Trending Now

ယူကရိန်းသမ္မတ က “မင်းငါတို့ကို ခြောက်လို့ရမယ်လို့ ထင်နေတုန်းလား” လို့ ရုရှားကိုမေး

Spread the love

ယူကရိန်းသမ္မတ က “မင်းငါတို့ကို ခြောက်လို့ရမယ်လို့ ထင်နေတုန်းလား” လို့ ရုရှားကိုမေး

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၂

ယူကရိန်းနိုင်ငံ ခါကိဗ်ဒေသက ရုရှားတပ်တွေကို အဓိက ခံတပ်တွေကနေ မောင်းထုတ်ပြီး တစ်ရက်အကြာမှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်ဇကီက ရုရှားကို “မင်းငါတို့ကို ခြောက်လို့ရမယ်လို့ ထင်နေတုန်းလား” လို့ မေးလိုက်ပါတယ်။

ယူကရိန်းသမ္မတက ရုရှားဟာ ယူကရိန်းပြည်သူတွေရဲ့ စွမ်းအင်၊ အလင်းရောင် နဲ့ အစားအစာတွေကို ပြတ်လပ်အောင်လုပ်နေပေမယ့် ယူကရိန်းကိုတော့ အနိုင်ယူနိုင်မှာ မဟုတ်ဘူးလို့ သူရဲ့ တယ်လီဂရမ်ကနေ ဒီနေ့ စက်တင်ဘာ ၁၂ ရက်နေ့မှာ ဖော်ပြခဲ့တာပါ။

“ငါတို့က တစ်ယောက်ထဲရှိတယ်လို့ မင်းထင်နေတာလား၊ မင်းတို့ကို ငါတို့က ကြောက်နေတယ်လို့ရော ထင်နေတုန်းလား၊ မင်းဘာမှနားမလည်ပါဘူး၊ ငါတို့ဘယ်သူတွေလဲဆိုတာ မင်းမသိဘူး၊ ငါတို့ဘယ်လို ခံယူတယ်ဆိုတာ မင်းကို ပြောပြမယ် ဂက်စ်၊ ရေ နဲ့ အစားအစာတွေ မရှိတော့ရင်တောင် မင်းကို ငါတို့လက်ခံမှာ မဟုတ်ဘူး အအေးမိတာ၊ ဆာလောင်တာ၊ မှောင်မိုက်တာတွေက မင်းတို့လောက် ငါတို့အတွက် ကြောက်စရာမကောင်းဘူး ” လို့ ဇလန်ဇကီက ရုရှားသမ္မတကို ရည်ရွယ်ပြီး ပြောဆိုလိုက်ပါတယ်။

ယူကရိန်း စစ်တပ်ရဲ့ ခါကိဗ်ထိုးစစ်ဟာ စစ်ပွဲစတင်ပြီးနောက်ပိုင်း ရုရှားတပ်တွေ အတွက်အဆိုးရွားဆုံး ရှုံးနိမ့်မှုဖြစ်ပြီး ယူကရိန်းတပ်တွေက ရုရှားတပ်တွေကို လိုက်လံတိုက်ခိုက်နေတာကြောင့် ရုရှားနယ်စပ်နဲ့ ကီလိုမီတာ ၅၀ သာဝေးတော့တယ်လို့ ဆိုပါတယ်။

ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကို စက်တင်ဘာလ အစောပိုင်းတွင် စတင်ခဲ့ပြီးနောက် ယူူကရိန်းတပ်တွေက စတုရန်း ကီလိုမီတာ ၃၀၀၀ ခန့်ကျယ်ဝန်းတဲ့ ဒေသတွေကို ပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ ယူကရိန်း ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဇလူဇင်နီက ကြေညာခဲ့ပါတယ်။

ခါကိဗ် အုပ်ချုပ်ရေးမှူး အိုလက် ဆိုင်နီဟူဘော့က ယူကရိန်းတပ်တွေဟာ ခါကိဗ် ဒေသအတွင်းမှာရှိတဲ့ မြို့ နဲ့ ရွာ ၄၀ ကျော်ကို ပြန်လည်သိမ်းယူခဲ့တယ်လို့ ပြောဆိုခဲ့ပြီး စစ်ဆင်ရေးမပြီးဆုံးသေတာကြောင့် အတိအကျတော့ ပြောဆိုနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ ယူကရိန်းတပ်တွေက နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းဒေသတွေမှာ တန်ပြန်ထိုးစစ်ကို အောင်မြင်စွာဆင်နွဲနေပြီး ခါကိဗ်တန်ပြန်ထိုးစစ်က ရုရှားတပ်တွေဟာ အငိုက်မိသွားစေခဲ့ပါတယ်။

— ကိုးကား —
theguardian
ref; Do you still think that you can scare us?’ Zelenskiy asks Russia

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။