Trending Now

ကသာမြို့နယ် အင်းရွာမှာ အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်နေတဲ့ လူ ၄ ယောက်ကို နယ်မြေရှင်းလင်းရေးအဖွဲ့က ဝင်ရောက်ဖမ်းဆီး

Spread the love

ကသာမြို့နယ် အင်းရွာမှာ အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်နေတဲ့ လူ ၄ ယောက်ကို နယ်မြေရှင်းလင်းရေးအဖွဲ့က ဝင်ရောက်ဖမ်းဆီး
EPN
ကသာ၊ ဖေဖော်ဝါရီ ၁၈
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ရွှေလီမြစ်နဲ့ ဧရာဝတီမြစ်အကြားရှိ အင်းစံပြကျေးရွာမှာ အခုလ ၁၇ ရက် ၊ မနေ့က ညနေပိုင်းမှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့ရောက်ရှိပြီး အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်ပတ်သက်နေတဲ့ ရွာခံ လူ ၄ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ ကသာမြို့ခံတွေထံက သိရပါတယ်။
“စစ်ကြောင်းရောက်လာပြီး ဝင်ဖမ်းတ ၊ ၄ ယောက်မိတယ်၊ ၁ ယောက်ကလွတ်သွားတယ်” လို့ အင်းရွာ ဒေသခံ တစ်ယောက်က ပြောပါတယ်။
အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ကသာခရိုင်ကောင်စီရုံးနဲ့ နီးစပ်သူတစ်ယောက်က “အင်းရွာကျေးရွာမှာ နေထိုင်တဲ့ ကျော်ကျော်မွန်ရဲ့ နေအိမ်ကို သွားရောက်စစ်ဆေးခဲ့ရာ နေအိမ်မှာ ကျော်ကျော်မွန်နှင့်အတူ အင်းရွာကျေး ရွာနေ ခင်မောင်သိန်း၊ အောင်ကိုကိုဦးနှင့် ဇင်မင်းထက်တို့အားဖမ်းဆီးရမိတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် ဖမ်းဆီးရမိသူ ၄ ဦးရဲ့ ဖော်ထုတ်ထွက်ဆိုချက်အရ အင်းရွာကျေးရွာရှိ PDF အကြမ်း ဖက္များဖြစ်တဲ့ မော်လဝီအောင်ဝင်းနှင့် မင်းဇော်ဦးတို့ရဲ့ နေအိမ်အားသွားရောက် စစ်ဆေးခဲ့ရာ အကြမ်းဖက်သမား တွေဟာ နေအိမ်တွင်မရှိဘဲ မော်လဝီအောင်ဝင်း နေအိမ်အတွင်းမှ အကြမ်းဖက်သင် တန်းဖွင့်လှစ်နိုင်ရေးလှူဒါန်းထားသော စာအိတ် ၃ အိတ်၊ တူးမီးပြုလုပ်ရာတွင် အသုံး ပြုသည့်စတီပြောင်း ၄ ချောင်း၊ လျှပ်စစ်သံဖြတ်လွှ ၂ ခု၊ တွင်ခုံ ၁ ခုနှင့် မင်းဇော်ဦး နေအိမ်အတွင်းမှ ၉ မမ ပစ္စတို ကျည် ၁ တောင့်၊ ပြောက်ကျား ဦးထုပ် ၁ လုံး၊ ပြောက်ကျား အနွေးထည် ၂ ထည်၊ အနက် ရောင် ဝတ်စုံ(အင်္ကျီ/ဘောင်းဘီရှည်) ၂ စုံ၊ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အလုပ်မ ဖြစ်၊ အမြန်ဆုံးဖယ်ရှားပစ်” စာတမ်းပါ စတေကာ ၂ ခု၊ NLD တံဆိပ်ပါ ပန်းချီကား ၁ ချပ်တို့အားသိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက အင်းသံပြကျေးရွာမှာရှိတဲ့ အင်းရွာနယ်မြေရဲစခန်းကို အကြမ်းဖက်အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။