Trending Now

ဗန်းမောက်မြို့နယ်၌ ကိုယ့်အားကိုယ်ကိုးတည်ဆောက်ခဲ့သော ဇွဲမာန်အောင်တောင်ချောင်း ချောင်းကူး ဘေလီတံတားပြီးစီး

Spread the love

ဗန်းမောက်မြို့နယ်၌ ကိုယ့်အားကိုယ်ကိုးတည်ဆောက်ခဲ့သော ဇွဲမာန်အောင်တောင်ချောင်း ချောင်းကူး ဘေလီတံတားပြီးစီး

ဗန်းမောက် ၊ ဇွန် ၅

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်(တောင်ပိုင်း)စီးမော်အုပ်စု ပန်းတင်ကျေး ရွာ နှင့်ညောင်ပင်သာကျေးရွာတို့ကိုဆက်သွယ်၍ ကိုယ့်အားကိုယ်ကိုးတည်ဆောက်ခဲ့သော တောင်ချောင်း ချောင်းကူးဘေလီတံတားမှာယခုအခါ တည်ဆောက်ပြီးစီးသွားပြီဖြစ်၍ မေလ၂၇ရက်နေ့က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခဲ့သည့် တောင်ချောင်း ချောင်းကူးဘေလီတံတားမှာ ကမ်းကပ်ခုံနှစ်ခုံ၊ရေလယ်တိုင်သုံးတိုင်၊အရှည်(၂၀၀)ပေ၊အကျယ်(၁၄)ပေနှင့်အမြင့်(၁၅)ပေရှိဘေလီသံဘောင်ချောင်းကူးတံတားဖြစ်ကာ စီးမော်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများ၏ ထည့်ဝင်ငွေ ကျပ်သိန်(၆၀၀)ကျော်၊လုပ်အားဒါနများနှင့်”ထာဝရ”ရွှေသတ္တုတူးဖေါ်ရေးကုမ္ပဏီမှ ကမ်းကပ်ခုံနှစ်ခုံ၊ရေလယ်တိုင်သုံးတိုင်နှင့်စက်ယန္တာယားများ ကူညီပေးပြီး တာဝန်ခံ အင်ဂျင်နီယာ ဦးညိုကြီးက၂၈-၂-၂၀၁၉ခုနှစ်မှစ၍ တည်ဆောက်ခဲ့သော်လည်း ငွေကြေး အခက်အခဲများ၊ နည်းပညာ အခက်အခဲများကြောင့် ကျန့်ကြာမူရှိခဲ့ရာမှ ယခုအခါ၌ ရာနူန်းပြည့်တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

“ဒီတံတားကို ကျွန်တော်တို့အုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာလူထုရဲ့ ထည့်ဝင်ငွေ၊ လုပ်အားဒါနနဲ့ ထာဝရကုမ္ပဏီက ကမ်းကပ်ခုံအပါအဝင် တိုင်ငါးတိုင်နဲ့ ဘက်ဟိုးစက်ယန္တရားများ အကူအညီပေးပြီးတော့၂၀၁၉-ခုနှစ်(၂)လပိုင်ကစပြီး ကိုယ့်အားကိုယ်ကိုးတည်ဆောက်ခဲ့တာပါ ကျေးရွားသူကျေးရွာသားအလှူရှင်များနဲ့ ရွှေသတ္တုတူးဖေါ်ရေးကုမ္ပဏီက အလှူရှင်များကိုလည်း သဒ္ဒါတတ်စွမ်းသမျှတံတားပြီးမြှောက်အောင်မြင်အောင်ကူညီလှူဒါန်းပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်”ဟုတံတားဖြစ်မြှောက်ရေးကော်မတီအဖွဲ့ဥက္ကဌ ဦးကျော်တင့်မှပြောသည်။

ယခုအခါတွင်အဆိုပါကိုယ့်အားကိုယ်ကိုးတည်ဆောက်ခဲ့သောဇွဲမာန်အောင်တောင်ချောင်း ချောင်းကူးဘေလီတံတားကြီးပြီးစီးခဲ့ပြီဖြစ်၍ဒေသခံပြည်သူများတစ်ရွာနှင့်တစ်ရွာကူးသန်သွားလာရေးသာမကဗန်းမောက်မြို့၊အင်းတော်မြို့နယ်နှင့်ဝန်းသိုမြို့နယ်များသို့စီးပွားရေး၊လူမူရေး၊ပညာရေး၊ကျန်းမာရေးနှင့်ကုန်ကူးသန်းရောင်းဝယ်ရေးတို့တွင်အခက်အခဲမရှိဘဲအချိန်တိုအတွင်းသွားလာရေးလွယ်ကူချောမွေ့လာတော့မည်ဖြစ်ကြောင်းဒေသခံများထံမှသိရသည်။

လိူင်ဘွား

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။