Trending Now

ညောင်ပင်ကြီး ရဲကင်းစခန်းက စျေးဝယ်ထွက်လာတဲ့ ရဲ ၄ ဦး လမ်းမှာ ပစ်သတ်ခံရ

Spread the love

ညောင်ပင်ကြီး ရဲကင်းစခန်းက စျေးဝယ်ထွက်လာတဲ့ ရဲ ၄ ဦး လမ်းမှာ ပစ်သတ်ခံရ

EPN
ဆားလင်းကြီး ၊ အောက်တိုဘာ ၊ ၄

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ ညောင်ပင်ကြီးကျေးရွာ ၊ ညောင်ပင်ကြီးရဲကင်းစခန်းမှာ တာဝန်ကျနေတဲ့ ရဲ ၄ ဦးဟာ မနေ့ အောက်တိုဘာ ၃ ရက် ၊ နေ့လည်ပိုင်းက စျေးဝယ်ထွက်လာတဲ့အချိန် လမ်းမှာ ပစ်သတ်ခံရတယ်လို့ ညောင်ပင်ကြီးရွာခံတွေဆီက သိရပါတယ်။

” ဆားလင်းကြီးနဲ့ ညောင်ပင်ကြီး လမ်းပေါ်မှာ စျေးဝယ်လာတဲ့ ရဲ ၄ ယောက်ကို အိမ်စီးကားပေါ်ကနေ ပစ်သတ်သွားတာ ” လို့ မျက်မြင်တွေ့လိုက်ရသူ ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူ တယောက်က ” ညောင်ပင်ကြီး ရဲကင်းစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲ ဒုတပ်ကြပ် ညီညီထွေး ၊ ရဲဒုတပ်ကြပ် စည်သူစိုး ၊ ရဲတပ်သား အောင်ဆန်းဝင်း နဲ့ ရဲတပ်သား ဇင်ကိုဖြိုးတို့ ၄ ယောက်ဟာ စျေးဝယ်ရင်း လမ်းမှာ ပစ်သတ်ခံရတာပါ ၊ သူတို့ကိုင်ဆောင်သွားတဲ့ သေနတ်တွေပါ ယူသွားခံရတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်မနက်ပိုင်းကလည်း ဆားလင်းကြီးမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲ ၄ ဦးဟာ အခုလို စျေးဝယ်သွားရင်း လမ်းမှာ ပစ်သတ်ခံရပြီး သေနတ် ၄ လက်ပါသွားခဲ့ ဖူးပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက် မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ ညောင်ဖြူပင် ရဲကင်းစခန်းက ရဲတပ်ကြပ်ကြီး သန်းဟန် အပါအဝင် ရဲ ၂ ဦးဟာ တာရိုးစျေးမှာ စျေးဝယ်နေတဲ့အချိန် အခုလို ပစ်သတ်ခံရတာ ဖြစ်ပွားခဲ့ပါသေးတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။