Trending Now

ဘာသာစကားအသစ်နဲ့ မျှော်လင့်ချက်ရှာဖွေနေတဲ့ အိန္ဒိယကလေးငယ်

Spread the love

ဘာသာစကားအသစ်နဲ့ မျှော်လင့်ချက်ရှာဖွေနေတဲ့ အိန္ဒိယကလေးငယ်

EPN
ဘာသာပြန်သတင်းဆောင်းပါး။ စက်တင်ဘာ ၂၂

အသက် ၈ နှစ်အရွယ် ယေရီဖာအစ္စလာမ် ဟာ သူမမိသားစုပိုင်တဲ့ လယ်မြေတွေကို မိုးရာသီမှာ နှစ်မြုပ်သွားစေခဲ့တဲ့ ဒေါသကြီးနေတဲ့ မြစ်တစ်စင်ကို အမှတ်ရနေပါတယ်။ ၂၀၁၉ ခုနှစ် ဇူလိုင်လ ရဲ့ နေ့ တစ်ရက်မှာတော့ ဗြဟ္မပုတ္တရမြစ်ကြီးက အာသံပြည်နယ်အတွင်းက အရာအားလုံးကို ဝါးမျိုသွားခဲ့ပါတော့တယ်။

အိန္ဒယနိုင်ငံ အာသံပြည်နယ် ဒါရန်းခရိုင်အတွင်းမှာရှိတဲ့ သူမရဲ့ နေအိမ်ဟာလည်း မြစ်ရေနဲ့အတူ မျောပါသွားခဲ့ပါတယ်။ ဒီဘေးဆိုးကြီးဟာ သူမနဲ့ သူမရဲ့အစ်ကိုဖြစ်သူ အသက်၁၂ နှစ်အရွယ် ရာဂျူးတို့ကို နေအိမ်ကနေ မိုင်ပေါင်း ၂၀၀၀ နီးပါးအဝေးမှာရှိတဲ့ ဘင်ဂါလူရုမြို့က စာသင်ကျောင်းကို ပို့ဆောင်ပေးခဲ့တဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဘင်ဂါလူရုမြို့က လူတွေ အသုံးပြုတဲ့ ဘာသာစကားဟာ ကလေးငယ်နှစ်ယောက်အတွက်တော့ အစိမ်းသက်သက်ဖြစ်နေခဲ့ပါတယ်။

အခမဲ့အစိုးရပိုင်ကျောင်းတွေမှာ စာသင်ကြားနေတဲ့ အသက် ၁၂ နှစ်အရွယ် ရာဂျုးအတွက် ဘာသာစကား ကွာခြားမှုတွေကြောင့် အစောပိုင်းကာလတွေက ခက်ခဲခဲ့ပြီး တစ်လုံးကိုမျှနားလည်နိုင်ခြင်းမရှိခဲ့ဘူးလို့ ပြောပါတယ်။

ဒါပေမယ့် စာသင်ခန်းထဲမှာရှိနေတာက ရေမြုပ်နေတဲ့ အာသံပြည်နယ်က လမ်းတွေထက် ပိုကောင်းတယ်လို့ သူကထင်ခဲ့တဲ့အတွက် ကျောင်းမှာဆက်နေခဲ့ပါတယ်။ “အစကတော့ ဘာတွေပြောနေလဲ နားမလည်ဘူး နောက်တော့ ဆရာက ကျွန်တော့်ကို ဖြေးဖြေးချင်းရှင်းပြလို့ ကျွန်တော်သင်ယူနိုင်ခဲ့ပါတယ်” လို့ ရာဂျုးက ပြောပါတယ်။

ဒီဇတ်လမ်းဟာ ပိုမိုဆိုးရွားလာတဲ့ ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ကမ္ဘာအဝှမ်းက လူတွေရဲ့ ဘဝကို စူးစမ်းလေ့လာခဲ့တဲ့ ဇတ်လမ်း တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

ကလေးတွေကို ဟိမဝန္တာတောင်တန်းတွေနဲ့ မြစ်ကမ်းစပ်မှာရှိတဲ့ နိမ့်ပါးတဲ့ ရွာလေးမှာ မွေးဖွားခဲ့တာပါ။ အဲဒီဒေသက မိုးသည်းထန်စွာရွာသွန်းခြင်းတွေနဲ့ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ရေကြီးခြင်းတွေက အထူးအဆန်းမဟုတ်ပါဘူး။

