Trending Now

အပျက်သဘောမဆောင်ဘဲ အပြုသဘောဆောင်ကြဖို့ အရေးကြီးသည်

Spread the love

အပျက်သဘောမဆောင်ဘဲ အပြုသဘောဆောင်ကြဖို့ အရေးကြီးသည် 
EPN Editorial
အယ်ဒီတာ့အာဘော်၊ စက်တင်ဘာ ၁
ပြီးခဲ့သော ဇူလိုင်လပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် နိုင်ငံတကာမှ ဘာသာရေးခေါင်း ဆောင်များနှင့် တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံမှ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆန်ဆွမ်လည်း သွားရောက်တွေ့ဆုံခဲ့သည်။ 
ယင်းတွေ့ဆုံမှုတွင် ကချင်ပြည်နယ် အတွင်း တိုက်ပွဲများဖြစ်နေပြီး မြန်မာစစ်တပ်မှ ခရစ်ယာန်များကို နှိပ်စက်ညှင်းပမ်းမှုများရှိနေကြောင်းကို ပြောကြားခဲ့သည်။ ယင်းပြောဆိုမှုကို World News Now Facebook Page မှာ ဖေါ်ပြခဲ့ပြီး ရက်အနည်းငယ်အကြာမှာ တော့ မြန်မာပြည်သူများအကြား ရေပန်းစားနေခဲ့သည်။ 
ထို့နောက် ယခုလ သြဂုတ်လမှာပင် မြစ်ကြီး နားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးတစ်ဦးက ယင်းပြောဆိုမှုများသည် တပ်မတော်ကို ပြည်သူများက မုန်းထားအောင်၊ မလေးစားအောင်၊ မေတ္တာပျက်အောင် မဟုတ်မမှန် ပြောဆိုခဲ့သည်ဟုဆိုကာ တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သည်။ 
ယခု ဒေါက်တာခလမ်ဆန်ဆွမ်ကို ဥပဒေအရအရေးယူပေးရန် လျှောက်ထားမှုကြောင့်လည်း ကချင်လူ ထုကြားမှ တပ်မတော်ကို ပိုပို၍ မုန်းတီးပြောဆိုသည့်အပြင် ဆိုရှယ်မီဒီယာပေါ်များတွင် တွင်တွင်ကျယ် ကျယ်ရေးသားဝေဖန်ကြသည်။ သို့သော် တပ်မတော်ဘက်မှ မိမိတို့ကို မုန်းထားအောင်ပြောဆိုသည်ဟု ယုံကြည်မှုရှိရှိ ဥပဒေဘောင်အ တွင်းမှ ရင်ဆိုင်ဖြေရှင်းလိုသောကြောင့် ယခုကဲ့သို့ တရားရုံးသို့ လျှောက်ထားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ယခုကဲ့သို့ ဥပဒေအရ ဖြေရှင်းခြင်းနည်းလမ်းသည်လည်း ပြုပြင်ပြောင်းလဲလာမှု အရွေ့ပင်ဖြစ်သည်။ 
မည်သို့ပင်ဆိုစေ ဖြစ်လာသည့် အကြောင်းကံတရားများကို တရားဥပဒေဘောင်အတွင်း ရင်ဆိုင်ဖြေရှင်း မည်ဟု ယုံကြည်သည် ဤသည်မှာလည်း နိုင်ငံသားတိုင်း ဖြေရှင်းသင့်ဖြေရှင်းထိုက်သော နည်းလမ်း ပင်ဖြစ်သည်။ 
ဤနေရာမှာ ဆိုရှယ်မီဒီယာပေါ်မှာ လူအမျိုးမျိုး၊ အမြင်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးရေးသား ဝေဖန်ကြသည့်အတွက် ယင်း လော်ဘီကဲ့သို့သော ရေးသားလှုံ့ဆော်မှုများကို နားမယောင်ဘဲ မိမိရဲ့ ကိုယ်ပိုင်တွေးခေါ်ဆုံးဖြတ်ကြရန် လိုအပ်သည်။ ထို့ကြောင့် လာမည့် စက်တင်ဘာလ ၉ ရက်နေ့မှာ မြစ်ကြီးနားမြို့နယ်တရားရုံးမှာ စစ်ဆေးဖို့ ချိန်းဆို ထားသည်။ မည်သည့်ဘက်ကို သာစေ၊ နာစေလို၍ ပြောဆိုခြင်းမဟုတ်ဘဲ တရားဥပဒေဘောင်အတွင်း မှာ မှန်မှန်ကန်ကန် ဖြေရှင်းကြရန် လိုအပ်သည်။
လူထုအနေဖြင့်လည်း ဤသို့သော ကိစ္စရပ်များပေါ်လာခဲ့လာလျှင်လည်း ကျိုးကြောင်း စုံလင်စွာ တွေးခေါ်ပြောဆို ရေးသားဝေဖန်ကြဖို့ လိုပေသည်။ သို့မဟုတ်လျှင် ပြဿနာသည် သေးငယ်သည့်အရာ ကနေ မလိုအပ်ဘဲ ကြီးထွားလာနိုင်သည်။ ထို့ကြောင့် အပျက်သဘောမဆောင်ဘဲ အပြုသဘောဆောင် သည့် ဘက်ကို ရပ်တည်နေနိုင်ဖို့ အရေးကြီးကြောင်း သတိချပ်စေလိုရင်းဖြစ်သည်။ 
အယ်ဒီတာ
ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်
Eternally Peace News Network (EPN)

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။