Trending Now

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်ကို အဂတိအမှုငါးမှုအတွက် စွဲချက်တင် အမိန့်ချမှတ်

Spread the love

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်ကို အဂတိအမှုငါးမှုအတွက် စွဲချက်တင် အမိန့်ချမှတ်

EPN

မြစ်ကြီးနား၊ မတ် ၉

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်ကို အဂတိအမှုငါးမှုအတွက် မန္တလေး နန်းတွင်းအထူးတရားရုံးက စွဲချက်တင် အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနှင့်နီးစပ်တဲ့ အသိုင်းအဝိုင်းထံမှ သိရပါတယ်။

အဂတိတိုက်ဖျက်ရေးကော်မရှင် မှတရားလိုပြုလုပ်ကာ အဂတိတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ တိုင်ကြားထားတဲ့ အမှု ၅ မှုအတွက် ဒေါက်တာဇော်မြင့်မောင်ကို ယမန်နေ့က စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ အမိန့်ချမှတ်လိုက်တဲ့ အမှု ၅ မှုဟာ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်ရဲ့ ထွက်ဆိုချက်နဲ့ ပတ်သက်ပြီး အဂတိအမှုနှစ်မှု၊ NLD ရုံးတည်ဆောက်ခဲ့တာနဲ့ ပတ်သက်လို့ အဂတိနှစ်မှု၊ အခြားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးထံမှ တံစိုးလက်ဆောင်ရယူခဲ့ခြင်းနဲ့ ပတ်သက်လို့ အဂတိတစ်မှု၊ စုစုပေါင်းအဂတိ ၅ မှုကို စွဲချက်တင် အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

အဂတိအမှုတစ်မှုကို ထောင်ဒဏ် ၁၅ နှစ်အထိ ချလို့ရတာကြောင့် အဂတိမှုငါးမှုအတွက် ဒေါက်တာဇော်မြင့်မောင်ကို စုစုပေါင်းထောင်ဒဏ် အနှစ် ၇၀ ကျော်အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဒေါက်တာဇော်မြင့်မောင်ကို သဘာဝဘေးအမှု ၂ မှုဖြင့် ထောင်ဒဏ် ၂ နှစ်၊ ဆူပူလှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ) အမှုဖြင့် ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်းထောင်ဒဏ် လေးနှစ်ချမှတ်ခံထားရပါတယ်။

အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာဇော်မြင့်အောင်ဟာ အဂတိလိုက်စားမှု ငါးမှု၊ ရွေးကောက်ပွဲ မသမာမှု ၂ မှု၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅ (ခ)နဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၂၅) စုစုပေါင်း အမှု ၉ မှုဖြင့် တရာစွဲးဆိုခံထားရသူ တစ်ဦးဖြစ်ပါတယ်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။