ဒါပေမယ့် သူတို့ရဲ့ ဖခင်ဖြစ်သူ အသက် ၃၂ နှစ်အရွယ် ဂျယ်ဒူး နဲ့ အသက် ၂၈ နှစ်အရွယ် မိခင် ပင်ဂျီယ တို့ကတော့ တစ်ခုခုပြောင်းလည်းသွားခဲ့တာကို သတိထားမိခဲ့ပါတယ်။ မိုးရွာသွန်းမှုတွေဟာ အပြောင်းအလည်း မြန်လာသလို ရေကြီးမှုတွေက မကြာခဏဖြစ်ပွားလာပြီး ခန့်မှန်းရခက်လာပါတယ်။

ဒါ့ကြောင့် သူတို့ဟာ အိန္ဒိယရဲ့ ဆီလီကွန်တောင်ကြားလို့ လူသိများတဲ့ ဘင်ဂါလူရုမြို့ကို ပြောင်းရွေ့ဖို့ ဆုံးဖြတ်ခဲ့တဲ့နှစ်မှာပဲ အာသံပြည်နယ်အတွင်းမှာ ရေလွမ်းမိုးမှုတွေ ဖြစ်ပွားခဲ့ပြီး ခန်မှန်းခြေ လူပေါင်း ၂.၆ သန်း ခန့်နဲ့အတူ သူတို့မိသားစုလဲ ရေးလွမ်းမိုးမှုဒဏ်ကို ခံစားခဲ့ရပါတယ်။

သူတို့မိသားစုဟာ ဘယ်သူမှ မွေးရပ်မြေကနေ အဝေးကို မပြောင်းရွေ့ဘူးပေမယ့် သားသမီးတွေရဲ့ ပညာရေး နဲ့ အနာဂတ် ဘဝအတွက် အများကြီးစဉ်စားခဲ့ကြပါတယ်။ သူတို့စုံတွဲဟာ အိန္ဒိယရဲ့ အသုံးအများဆုံး ဟင်ဒီစကားကို အနည်းငယ်ပြောဆိုတတ်တာရယ် အနီးနားက ရွာသားတွေလဲ မြို့မှာ အလုပ်လုပ်နေကြတာကြောင့် ပြောင်းရွေ့ဖို့ လုံလောက်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။

သူတို့မိသားစုဟာ တစ်နေ့နေ့မှာ ပစ္စည်းအသစ်တွေနဲ့ ပြည့်လာမယ့်လို့ မျှော်လင့်ထားတဲ့ ခရီးဆောင်အိပ်ကြီးထဲကို စုဆောင်းနိုင်သမျှထုပ်ပိုးလိုက်ကြပါတယ်။ “ကျွန်မတို့အိမ်က ဘာမှမကျန်တော့ဘူး ကလေးတွေအတွက် အဝတ်အစားအချို့၊ ခြင်ထောင် နဲ့ မျက်နှာသုပ်ပုဝါ နှစ်ထည် အဲ့ဒါအကုန်ပဲ” လို့ မိခင်ဖြစ်သူက ပြောပါတယ်။

အခုတော့ ဒီအိပ်ကြီးထဲမှာ ကျောင်းသုံးလေ့ကျင့်ခန်းစာအုပ်တွေနဲ့ ပြည့်နေပါပြီ။ မိဘဖြစ်သူတွေက ကလေးတွေရဲ့ ပညာရေးနဲ့ အခွင့်အလမ်းအတွက် ကလေးတွေရဲ့ ဘဝက အဓိကကျတယ်လို့ ပြောပါတယ်။ ” ကလေးတွေကို ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို မကြုံတွေ့စေရဘူး” လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

