Trending Now

ပွဲစားကို တစ်ဦးလျှင် ငွေကျပ်(၃၄)သိန်းပေး၍ ရန်ကုန်သို့ ခိုးဝင်ရန်လာ သည့် ဘင်္ဂလီ(၆)ဦး မကွေးတိုင်း၌ ဖမ်းမိ

Spread the love

ပွဲစားကို တစ်ဦးလျှင် ငွေကျပ်(၃၄)သိန်းပေး၍ ရန်ကုန်သို့ ခိုးဝင်ရန်လာ သည့် ဘင်္ဂလီ(၆)ဦး မကွေးတိုင်း၌ ဖမ်းမိ
 

EPN
မကွေး၊ မတ် – ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူး-ပဒါန်းသွားကားလမ်းမိုင်တိုင်(၁၈/၃)နှင့်(၁၈/၄)ကြားတွင် ဘင်္ဂလီကျား (၅) ဦး နှင့် မ(၁)ဦး စုစုပေါင်း (၆) ဦးကို မတ်လ ၂၁ ရက် နံနက် ၅ နာရီ ၄၅ မိနစ်အချိန်က ဖမ်းဆီးရမိခဲ့သည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ အမ်းတောင်ခြေသို့ မတ်လ ၂ ရက် နံနက် (၂) ရက်ကြာ ခရီးဆက်လာ ပြီး အမ်းတောင်ပေါ်တောလမ်းမှ မင်းဘူး- ပဒါန်းကားလမ်းသို့ (၁၇) ရက်ကြာ ခြေလျင်ခရီးဆက်လာခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းတို့ကထွက်ချက်ပေးခဲ့ကြသည်။

မတ်လ ၂၁ ရက် နံနက် ၄ နာရီခွဲအချိန်တွင် ပဒါန်းဘက်မှ မင်းဘူးဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် ယာဉ်တစ်စီးတား၍ လိုက်ပါလာခဲ့ကြကြောင်း၊ လက်ရှိဖမ်းဆီးခံခဲ့သည့်နေရာသည့် ၎င်းခရီးသည်တင်ယာဉ်က ရန်ကုန်အဝင် ရောက်ပြီပြော၍ ချထားခဲ့၍ ၎င်းလမ်းဘေး ခရီးဆက်ရန် ခက်ခဲနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ် ကြောင်း ထွက်ချက်ပေးခဲ့ကြသည်။

ကျောက်တော်မြို့မှ ရန်ကုန်မြို့သို့အရောက် တစ်ဦးလျှင် (၃၄) သိန်းနှုန်းဖြင့် ပွဲစားထံငွေချေခဲ့ပြီးဖြစ်ကြောင်း သိရပြီး စကုနယ်မြေရဲစခန်းတွင် ၎င်းတို့အားဆက်လက်စစ်ဆေး၍ မြန်မာနိုင်ငံတွင်း နေထိုင်ကြသူများ အက် ဥပဒေဖြင့်အရေးယူနိုင်ရန်စီစဉ်ဆောင်ရွက်လျှက်ရှိနေကြောင်းသိရသည်။

သက်နောင်(မင်းလှ)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။