရှိ ငမိုးရိပ်ချောင်းဘေး ခြံကွက်လပ်အတွင်း၌ ရှော့တိုက်ဒုံးများ တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြသည်။

ယင်းကဲ့သို့ သွားရောက်စစ်ဆေးရာ သတင်းရရှိသည့် ခြံကွက်လပ်အတွင်း၌ ရန်ကုန်လေဆိပ်နှင့် မိုးဇလရုံးတို့ကိုပစ်ခတ်ရန် ပြင်ဆင်ထားသည်ဟု ယူဆရသော ချိန်ကိုက်နာရီများဖြင့် ချိတ်ဆက်ထားသည့် တရုတ်နိုင်ငံထုတ် ၁၀၇ မမ ရှော့တိုက်ဒုံး (၃)လုံးနှင့် ဆိုင်ကယ်ဘတ္ထရီ (၁)လုံးတို့ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါ ခြံကွက်လပ်အတွင်း လုံခြုံရေးအဖွဲ့ဝင်များက ရှော့တိုက်ဒုံးများအား သက်မဲ့ပြုလုပ် ရှင်းလင်း၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။