သူတို့ မိုးသည်းထန်စွာရွာသွန်းမှုတွေနဲ့ သဘာဝရေကြီးမှုဒဏ်ကို မကြာခဏခံစားလေ့ရှိတဲ့ မြေနိမ့်ပိုင်း ဒါရန်ခရိုင် ကနေထွက်ပြေးခဲ့ကြပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အဲဒီခရိုင်ဟာ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် အပူချိန်ဟာ မြင့်တက်လာခဲ့ပြီး မုတ်သုံရာသီအပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ နယူဒေလီအခြေစိုက် Think Tank ရဲ့ အဆိုအရ အဲဒီခရိုင်ဟာ ရာသီဥတုဖောက်ပြန်မှုဒဏ်ကို အခံရဆုံးဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ ဘဟာတီ အင်စတီကျု့ရဲ့ အဆိုအရ အဲဒီခရိုင်ဟာ ရေကြီးခြင်းနဲ့ မိုးခေါင်ခြင်းတွေ တစ်ပြိုင်နက် ဖြစ်ပွားလေ့ရှိတယ်လို့ ဆိုပါတယ်။ ဟိမဝန္တာဒေသက သဘာဝရေစနစ်တွေကို လူတွေက နှစ်ပေါင်းများစွာမှီခိုလာခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ ဂေဟစနစ်တွေ ပျက်စီးသွားပြီလို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း အိန္ဒိယနိုင်ငံမှာ ရာသီဥတုဖောက်ပြန်မှုဒဏ်တွေကြောင့် ရွေ့ပြောင်းနေထိုင်ရသူတွေ များလာခဲ့ပါတယ်။ လာမယ့် နှစ်ပေါင်းသုံးဆယ်အတွင်းမှာ ပင်လယ်ရေမြင့်တက်မှု၊ မိုးခေါင်ရေရှားမှုတွေနဲ့ အလွန်ပြင်းထန်တဲ့ အပူချိန်ကြောင့် လူပေါင်း ၁၄၃ သန်းဟာ ဒုက္ခရောက်ဖွယ်ရှိနေတယ်လို့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အဖွဲ့အစည်းတွေက အခုနှစ်အတွင်း သတင်းထုတ်ပြန်ထားပါတယ်။

အိန္ဒိယနိုင်ငံမှာ ရွေ့ပြောင်းနေထိုင်သူ ၁၃၉ သန်းခန့်ရှိမယ်လို့ ခန့်မှန်းထားပေမယ့် တိတိကျကျတော့ မသိရသေးပါဘူး။ ၂၀၅၀ ခုနှစ်မှာ တောင်အာရှရဲ့ ရွေ့ပြောင်းနေထိုင်သူ သန်း ၄၀ နီးပါအတွက် ဘင်ဂါလူရု လိုမြို့တွေဟာ ဦးစားပေးနေရာဖြစ်လာနိုင်တယ်လို့ ၂၀၂၁ ခုနှစ်က ကမ္ဘာ့ဘဏ်အစီအရင်ခံစာက ဖော်ပြထားပါတယ်။

ယေရီဖာအစ္စလာမ် နဲ့ သူမရဲ့ မိသားစုနေထိုင်တဲ့ ဆင်ခြေဖုံးရပ်ကွက်က လူအများစုဟာ အာသံပြည်နယ်က ဖြစ်ကြပြီး သူမတို့ရဲ့ မိသားစုလိုပဲ ရာသီဥတုပြောင်းလဲမှုတွေကြောင့် ပြောင်းရွေ့လာရသူတွေဖြစ်ပါတယ်။ ယူကျု့မှာ နာမည်ကြီးလိုတဲ့ လုံခြုံရေးအစောင့် တစ်ဦး နဲ့ သမီးနှစ်ယောက်ကို သူနာပြုဖြစ်လာဖို့ မျှော်လင့်နေတဲ့ အသက် ၄၇ နှစ်အရွယ် သန့်ရှင်းရေးသမားတစ်ဦးတို့ရဲ့ အာသံပြည်နယ်က အိမ်တွေကလည်း ရေကြီးလို့ မျောပါသွားခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ယေရီဖာအစ္စလာမ် ရဲ့ ဖခင်ဖြစ်သူက ညစောင့်အလုပ်အကိုင်တစ်ခုကို ရရှိခဲ့ပြီး တစ်လကို ဒေါ်လာ ၂၄၀ ရနေသလို သူမရဲ့မိခင်ဖြစ်သူကလည်း ဒေါ်လာ ၂၀၀ ခန့်ရရှိနေတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင် တုန်းက ရရှိခဲ့တဲ့ တစ်လဝင်ငွေ ဒေါ်လာ ၆၀ နဲ့စာရင် အများကြီးရလာတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း အသက် ၁၂ နှစ်အရွယ် ရာဂျုးရဲ့ ကိုယ်ပိုင် ကျောင်းသုံးစာရိတ်က ဝင်ငွေရဲ့ သုံးပုံတစ်ပုံကို အသုံးပြုနေတဲ့အတွက် စုမိဆောင်းမိတယ်လို့ တော့မရှိပါဘူး။ သူတို့ရရှိခဲ့တာက လျှပ်စစ်မီတာပါဝင်တဲ့ သွမ်းမိုးသွပ်ကာထားတဲ့ သူတို့ရဲ့ အိမ်ကလေးကသာ အနာဂါတ်အတွက် အကောင်းဆုံးလို့ ယူဆနေကြပါတယ်။

