Trending Now

ဂင်းနစ်ကမ္ဘာ့စံချိန်ကို ချိုးဖျက်လိုက်တဲ့ မင်္ဂလာဝတ်စုံ

Spread the love

ဂင်းနစ်ကမ္ဘာ့စံချိန်ကို ချိုးဖျက်လိုက်တဲ့ မင်္ဂလာဝတ်စုံ

EPN
မေ ၁၅

သလင်းကျောက်ပေါင်း ငါးသောင်း ကျော်နဲ့ အလှဆင်ထားတဲ့ သတို့သမီးဝတ်စုံတစ်ခုဟာ ကမ္ဘာ့ဂင်းနစ်ကမ္ဘာ့စံချိန်ကို ချိုးဖျက်လိုက်ပါတယ်။

ဒီမင်္ဂလာဝတ်စုံကို ဇိမ်ခံသတို့သမီးဖက်ရှင်အမှတ်တံဆိပ် Michela Ferriero က ပြုလုပ်ခဲ့တာဖြစ်ပြီး သလင်းကျောက် အလုံးရေ ၅၀,၈၉၀ နဲ့ ပုံဖော်ထားတာဖြစ်ပါတယ်။

နာရီပေါင်း ၂၀၀ ကျော်ပြုလုပ်ခဲ့ရတဲ့ ဒီဝတ်စုံကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၄ ရက်နေ့က အီတလီနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဖက်ရှင်ရှိုးပွဲတစ်ခုမှာ ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။

ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းမှာလည်း မော်ဒယ် Marche Gelany Cav-alcante ဝတ်ဆင်ခဲ့တဲ့ ဒီသတို့သမီးဝတ်စုံ ဗီဒီယိုဖိုင်ကို မျှဝေခဲ့ပါတယ်။

ယခင်စံချိန်ကို တူရကီနိုင်ငံက သတိုးသမီးဝတ်စုံဆိုင်တစ်ခုက သလင်းကျောက်ပေါင်း ၄၅,၀၂၄ နဲ့ပြုလုပ်ခဲ့ပြီး အစ္စတန်ဘူလ်မြို့မှာ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ပြသခဲ့တာဖြစ်ပါတယ်။

Ref; IPE

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။