Trending Now

ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ လစာဝင်ငွေများ လွှဲပြောင်းသည့် ပမာဏအပေါ် နိုင်ငံတော်က ထပ်ဆောင်းပံ့ပိုးငွေများ ထောက်ပံ့မည်

Spread the love

ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ လစာဝင်ငွေများ လွှဲပြောင်းသည့် ပမာဏအပေါ် နိုင်ငံတော်က ထပ်ဆောင်းပံ့ပိုးငွေများ ထောက်ပံ့မည်

EPN
မြစ်ကြီးနား၊ နိုင်ဝင်ဘာ ၁

ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ လစာဝင်ငွေများ လွှဲပြောင်းသည့် ပမာဏအပေါ် နိုင်ငံတော်က ထပ်ဆောင်းပံ့ပိုးငွေများကို နိုဝင်ဘာလ ၁ ရက်နေ့မှစတင်ကာ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့နံနက် သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားသုံးငွေဖြင့်ရရှိသော လုပ်ခ/လစာဝင်ငွေများကို ပြည်ပမှ ပြည်တွင်းသို့ နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များမှတစ်ဆင့် လွှဲပို့ခြင်းအတွက် အမေရိကန်တစ်ဒေါ်လာ (ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေ) အပေါ်တွင် ၃၀ ကျပ်အားနိုင်ငံတော်က အပိုဆောင်းငွေအဖြစ် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းသို့ ထောက်ပံရခြင်းမှာ နိုင်ငံတော်အတွက် နိုင်ငံခြားငွေများကို တစ်ဖက်တစ်လမ်းက ရှာဖွေပေးလျက်ရှိသည့် ပြည်ပရောက်မြန်မာနိုင်ငံသားများအား နိုင်ငံတော်က ချီးမြှောက်သောအားဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။