““ဒီမှာ အလုပ်လုပ်ရတာကို သဘောကျတယ်။ အာသံပြည်နယ်က အိမ်ပြန်ရောက်ရင် အမျိုးသမီးတွေအတွက် အလုပ်မရှိဘူး။ ဒီမှာနေရတာ ဝမ်းသာပါတယ် ” လို့ မိခင်ဖြစ်သူက ပြောပါတယ်။

လောလောဆယ်တော့ ရာဂျုက သူ့ရဲ့ ကျောင်းအသစ်မှာ သင်ကြားနေတဲ့ ရွေ့ပြောင်းကလေးတွေအတွက် အခြေခံဘာသာစကား၊ အင်္ဂလိပ်၊ ဟင်ဒီ နဲ့ သင်္ချာ တွေကို သင်ကြားနေပါတယ်။

“ကျွန်တော် အကြိုက်ဆုံး ဘာသာရပ်က သင်္ချာပါ” လို့ အသက် ၁၂ နှစ်အရွယ် ကလေးက ပြောဆိုခဲ့ပြီး ကျောင်းကို ဘတ်စ်ကားစီးရတဲ့ နေ့စဉ်အချိန်ကို အနှစ်သက်ဆုံးလို့ ဆိုပါတယ်။ “ပြတင်းပေါက်ကနေ ကြည့်ရတာ မြို့နဲ့ အဆောက်အဦကြီးတွေကို မြင်ရတာ ကြိုက်တယ်”

ရှေ့နေဖြစ်လိုတဲ့ အသက် ၈ နှစ်အရွယ် ယေရီဖာအစ္စလာမ် ကလည်း အနီးနားက အစိုးရစာသင်ကျောင်းတစ်ခုမှာ အတန်းဖော်တွေနဲ့ ပျော်ရွင်စွာ ဆော့ကစားရင်း ဘာသာစကားအသစ်တွေကို သူ့အစ်ကိုထက် လျင်လျင်မြန်မြန် ပြောဆိုနိုင်ခဲ့ပါတယ်။

မိဘတွေဖြစ်တဲ့ ဖခင် ဂျယ်ဒူး နဲ့ မိခင် ပင်ဂျီယ တို့ကတော့ နေရာသစ်မှာဖြစ်နေတဲ့ သူတို့ရဲ့ ကလေးတွေကို ကျောင်းအသစ်တွေမှာ ထားရတာ စိတ်မချသေးပါဘူး။ “သူတို့က ငယ်သေးတယ် တစ်ခုခုဖြစ်ရင် ဖြစ်သွားနိုင်တယ်လေ ပြီးတော့ ဒီမှာ ငါတို့က ဘယ်သူ့ကိုမှသိတာမဟုတ်ဘူး ” လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

မိခင်ဖြစ်သူကတော့ အာသံပြည်နယ်မှာရှိတဲ့ သူမရဲ့ မိသားစုတွေကို သတိရလွမ်းဆွတ်တဲ့အခါ ဖုန်းနဲ့ စကားပြောပြီး အာလပ်ရက်မှာ ပြန်ချင်နေပေမယ့် ဖခင်ဖြစ်သူကတော့ အခုနှစ်ရေကြီးမှုကြောင့် ကိုးဦးသေဆုံးခဲ့တဲ့ အာသံပြည်နယ်ကို မပြန်ချင်သေးဘူးလို့ ဆိုပါတယ်။” ကလေးတွေရဲ့ အတန်းပညာရေးမြင့်မားတဲ့အထိ ဒီမှာပဲ နေချင်သေးတယ် တကယ်လို့ ပြန်ဖြစ်မယ်ဆိုရင်တော့ ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်လောက်မှာ ပြန်ဖြစ်ဦးမယ်ထင်တယ်” လို့ ပြောပါတယ်။

ရာဂျုရဲ့ ဖခင်ဖြစ်သူကတော့ နေခင်းတိုင်း သားဖြစ်သူကျောင်းကပြန်လာမယ့် အဝါရောင် ဘတ်စ်ကားတစ်စီးကို လမ်းပေါ်မှာ စိတ်ရှည်စွာနဲ့ စောင့်နေလေ့ရှိပြီး အိမ်အပြန်လမ်းမှာ သားဖြစ်သူရဲ့ ကျောင်းက ဇတ်လမ်းအသစ်တွေကို နားထောင့်လေ့ရှိပါတယ်။

အေပီ
ref; Climate Migration: Indian kids find hope in a new language
photo – AP Photo/Aijaz Rahi

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။