Trending Now

Sun Outage ဖြစ်စဉ်ကြောင့် ရုပ်သံထုတ်လွှင့်မှုများ ပြတ်တောက်နိုင်

Spread the love

Sun Outage ဖြစ်စဉ်ကြောင့် ရုပ်သံထုတ်လွှင့်မှုများ ပြတ်တောက်နိုင်
EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၂
SunOutage ဖြစ်စဉ်ကြောင့် Thaicom-6 ဂြိုဟ်တုကို အသုံးပြု၍ ထုတ်လွင့်နေသော ရုပ်သံလိုင်းများနှင့် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်နေသော TV Channel များ၊ ရေဒီယိုအစီအစဉ်များ သည် လာမည့် မတ်လ ၅ ရက်နေ့မှ မတ်လ ၁၆ ရက် နေ့အထိ နေ့စဉ် ၁ မိနစ်မှ ၁၈ မိနစ်ခန့်အထိ Signal ပြတ်တောက်မှု ဖြစ်ပေါ်နိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်ထားသည်။
နေ၊ ဂြိုဟ်တုနှင့်TVRO (စလောင်း) တို့ တစ်တန်းတည်း ကျရောက်ချိန်တွင် Sun Outage ဖြစ်ပေါ်ပြီး ယင်းသို့ဖြစ်ပေါ်ချိန်တွင် ဂြိုဟ်တုမှ ပေးပို့ထုတ်လွှင့်နေသော အရုပ်/အသံ အချက်အလက်များ ခေတ္တယာယီ ပြတ်တောက်မှုများ ဖြစ်ပေါ်လေ့ရှိကြောင်း ဖော်ပြထားသည်။
Sun outage ဖြစ်စဉ်မှာ နှစ်စဉ်ကြုံတွေ့ ရလေ့ရှိသည့် သဘာဝဖြစ်စဉ် တစ်ခုဖြစ်ပြီး နှစ်စဉ်မတ်လတွင် တစ်ကြိမ်၊ စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းတွင် တစ်ကြိမ် ကြုံတွေ့ရလေ့ရှိပြီး ၎င်းဖြစ်စဉ်သည် ထုတ်လွှင့်သည့် ဂြိုဟ်တု၊ ဖမ်းယူသည့် TVRO (စလောင်း) အရွယ်အစားနှင့် တည်နေရာတို့အပေါ် မူတည်၍ Sun Outage ဖြစ်သောအချိန်နှင့် Singal ပြတ်တောက်မှု ကြာချိန်တို့ ကွာခြားမှုရှိနိုင်ကြောင်း ထည့်သွင်း ထုတ်ပြန်ထားသည်။
ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။