Trending Now

မျိုးရိုးဗီဇပြောင်းလဲမှု ၃၅ ခုကျော်သယ်ဆောင်ထားတဲ့ ကိုဗစ်မျိုးကွဲအသစ်ကို ကနေဒါနိုင်ငံမှာ ပထမဆုံးအကြိမ်တွေ့ရှိ

Spread the love

မျိုးရိုးဗီဇပြောင်းလဲမှု ၃၅ ခုကျော်သယ်ဆောင်ထားတဲ့ ကိုဗစ်မျိုးကွဲအသစ်ကို ကနေဒါနိုင်ငံမှာ ပထမဆုံးအကြိမ်တွေ့ရှိ

EPN
နိုင်ငံတကာ၊ သြဂုတ် ၃၀

မျိုးရိုးဗီဇပြောင်းလဲမှု ၃၅ ခုကျော်ရှိတဲ့ အိုမီခရွန်မျိုးကွဲ အသစ် BA.2.86 ကို နိုင်ငံရပ်ခြားကိုမသွားလာဘူးတဲ့ အမျိုးသားတစ်ဦးထံကနေ ပထမဆုံးအကြိမ်တွေ့ရှိခဲ့တယ်လို့ ကနေဒါကျန်းမာရေးအာဏာပိုင်တွေက အင်္ဂါနေ့က ပြောပါတယ်။

တစ်ခြားမျိုးကွဲတွေနဲ့ မတူတာက BA.2.86 မျိုးကွဲဟာ အရင်က ကိုဗစ်ရောဂါဖြစ်ပွားဖူးသူတွေနဲ့ ကြိုတင်ကာကွယ်ဆေးထိုးနှံထားသူတွေမှာ ကူးစက်မှုပိုမိုဖြစ်ပွားနိုင်တယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာတွေက ပြီးခဲ့တဲ့အပတ်က ပြောကြားခဲ့ပါတယ်။

BA.2.86 မျိုးကွဲအသစ်ကို ပြီးခဲ့တဲ့လအတွင်းက ဒိန်းမတ်နိုင်ငံမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး XBB.1.5 နဲ့ နှိုင်းယှဉ်ပါက ဗီဇပြောင်းလဲမှု ၃၅ ခုကျော်ကို သယ်ဆောင်ထားတယ်လို့ သိရပါတယ်။

အမေရိကန်၊ ဆွစ်ဇာလန်နဲ့ အစ္စရေးနိုင်ငံတို့မှာလည်း BA.2.86 မျိုးကွဲသစ် ရောဂါဖြစ်ပွားမှုကို မှတ်တမ်းတင်ထားတယ်လို့ သိရပါတယ်။

BA.2.86 ကို စောင့်ကြည့်ဖို့ အရေးကြီးပေမယ့် ကမ္ဘာ့တစ်ဝှမ်းမှာ ကာကွယ်ဆေးထိုးနှံခြင်း၊ ကြိုတင်ကူးစက်မှုကာကွယ်ခြင်းတွေကြောင့် ပြင်းထန်တဲ့ ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုလှိုင်းတွေ ဖြစ်နိုင်ဖွယ်မရှိဘူးလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

Ref; reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။