Trending Now

၁၈ လ တာ ကာလအတွင်း အပြစ်မဲ့ အရပ်သား သုံးထောင် ကျော် သေဆုံးခဲ့ခြင်း အပေါ် စိတ်မကောင်းဖြစ်ရကြောင်း နစက ဥက္ကဌမှ ပြောကြား

Spread the love

၁၈ လ တာ ကာလအတွင်း အပြစ်မဲ့ အရပ်သား သုံးထောင် ကျော် သေဆုံးခဲ့ခြင်း အပေါ် စိတ်မကောင်းဖြစ်ရကြောင်း နစက ဥက္ကဌမှ ပြောကြား

EPN
မြစ်ကြီးနား၊ ဩဂုတ် ၁

တပ်မတော်မှ နိုင်ငံတော်တာဝန် ယူထားသည့် (၁၈) လတာ ကာလအတွင်း အကြမ်းဖက်မှုကြောင့် အပြစ်မဲ့အရပ်သား ၃၄၈၃ ဦး သေဆုံးခဲ့ခြင်းအပေါ် စိတ်မကောင်း ဖြစ်ရကြောင်း နစက ဥက္ကဌမှ ပြောကြားခဲ့သည်။

နစက ၏ ၁ နှစ်နှင့် ၆ လ(၁၈ လ) ပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ သြဂုတ် ၁ ရက်(ယနေ့)နံနက် ၈ နာရီအချိန်တွင် ပြည်သူလူထုသို့ပြောကြသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

၁၈ လတာ ကာလအတွင်း(၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃ ရက်အထိ) တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် လက်ပစ်ဗုံး/လက်လုပ်ဗုံးပစ်ခတ်ခံရမှု၊မိုင်းခွဲမှု ၇၂၄၆ ကြိမ်၊ တိုက်ခိုက်/သတ်ဖြတ်ခံရမှု ၆၅၆၇ ကြိမ်၊မီးရှို့ခံရမှု ၁၀၉၄ ကြိမ် (စုစုပေါင်း ၁၄၉၀၇ ကြိမ်) ဖြစ်ပွားခဲ့သည်ဟု ၎င်းကပြောသည်။

အလားတူ အကြမ်းဖက်သမားတွေရဲ့လုပ်ဆောင်မှုကြောင့် ရဟန်း/သံဃာ/သီလရှင်များ၊ အစိုးရဝန်ထမ်းများ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ကလေးသူငယ်အပါအဝင် အပြစ်မဲ့အရပ် သား ၃၄၈၃ ဦးသေဆုံးခဲ့ပြီး ၃၀၆၅ ဦး ဒဏ်ရာရရှိကာ ၄၁ ဦး ပျောက်ဆုံးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

“အပြစ်မဲ့စွာ သေဆုံးသူတွေအတွက်များစွာစိတ်မကောင်းဖြစ်ရပါတယ် အကြမ်းဖက်တိုက်ခိုက်သူတွေကိုလည်း ထိရောက်စွာအရေးယူဆောင်ရွက်သွားပါမယ်”ဟု နစက ဥက္ကဋ္ဌမှ ပြောသည်။

အကြမ်းဖက်တိုက်ခိုက်မှုများအနေဖြင့် စစ်ကိုင်းတိုင်းတွင် ၄၀၂၆ ကြိမ်၊ ရန်ကုန် တိုင်းတွင် ၂၄၄၂ ကြိမ်၊ မန္တလေးတိုင်းတွင် ၂၁၉၄ ကြိမ်၊ မကွေးတိုင်းတွင် ၁၃၉၅ ကြိမ်တို့ဖြင့် အများဆုံးဖြစ်ပွားခဲ့သည်ဟု ပြောသည်။

“အဲဒီ ဒေသတွေမှာ မူလအခြေအနေတွေအတိုင်း လုံခြုံမှု၊တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုရှိအောင် ဆက်လက်ဆောင်ရွက်ရမယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

၁၈ လတာ ကာလအတွင်း နိုင်ငံအတွင်းသို့ နည်းမျိုးစုံဖြင့် သွင်းယူခဲ့သည့် လက်နက်များ၊အကြမ်းဖက်များနှင့် ထိတွေ့ပစ်ခတ်မှုများတွင် လက်နက်ခဲယမ်းများလည်း ဖမ်းဆီးရမိခဲ့သည်ဟု ပြောသည်။

“ဖမ်းဆီးရမိခဲ့တဲ့ လက်နက်မျိုးစုံ ၆၃၁၁ လက်၊ ခဲယမ်းမျိုးစုံ ၃၃၅၁၈၄ တောင့်နဲ့လက်ပစ်ဗုံး/မိုင်း ၁၁၇၁၅ လုံးကို သိမ်းဆည်းရမိခဲ့သလို အကြမ်း ဖက်သူ ၆၂၃၆ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်” ဟု နစက ဥက္ကဋ္ဌကပြောသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။